တော်လှန်ရေးရန်ပုံငွေအတွက် “အောင်လံလွှင့်ချီနွေဦးထီ” ရောင်းချသွားမယ်လို့ NUG ကြေညာ

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က “အောင်လံလွှင့်ချီ နွေဦးထီ” ကို ရောင်းချပေးသွားမယ်လို့ NUG ကဩဂုတ်လ ၆ ရက်နေ့ရက်စွဲနဲ့ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီကရောင်းချနေတဲ့ “အောင်ဘာလေ ထီ” ကိုမထိုးဘဲ ပြည်သူလူထုက သပိတ်မှောက်နေကြချိန် အမျိုးသားညီညွတ်ရေးအစိုးရကရောင်းချမယ့် “အောင်လံလွှင့်ချီ နွေဦးထီ” ကံစမ်းနိုင်ပြီဖြစ်ကြောင်း ကြေညာတာလည်းဖြစ်ပါတယ်။

“အောင်လံလွှင့်ချီ နွေဦးထီ” ရန်ပုံငွေကနေ မြန်မာ့မြေပေါ်က စစ်အာဏာရှင် ပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် ကြံ့ကြံ့ခံတော်လှန်နေတဲ့ CDM ဝန်ထမ်းတွေကို ထိရောက်အောင်ကူညီထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်တဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က ဩဂုတ်လ ၆ ရက်နေ့မှာ အတည်ပြုပြဌာန်းလိုက်ပြီး “ထီ” ဆိုတာအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ဝေတဲ့ “ အောင်လံလွှင့်ချီနွေဦးထီ” ကို ဆိုလိုတာလို့ ဖော်ပြထားပါတယ်။

Credit : mizzima

Zawgyi

ျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္ ရန္ပုံေငြရွာတဲ့အေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ကို ေရာင္းခ်ေပးသြားမယ္လို႔ NUG ကဩဂုတ္လ ၆ ရက္ေန႔ရက္စြဲနဲ႔ေၾကညာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီကေရာင္းခ်ေနတဲ့ “ေအာင္ဘာေလ ထီ” ကိုမထိုးဘဲ ျပည္သူလူထုက သပိတ္ေမွာက္ေနၾကခ်ိန္ အမ်ိဳးသားညီၫြတ္ေရးအစိုးရကေရာင္းခ်မယ့္ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ကံစမ္းႏိုင္ၿပီျဖစ္ေၾကာင္း ေၾကညာတာလည္းျဖစ္ပါတယ္။

“ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ” ရန္ပုံေငြကေန ျမန္မာ့ေျမေပၚက စစ္အာဏာရွင္ ေပ်ာက္ကြယ္သြားေစေရး၊ ဖက္ဒရယ္ဒီမိုကေရစီစနစ္အတြက္ ႀကံ့ႀကံ့ခံေတာ္လွန္ေနတဲ့ CDM ဝန္ထမ္းေတြကို ထိေရာက္ေအာင္ကူညီေထာက္ပံ့ေပးသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ေလာင္းကစားဥပေဒကို ပထမအႀကိမ္ျပင္ဆင္တဲ့ ဥပေဒတစ္ရပ္ကို ျပည္ေထာင္စုလႊတ္ေတာ္က ဩဂုတ္လ ၆ ရက္ေန႔မွာ အတည္ျပဳျပဌာန္းလိုက္ၿပီး “ထီ” ဆိုတာအမ်ိဳးသားညီၫြတ္ေရးအစိုးရကထုတ္ေဝတဲ့ “ ေအာင္လံလႊင့္ခ်ီေႏြဦးထီ” ကို ဆိုလိုတာလို႔ ေဖာ္ျပထားပါတယ္။

Credit : mizzima