တော်လှန်ရေးက မတိုက်ခင်ကတည်းက အောင်နေပြီဖြစ်ကြောင်း ပြောပြလာတဲ့မင်းမော်ကွန်း

ဘာလိုသေးလဲ “မျှစ်လား” အပေါဆုံးပဲ မိုးတွင်းဆိုတော့ မျှစ်စို့ကြီးတွေက လတ်ဆတ်လို့နုဖတ်လို့။ မန်ကျည်းသီးခူးပြီး အစိမ်းထောင်းစားစား မန်ကျည်းသီးချက်စားစား မျှစ်ပြုတ်နဲ့က လျှာလည်။

ချဉ်ပေါင်ခင်းကလည်း အဆင်သင့်ဆိုတော့ ဟင်းရည်သောက်သောက် မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော် သိပ်မြိန်တဲ့ဟင်းတွေ။ မှိုတွေကလည်းအခင်းလိုက် ဟင်းချက်စားမလား ဟင်းချိုသောက်မလား ကန်စွန်းပါချိုးကြော်လိုက်တော့ စားသောက်ဆိုင်ထိုင်ရသလို။

ဂွေးတောက်လား ကြောင်လျာလား ခရမ်းကဆော့သီးလား သရက်ရွက်လား အပြည့်အစုံကြိုက်တာတို့ ငါးပိထောင်းလည်း ကောင်းမှကောင်း။ ငှက်ပျောတွေက အသီးပုပုလေးတွေနဲ့ သီးမှသီးချိုမှချို ငှက်ပျောအူတော့မကိုက်ဘူး ဝမ်းသာစရာသတင်းကြားရင် မွင်းငါးချက်စားပစ်လိုက်တယ်။

ငါးကလည်းရှာလို့လွယ်သေး ငါးခူ၊ငါးကြင်းကအစ နာမည်မသိလည်းစားကောင်းတဲ့ငါး အကောင်ကြီးကြီးအလေးပြည့်ပြည့်တွေ ကင်စားစား၊ပြုတ်စားစား ဟင်းချက်မလား အခြောက်လှမ်းမလား ကြိုက်သလိုစား။

ရွာထဲဝက်ပေါ်အမဲပေါ်ရင်တော့ ကိုယ့်အကြိုက်ဆုံး ဝက်လက် ဝက်ရိုးပြုတ်အမဲနှပ်တွေ တခါတလေကြိတ်ရသေး ဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင် အသားကြိတ်၊အရိုးပြုတ် အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီး ‌ေကြးအိုးဆွဲလို့ရတယ်ဗျာ။

​လက်ဆောင်လာပေးတဲ့ကြက်တွေ မသတ်ရက်လို့မွေးထားတာ ကြက်ဥကလည်းရ အကောင်ကလည်းပွား။ ဆေးဝါးရှားတယ်ဆိုပေမယ့် ချွေးထွက်များတော့ ကျန်းမာရေးကဒီရောက်မှ ရန်ကုန်ထက်ကိုပိုမာနေသေး။ အဝတ်အစားကောင်းကောင်းမရှိပေမယ့် နှလုံးသားကောင်းကောင်းတွေ ဝတ်ဆင်ထားတဲ့သူတွေကိုသာ တွေ့ရတဲ့နေရာ။

မိတ်ဆွေဟောင်းတွေကို အမြဲသတိရပေမယ့် ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်း အသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။ မိန်းမနဲ့သားသမီးတွေဟာ အမြဲဆင်းရဲတူတူ ချမ်းသာတူတူ စိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်း သိခွင့်ရခဲ့တယ်။

ဘဝမှာအသက်ရှင်နေထိုင်ရေးမှာ ဘယ်အရာတွေကအဓိကကျပြီး ဘယ်အရာတွေက အပေါ်ယံဆိုတာသတိထားမိလာတယ်။ အမှန်တရားဘက်ကရပ်တည်ရင် ဘယ်နေရာရောက်ရောက် ဘယ်သူနဲ့တွေ့တွေ့ ဘယ်တော့မဆိုလိပ်ပြာသန့်ပြီး မျက်နာမငယ်ရဘူးဆိုတာလက်တွေ့ကြုံရတယ်။

အခုထဲက အမှန်တရားအရ တရားမျှတခြင်းအရ စိတ်ဓါတ်ခွန်အားအရ အရှက်တရားအရ ပြည်သူပါဝင်မှုအရ အားလုံးပြည့်စုံစွာ မတိုက်ခင်ထဲကကြိုအောင်မြင်နေတဲ့ ကျွန်တော်တို့တော်လှန်ရေးဟာလည်း မကြာခင်အပြီးတိုင် အောင်မြင်တော့မယ်။ ကဲကျွန်တော့်တို့အတွက် ဘာလိုသေးလဲ။

suource Kyaw Kyaw Htay Lwin

Zawgyi

ဘာလိုေသးလဲ “မွ်စ္လား” အေပါဆုံးပဲ မိုးတြင္းဆိုေတာ့ မွ်စ္စို႔ႀကီးေတြက လတ္ဆတ္လို႔ႏုဖတ္လို႔။ မန္က်ည္းသီးခူးၿပီး အစိမ္းေထာင္းစားစား မန္က်ည္းသီးခ်က္စားစား မွ်စ္ျပဳတ္နဲ႔က လွ်ာလည္။

ခ်ဥ္ေပါင္ခင္းကလည္း အဆင္သင့္ဆိုေတာ့ ဟင္းရည္ေသာက္ေသာက္ မွ်စ္နဲ႔ခ်ဥ္ေပါင္ေၾကာ္ေၾကာ္ သိပ္ၿမိန္တဲ့ဟင္းေတြ။ မႈိေတြကလည္းအခင္းလိုက္ ဟင္းခ်က္စားမလား ဟင္းခ်ိဳေသာက္မလား ကန္စြန္းပါခ်ိဳးေၾကာ္လိုက္ေတာ့ စားေသာက္ဆိုင္ထိုင္ရသလို။

ေဂြးေတာက္လား ေၾကာင္လ်ာလား ခရမ္းကေဆာ့သီးလား သရက္႐ြက္လား အျပည့္အစုံႀကိဳက္တာတို႔ ငါးပိေထာင္းလည္း ေကာင္းမွေကာင္း။ ငွက္ေပ်ာေတြက အသီးပုပုေလးေတြနဲ႔ သီးမွသီးခ်ိဳမွခ်ိဳ ငွက္ေပ်ာအူေတာ့မကိုက္ဘူး ဝမ္းသာစရာသတင္းၾကားရင္ မြင္းငါးခ်က္စားပစ္လိုက္တယ္။

ငါးကလည္းရွာလို႔လြယ္ေသး ငါးခူ၊ငါးၾကင္းကအစ နာမည္မသိလည္းစားေကာင္းတဲ့ငါး အေကာင္ႀကီးႀကီးအေလးျပည့္ျပည့္ေတြ ကင္စားစား၊ျပဳတ္စားစား ဟင္းခ်က္မလား အေျခာက္လွမ္းမလား ႀကိဳက္သလိုစား။

႐ြာထဲဝက္ေပၚအမဲေပၚရင္ေတာ့ ကိုယ့္အႀကိဳက္ဆုံး ဝက္လက္ ဝက္႐ိုးျပဳတ္အမဲႏွပ္ေတြ တခါတေလႀကိတ္ရေသး ဒါမွမဟုတ္လို႔ ရန္ကုန္လြမ္းလာရင္ အသားႀကိတ္၊အ႐ိုးျပဳတ္ အသင့္စားၾကာဆံတစ္ထုတ္ေဖါက္ထည့္ၿပီး ‌ေၾကးအိုးဆြဲလို႔ရတယ္ဗ်ာ။

​လက္ေဆာင္လာေပးတဲ့ၾကက္ေတြ မသတ္ရက္လို႔ေမြးထားတာ ၾကက္ဥကလည္းရ အေကာင္ကလည္းပြား။ ေဆးဝါးရွားတယ္ဆိုေပမယ့္ ေခြၽးထြက္မ်ားေတာ့ က်န္းမာေရးကဒီေရာက္မွ ရန္ကုန္ထက္ကိုပိုမာေနေသး။ အဝတ္အစားေကာင္းေကာင္းမရွိေပမယ့္ ႏွလုံးသားေကာင္းေကာင္းေတြ ဝတ္ဆင္ထားတဲ့သူေတြကိုသာ ေတြ႕ရတဲ့ေနရာ။

မိတ္ေဆြေဟာင္းေတြကို အၿမဲသတိရေပမယ့္ ခုမွေတြ႕ရတဲ့ ရဲေဘာ္ရဲဘက္ေတြကလည္း အသက္နဲ႔ရင္းၿပီးခ်စ္ၾကခင္ၾကတယ္။ မိန္းမနဲ႔သားသမီးေတြဟာ အၿမဲဆင္းရဲတူတူ ခ်မ္းသာတူတူ စိတ္တူကိုယ္တူအနစ္နာခံႏိုင္ေၾကာင္း သိခြင့္ရခဲ့တယ္။

ဘဝမွာအသက္ရွင္ေနထိုင္ေရးမွာ ဘယ္အရာေတြကအဓိကက်ၿပီး ဘယ္အရာေတြက အေပၚယံဆိုတာသတိထားမိလာတယ္။ အမွန္တရားဘက္ကရပ္တည္ရင္ ဘယ္ေနရာေရာက္ေရာက္ ဘယ္သူနဲ႔ေတြ႕ေတြ႕ ဘယ္ေတာ့မဆိုလိပ္ျပာသန႔္ၿပီး မ်က္နာမငယ္ရဘူးဆိုတာလက္ေတြ႕ႀကဳံရတယ္။

အခုထဲက အမွန္တရားအရ တရားမွ်တျခင္းအရ စိတ္ဓါတ္ခြန္အားအရ အရွက္တရားအရ ျပည္သူပါဝင္မႈအရ အားလုံးျပည့္စုံစြာ မတိုက္ခင္ထဲကႀကိဳေအာင္ျမင္ေနတဲ့ ကြၽန္ေတာ္တို႔ေတာ္လွန္ေရးဟာလည္း မၾကာခင္အၿပီးတိုင္ ေအာင္ျမင္ေတာ့မယ္။ ကဲကြၽန္ေတာ့္တို႔အတြက္ ဘာလိုေသးလဲ။

suource Kyaw Kyaw Htay Lwin