တောင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ချစ်သူကို မကယ်တင်နိုင်ခဲ့လို့ ကိုယ်ကိုယ်တိုင် သတ်သေခဲ့တဲ့ တောင်တက်သမား

တောင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ချစ်သူကို မကယ်တင်နိုင်ခဲ့လို့ ကိုယ်ကိုယ်တိုင် သတ်သေခဲ့တဲ့ တောင်တက်သမား။ လူသိများထင်ရှားတဲ့ တောင်တက်သမားတစ်ဦးဖြစ်တဲ့ Hayden Kennedy ဟာသူ့မျက်စိရှေ့မှာတင် သူရဲ့ချစ်သူ Inge Perkins ဟာရေခဲတောင်ပြိုကျပြီး ရေခဲတွေပိလို့ သေဆုံးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအတွက် ယူကြုံးမရဖြစ်ခဲ့တဲ့ Hayden ဟာ သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။

Hayden ဟာ ရေခဲတောင်တွေမှာ ဖြစ်လေ့ရှိတဲ့ ရေခဲပြိုကျမှုမှာ Inge သေဆုံးတာကို မကူညီနိုင်ဘဲ ကြည့်နေခဲ့ရပြီးနောက်ဆုံးတော့ သူ့ကိုယ်သူပါ သတ်သေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အမေရိကန် မွန်တားနားပြည်နယ်အတွင်းက ရေခဲတောင်တွေပေါ်ကို ရေခဲပြင်စကိတ်စီးဖို့ တက်ရောက်ခဲ့ကြပါတယ်။ တစ်နေရာအရောက်မှာ ရေခဲတွေ အစုလိုက်အပြုံလိုက် ပြိုကျလာခဲ့ပြီး နှစ်ယောက်စလုံး လွတ်ရာကို ရသလောက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် Inge ကတော့ ရေခဲထုအောက်မှာတစ်ခါတည်း မြေမြှုပ်သင်္ဂြိုဟ်လိုက်သလို ဖြစ်ခဲ့ရပြီး Hayden ကိုယ်တိုင်လည်း ရေခဲထုအောက်မှာ ပိမိခဲ့ပေမယ့်၊ ဒဏ်ရာမဆိုးဝါးခဲ့ပါဘူး။

Hayden ဟာ Inge ရဲ့အလောင်းကိုတောင် မရှာနိုင်ခဲ့ပါဘူး ဒီအဖြစ်အပျက်ဟာ အောက်တိုဘာ(၇)ရက် စနေနေ့မှ ာဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်စလုံးဟာ အမေရိကန်နိုင်ငံ၊ မွန်တားနားကို ပြောင်းရွှေ့လာတာ မကြာသေးပါဘူး။ ချစ်သူ သေဆုံးပြီး နောက်တစ်ရက်အကြာမှာပဲ Hayden ဟာ သူ့ကိုသူ သတ်သေခဲ့ပါတယ်။

Hayden ရဲ့ စပွန်ဆာကုမ္မဏီဖြစ်တဲ့ Black Mountain Equipment က ဒီအတွက် ဝမ်းနည်းရကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ရဲ့တရားဝင် Facebook Page မှာ ” Hayden က တကယ့်ကိုအလားအလာရှိပြီး တောင်တက်သမားတွေထဲမှာ အတော်ဆုံးတွေထဲက တစ်ယောက်ပါ သူဟာစိတ်အားထက်သန်ပြီး ရည်ရွယ်ချက်ကြီးမားပါတယ်။ သူဟာ အတားအဆီးတွေကိုဖြတ်ကျော်နိုင်ခဲ့တဲ့ တောင်တက်သမားတစ်ယောက်ပါပဲ ” လို့ ရေးသားပြီး Hayden ကို ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ သိရပါတယ်။

Nyo Nyo (boomnews)

Zawgyi

ေတာင္ေပၚကေန ျပဳတ္က်ခဲ့တဲ့ခ်စ္သူကို မကယ္တင္ႏိုင္ခဲ့လို႔ ကိုယ္ကိုယ္တိုင္ သတ္ေသခဲ့တဲ့ ေတာင္တက္သမား။ လူသိမ်ားထင္ရွားတဲ့ ေတာင္တက္သမားတစ္ဦးျဖစ္တဲ့ Hayden Kennedy ဟာသူ႔မ်က္စိေရွ႕မွာတင္ သူရဲ႕ခ်စ္သူ Inge Perkins ဟာေရခဲေတာင္ၿပိဳက်ၿပီး ေရခဲေတြပိလို႔ ေသဆုံးခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအတြက္ ယူႀကဳံးမရျဖစ္ခဲ့တဲ့ Hayden ဟာ သူ႔ကိုယ္သူ သတ္ေသခဲ့တယ္လို႔ Mirror သတင္းမွာ ေဖာ္ျပထားပါတယ္။

Hayden ဟာ ေရခဲေတာင္ေတြမွာ ျဖစ္ေလ့ရွိတဲ့ ေရခဲၿပိဳက်မႈမွာ Inge ေသဆုံးတာကို မကူညီႏိုင္ဘဲ ၾကည့္ေနခဲ့ရၿပီးေနာက္ဆုံးေတာ့ သူ႔ကိုယ္သူပါ သတ္ေသခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ အေမရိကန္ မြန္တားနားျပည္နယ္အတြင္းက ေရခဲေတာင္ေတြေပၚကို ေရခဲျပင္စကိတ္စီးဖို႔ တက္ေရာက္ခဲ့ၾကပါတယ္။ တစ္ေနရာအေရာက္မွာ ေရခဲေတြ အစုလိုက္အၿပဳံလိုက္ ၿပိဳက်လာခဲ့ၿပီး ႏွစ္ေယာက္စလုံး လြတ္ရာကို ရသေလာက္ေျပးခဲ့ၾကပါတယ္။ ဒါေပမယ့္ Inge ကေတာ့ ေရခဲထုေအာက္မွာတစ္ခါတည္း ေျမျမႇဳပ္သၿဂႋဳဟ္လိုက္သလို ျဖစ္ခဲ့ရၿပီး Hayden ကိုယ္တိုင္လည္း ေရခဲထုေအာက္မွာ ပိမိခဲ့ေပမယ့္၊ ဒဏ္ရာမဆိုးဝါးခဲ့ပါဘူး။

Hayden ဟာ Inge ရဲ႕အေလာင္းကိုေတာင္ မရွာႏိုင္ခဲ့ပါဘူး ဒီအျဖစ္အပ်က္ဟာ ေအာက္တိုဘာ(၇)ရက္ စေနေန႔မွ ာျဖစ္ခဲ့တာပါ။ သူတို႔ႏွစ္ေယာက္စလုံးဟာ အေမရိကန္ႏိုင္ငံ၊ မြန္တားနားကို ေျပာင္းေ႐ႊ႕လာတာ မၾကာေသးပါဘူး။ ခ်စ္သူ ေသဆုံးၿပီး ေနာက္တစ္ရက္အၾကာမွာပဲ Hayden ဟာ သူ႔ကိုသူ သတ္ေသခဲ့ပါတယ္။

Hayden ရဲ႕ စပြန္ဆာကုမၼဏီျဖစ္တဲ့ Black Mountain Equipment က ဒီအတြက္ ဝမ္းနည္းရေၾကာင္း ေၾကညာခဲ့ပါတယ္။ သူတို႔ရဲ႕တရားဝင္ Facebook Page မွာ ” Hayden က တကယ့္ကိုအလားအလာရွိၿပီး ေတာင္တက္သမားေတြထဲမွာ အေတာ္ဆုံးေတြထဲက တစ္ေယာက္ပါ သူဟာစိတ္အားထက္သန္ၿပီး ရည္႐ြယ္ခ်က္ႀကီးမားပါတယ္။ သူဟာ အတားအဆီးေတြကိုျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့ ေတာင္တက္သမားတစ္ေယာက္ပါပဲ ” လို႔ ေရးသားၿပီး Hayden ကို ဂုဏ္ျပဳစကားဆိုခဲ့တယ္လို႔ သိရပါတယ္။

Nyo Nyo (boomnews)