တောက ဒေါက်တာရမ်းကုနှင့် မြို့ကြီးသူ မမနဲ့တွေကြလေသောအခါ

နယ်မြို့သေးသေးလေးတွေမှာ… ရမ်းကုတွေခေတ်ကောင်းစဉ်ကပေါ့ ….ရမ်းကုတစ်ယောက်ကတော့ တော်တော်နာမည်ကြီးတယ် …ကြီးရတဲ့အကြောင်းရင်းကလည်း ဘာရောဂါပဲဖြစ်ဖြစ် သူပေးတဲ့ဆေးကတော့.. ဘာမီတွန်ပဲ…..အာ့ကြောင့် နာမည်အရင်းတောင်ပျောက်ပြီး အားလုံးသိကြတာကတော့ သူ့နာမည် ဒေါက်တာဘာမီတွန်

တနေ့တော့ .. မြို့ကြီးကနေ အလည်ရောက်လာတဲ့ မတ်မတ်တယောက်က ဒေါက်တာဘာမီတွန်ကို ပညာစမ်းချင်လို့ သူ့သမီးလေးကိုခေါ်သွားပြီး…..” ဆရာ ကျွန်မသမီးလေးဖျားချင်သလိုလိုဖြစ်နေလို့ပါ ” ဆိုတော့… ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ …..အာ့နဲ့ နောက်ရက်မှာတခါထပ်သွားတယ်” ဆရာ ကျွန်မနူံးညောင်းပြီး ခေါင်းမကြည်သလိုဖြစ်နေလို့ပါ ” ဆိုတော့ ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ

မတ်မတ်လည်း သိပ်တော့မကျေနပ်သေးဘူး ….ဒီရမ်းကု ဘာမီတွန်ဆေးပေးလို့မရအောင် ဘာရောဂါလို့ပြောရမလဲ အသည်းသန်စဉ်းစားနေရတာ နှစ်ရက်သုံးရက်လောက်ကြာသွားတယ်….အဲ ! စဉ်းစားလို့ရပြီဆိုတဲ့နေ့ကျတော့… ဒေါက်တာဘာမီတွန်ရဲ့ဆေးခန်းထဲကိုရင်ကော့ဝင်သွားတယ်…. ဒင်း ဒီတခါတော့ဘာဆေးပေးမလဲပေါ့” ဆရာ ကျွန်မ ကလေးမလိုချင်လို့ သားဆက်ခြားချင်လို့ပါ “လို့လည်းပြောလိုက်ရော ဒီတခါတော့… ဒေါက်တာဘာမီတွန်လည်း ခေါင်းစားသွားတယ်ထင်တယ်

ဖင်ကုပ်လိုက် ခေါင်းကုပ်လိုက်လုပ်နေတယ် ….မတ်မတ်ကတော့ ပျော်နေတာပေါ့ …..ဒင်း ….ဒီတခါတော့ဘာတတ်နိုင်သေးလည်းဆိုတဲ့ အတွေးနဲ့ကျိတ်ပျော်နေတာပေါ့ …..ဒါပေမဲ့ မတ်မတ်ရဲ့အပျော်တွေကြာကြာမခံပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာဘာမီတွန်ပြောလိုက်တာက…..” အေးဗျာ ဘာမီတွန်ပဲယူသွားလိုက်ပါ ”

” များများပေးလိုက်မယ် ” ” ဒါပေမဲ့ ခင်ဗျားမသောက်နဲ့ ” ” ခင်ဗျားယောက်ျားကိုသာ တိုက်လိုက်ပါ”…တဲ့….အဲ့ဒါလည်း ဟုတ်နေတာပဲလေ… ယောက်ျားကို ဘာမီတွန်နေ့တိုင်းတိုက်ရင် နေ့တိုင်း အိပ်ပြီလေ…ဘားမှ မဘာနိုင်တော့ သားဆက်ခြားပြီပေါ့…။

တိန်…!!!

Zawgyi

နယ္ၿမိဳ႕ေသးေသးေလးေတြမွာ… ရမ္းကုေတြေခတ္ေကာင္းစဥ္ကေပါ့ ….ရမ္းကုတစ္ေယာက္ကေတာ့ ေတာ္ေတာ္နာမည္ႀကီးတယ္ …ႀကီးရတဲ့အေၾကာင္းရင္းကလည္း ဘာေရာဂါပဲျဖစ္ျဖစ္ သူေပးတဲ့ေဆးကေတာ့.. ဘာမီတြန္ပဲ…..အာ့ေၾကာင့္ နာမည္အရင္းေတာင္ေပ်ာက္ၿပီး အားလုံးသိၾကတာကေတာ့ သူ႔နာမည္ ေဒါက္တာဘာမီတြန္

တေန႔ေတာ့ .. ၿမိဳ႕ႀကီးကေန အလည္ေရာက္လာတဲ့ မတ္မတ္တေယာက္က ေဒါက္တာဘာမီတြန္ကို ပညာစမ္းခ်င္လို႔ သူ႔သမီးေလးကိုေခၚသြားၿပီး…..” ဆရာ ကြၽန္မသမီးေလးဖ်ားခ်င္သလိုလိုျဖစ္ေနလို႔ပါ ” ဆိုေတာ့… ေပးလိုက္တဲ့ေဆးက ဘာမီတြန္ပဲ …..အာ့နဲ႔ ေနာက္ရက္မွာတခါထပ္သြားတယ္” ဆရာ ကြၽန္မႏူံးေညာင္းၿပီး ေခါင္းမၾကည္သလိုျဖစ္ေနလို႔ပါ ” ဆိုေတာ့ ေပးလိုက္တဲ့ေဆးက ဘာမီတြန္ပဲ

မတ္မတ္လည္း သိပ္ေတာ့မေက်နပ္ေသးဘူး ….ဒီရမ္းကု ဘာမီတြန္ေဆးေပးလို႔မရေအာင္ ဘာေရာဂါလို႔ေျပာရမလဲ အသည္းသန္စဥ္းစားေနရတာ ႏွစ္ရက္သုံးရက္ေလာက္ၾကာသြားတယ္….အဲ ! စဥ္းစားလို႔ရၿပီဆိုတဲ့ေန႔က်ေတာ့… ေဒါက္တာဘာမီတြန္ရဲ႕ေဆးခန္းထဲကိုရင္ေကာ့ဝင္သြားတယ္…. ဒင္း ဒီတခါေတာ့ဘာေဆးေပးမလဲေပါ့” ဆရာ ကြၽန္မ ကေလးမလိုခ်င္လို႔ သားဆက္ျခားခ်င္လို႔ပါ “လို႔လည္းေျပာလိုက္ေရာ ဒီတခါေတာ့… ေဒါက္တာဘာမီတြန္လည္း ေခါင္းစားသြားတယ္ထင္တယ္…..

ဖင္ကုပ္လိုက္ ေခါင္းကုပ္လိုက္လုပ္ေနတယ္ ….မတ္မတ္ကေတာ့ ေပ်ာ္ေနတာေပါ့ …..ဒင္း ….ဒီတခါေတာ့ဘာတတ္ႏိုင္ေသးလည္းဆိုတဲ့ အေတြးနဲ႔က်ိတ္ေပ်ာ္ေနတာေပါ့ …..ဒါေပမဲ့ မတ္မတ္ရဲ႕အေပ်ာ္ေတြၾကာၾကာမခံပါဘူး .. ဘာျဖစ္လို႔လဲဆိုေတာ့ ေဒါက္တာဘာမီတြန္ေျပာလိုက္တာက…..” ေအးဗ်ာ ဘာမီတြန္ပဲယူသြားလိုက္ပါ ”

” မ်ားမ်ားေပးလိုက္မယ္ ” ” ဒါေပမဲ့ ခင္ဗ်ားမေသာက္နဲ႔ ” ” ခင္ဗ်ားေယာက္်ားကိုသာ တိုက္လိုက္ပါ”…တဲ့….အဲ့ဒါလည္း ဟုတ္ေနတာပဲေလ… ေယာက္်ားကို ဘာမီတြန္ေန႔တိုင္းတိုက္ရင္ ေန႔တိုင္း အိပ္ၿပီေလ…ဘားမွ မဘာႏိုင္ေတာ့ သားဆက္ျခားၿပီေပါ့…။

တိန္…!!!