တော်လှန်ရေးဘဝကို ရွေးချယ်တိုက်ပွဲဝင်ခဲ့တဲ့ မြနှင်းရည်လွင်ကို လေးစားအားကျပြီး ချီးကျူးနေကြသော ထိုင်းနိုင်ငံသားများ

ပရိတ်သတ် ကြီးရေအောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်မင်းသမီးဘဝနဲ့ သူဌေးသမီးဘဝကိုစွန့်လွှတ်ပြီး လက်နက်ကိုင် တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက အင်တိုက်အားတိုက်ပါဝင်နေတဲ့ မြနှင်းရည်လွင်ဟာ ထိုင်းနိုင်ငံသားတွေရဲ့ ချီးကျူး ဂုဏ်ပြုမှု အရမ်းပဲရရှိနေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံသားတွေဟာ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ မြနှင်းရည်လွင်အကြောင်းကို တလေးတစားရေးသားပြီး ထိုင်းသရုပ်ဆောင်တွေကိုလည်း မြနှင်းရည်လွင်ကိုအားကျအတုယူဖို့၊လေးစားဖို့တိုက်တွန်းထားတာတွေရှိနေပါတယ်။

ငယ်စဉ်ကတည်းက ရွှေတောင်ကြားမှာနေထိုင်တဲ့ မြနှင်းရည်လွင်ဟာ ဘဝကိုအပူအပင်ကင်းစွာ ဖြတ်သန်းလို့ရပေမယ့် လမ်းပေါ်ထွက်ကာပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖောရပ်တည်ခဲ့ပါတယ်။ လက်ရှိမှာလည်း အနေဆင်းရဲအစားဆင်းရဲဘဝနဲ့ သူမယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လှမ်းကာ တိုင်းပြည်အနာဂတ်အတွက် ကြိုးစားပေးနေလို့ ထိုင်းနိုင်ငံသားတွေကအရမ်းကိုအတုယူစရာကောင်းတဲ့ သရုပ်ဆောင်မင်းသမီးလို့လေးစားဂုဏ်ပြု နေကြပြီလည်းဖြစ်ပါတယ်။

မကြာခင်ကပဲ သူမရဲ့လူမှုကွန်ရက်ကနေ မျှဝေခဲ့တဲ့ခြေထောက်ကို ဖြုတ်နဲ့ခြင်တွေကိုက်လို့ အမာရွတ်တွေဖြစ်နေတဲ့ပုံဟာဆိုရင်သူမကိုပရိသတ်တွေက ဂရုဏာပိုသက်စေခဲ့ပြီး လေးစားမှုတွေတိုးလာစေခဲ့ပါတယ်။ မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံ းစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit;

Zawgyi





Credit;