တော်လှန်ရေးအဆုံးသတ် အောင်ပန်းဆွတ်ကာနီးပြီလော

မန်းလေးမြို့မှဧရာဝတီ မြစ်ကြောင်းအထက်ပိုင်းကို စစ်သင်းဘောများဆန်တက်လာခြင်းသည် ရေကြောင်းသမိုင်းတလျှောက်ဖြစ်ခဲပါသည်။ မကြားဖူးပါ။ စစ်တပ်ဟာနွေဦးတော်လှန်ရေးအရွေ့ကို မြန်ဆန်စာအဆုံးသတ်လက်ဦးမူရယူမည့်ပုံပါ။ တော်လှန်ရေးတွင်တက်ကြွဟန်ရှိသော KIO/KIA ကိုဖိအားပေးနှိပ်ကွပ်လိုက်နိူင်လျှင် တော်လှန်ရေးဦးကျိုးသွားမည်ဟုတွက်ဆပုံပါ။

ကိုဗစ်ကပ်ဘေးကြားထဲမှပင် စစ်တပ်သည်တနိူင်ငံလုံးကိုမြန်မြန်ဆန်ဆန် ငြိမ်ဝပ်ပိပြားစေလိုဟန်ရှိသည်။ စစ်သင်းဘောများထုတ်သုံးလာခြင်းသည် လက်နက်ခဲယမ်းများကိုလုံခြုံစွာနှင့် အမြန်ဆးသယ်ယူနိူင်သောကြောင့်ဖြစ်ပေလိမ့်မည။ မိုးတွင်းကာလ ရေကြောင်းသည်ကျယ်ပြန့်လွန်းရာ KIA ၏ ပစ်ခတ်ဟန့်တားမူများသည်လည်းထိရောက်ခြင်းမရပါ။ စစ်တပ်သည် ကချင်ဒေသတွင် တင့်ကားများထုတ်သုံးလာနိူင်ဖွယ်ရှိပြီး ပစ်မှတ်မှာ KIO/KIA ၏အဓိက ကျသောတပ်မဟာတပ်စခန်းများဖြစ်နိူင်သည်။

စစ်တပ်သည်၎င်း၏ပစ်မှတ်များဆီသို့ တင့်ကားများ လက်နက်ကြီးပစ်ကူများနှင့်အတူ ခြေလျင်ထိုးစစ်ဆင်ပြီး KIA တပ်မဟာတိုင်း၏လှုပ်ရှားလာမူများကို လေကြောင်းပစ်ကူဖြင့်ထိန်းထားမည်ဟုခန့်မှန်းရသည်။ တဖက်တွင် KIO/KIA သည်လည်း လွယ်လင့်တကူဆုတ်ခွာပေးမည့်ပုံမရှိပါ။ပြင်းပြင်းထန်ထန် ခုခံကာကွယ်မည့်အနေအထားတွင်ရှိသည်။ NUG ၏ D day ဟုခေါ်ချင်ပုံရသော တနိူင်ငံလုံး၏ထကြွတော်လှန်မူမျိုးမဖြစ်မှီ စစ်တပ်သည် KIO/KIA ကိုဦးချိုးလိုက်ချင်ပုံရှိသည်။

KIO/KIA ကိုဦးချိုးလိုက်လျှင်မြေပြင်တွင် လက်တွေ့ဆနသော စစ်တပ်နှင့် ထိပ်တိုက်တွေ့မူများမရှိနိူင်တော့ဟု တွက်ချက်ထားပုံပါ။ စစ်တပ်၏အယူအဆသည် မှန်သည်မမှန်သည်ဆိုရာထက် ခြေလှမ်းသွက်နေသည်ကအမှန်ပင်ဖြစ်သည်။ တနိူင်ငံလုံးရှိ ပြည်သူများ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ
ဒီမိုကရေစီအင်အားစုကြီးများ CRPH NUG ဘာလဲဘယ်လဲ ဆန်းစစ်ရပေတော့မည်။ KIO/KIAကမူသေချာပေါက် ခုခံပါလိမ့်မည်။

Credit – Origi Writer

Zawgyi

မန္းေလးၿမိဳ႕မွဧရာဝတီ ျမစ္ေၾကာင္းအထက္ပိုင္းကို စစ္သင္းေဘာမ်ားဆန္တက္လာျခင္းသည္ ေရေၾကာင္းသမိုင္းတေလွ်ာက္ျဖစ္ခဲပါသည္။ မၾကားဖူးပါ။ စစ္တပ္ဟာေႏြဦးေတာ္လွန္ေရးအေ႐ြ႕ကို ျမန္ဆန္စာအဆုံးသတ္လက္ဦးမူရယူမည့္ပုံပါ။ ေတာ္လွန္ေရးတြင္တက္ႂကြဟန္ရွိေသာ KIO/KIA ကိုဖိအားေပးႏွိပ္ကြပ္လိုက္ႏိူင္လွ်င္ ေတာ္လွန္ေရးဦးက်ိဳးသြားမည္ဟုတြက္ဆပုံပါ။

ကိုဗစ္ကပ္ေဘးၾကားထဲမွပင္ စစ္တပ္သည္တႏိူင္ငံလုံးကိုျမန္ျမန္ဆန္ဆန္ ၿငိမ္ဝပ္ပိျပားေစလိုဟန္ရွိသည္။ စစ္သင္းေဘာမ်ားထုတ္သုံးလာျခင္းသည္ လက္နက္ခဲယမ္းမ်ားကိုလုံၿခဳံစြာႏွင့္ အျမန္ဆးသယ္ယူႏိူင္ေသာေၾကာင့္ျဖစ္ေပလိမ့္မည။ မိုးတြင္းကာလ ေရေၾကာင္းသည္က်ယ္ျပန႔္လြန္းရာ KIA ၏ ပစ္ခတ္ဟန႔္တားမူမ်ားသည္လည္းထိေရာက္ျခင္းမရပါ။ စစ္တပ္သည္ ကခ်င္ေဒသတြင္ တင့္ကားမ်ားထုတ္သုံးလာႏိူင္ဖြယ္ရွိၿပီး ပစ္မွတ္မွာ KIO/KIA ၏အဓိက က်ေသာတပ္မဟာတပ္စခန္းမ်ားျဖစ္ႏိူင္သည္။

စစ္တပ္သည္၎၏ပစ္မွတ္မ်ားဆီသို႔ တင့္ကားမ်ား လက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူ ေျခလ်င္ထိုးစစ္ဆင္ၿပီး KIA တပ္မဟာတိုင္း၏လႈပ္ရွားလာမူမ်ားကို ေလေၾကာင္းပစ္ကူျဖင့္ထိန္းထားမည္ဟုခန႔္မွန္းရသည္။ တဖက္တြင္ KIO/KIA သည္လည္း လြယ္လင့္တကူဆုတ္ခြာေပးမည့္ပုံမရွိပါ။ျပင္းျပင္းထန္ထန္ ခုခံကာကြယ္မည့္အေနအထားတြင္ရွိသည္။ NUG ၏ D day ဟုေခၚခ်င္ပုံရေသာ တႏိူင္ငံလုံး၏ထႂကြေတာ္လွန္မူမ်ိဳးမျဖစ္မွီ စစ္တပ္သည္ KIO/KIA ကိုဦးခ်ိဳးလိုက္ခ်င္ပုံရွိသည္။

KIO/KIA ကိုဦးခ်ိဳးလိုက္လွ်င္ေျမျပင္တြင္ လက္ေတြ႕ဆနေသာ စစ္တပ္ႏွင့္ ထိပ္တိုက္ေတြ႕မူမ်ားမရွိႏိူင္ေတာ့ဟု တြက္ခ်က္ထားပုံပါ။ စစ္တပ္၏အယူအဆသည္ မွန္သည္မမွန္သည္ဆိုရာထက္ ေျခလွမ္းသြက္ေနသည္ကအမွန္ပင္ျဖစ္သည္။ တႏိူင္ငံလုံးရွိ ျပည္သူမ်ား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ား
ဒီမိုကေရစီအင္အားစုႀကီးမ်ား CRPH NUG ဘာလဲဘယ္လဲ ဆန္းစစ္ရေပေတာ့မည္။ KIO/KIAကမူေသခ်ာေပါက္ ခုခံပါလိမ့္မည္။

Credit – Origi Writer