တေပြီလို့သတ်မှတ်ခံရတဲ့ အမျိုးသမီးက သူမအနေနဲ့ အသက်ရှင်နေသေးကြောင်းပြသဖို့ အုပ်ဂူကိုပြန်တူးပြမယ်ဆိုတဲ့အကြောင်

သူမအသက်ရှင်နေသေးကြောင်း သက်သေပြဖို့အတွက် သူမအုပ်ဂူကို ကိုယ်တိုင်တူးဖော်ချင်နေတဲ့အကြောင်းကို Metro သတင်းကနေ တွေ့ရှိရပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ၂၀၁၀မှာတုန်းက တေသွားပြီဆိုပြီး မမှန်မကန်ကြေညာခံခဲ့ရပါတယ်။

အသက်ရှင်နေဆဲဖြစ်တဲ့ Juana Escudero ဟာစပိန်နိုင်ငံ Serville မြို့ကဖြစ်ပါတယ်။ သူမကအသက်ရှင်နေပေမယ့် သူ့နိုင်ငံကတော့ အဆိုပါအမျိုးသမီးကို ရုံးပိုင်းဆိုင်ရာ မှားယွင်းမှုတွေကြောင့် သေလူအဖြစ်သတ်မှတ်ထားထဲ့တာပါ။ 2010 ခုနှစ် မေလတုန်းက အဆိုပါအမျိုးသမီးနဲ့ နာမည်ရော မွေးရက်ပါတူတဲ့ အမျိုးသမီးတယောက်ကွယ်လွန်ခဲ့ရာမှာ စပိန်နိုင်ငံလူမှုလုံခြုံရေး အဖွဲ့ဟာ တစ်ယောက်ထဲကိုပဲ တေစာရင်းသွင်းရမယ့်အစား မှားယွင်းစွာနဲ့ နှစ်ယောက်စလုံးကို တေစာရင်းသွင်းခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို အမျိုးသမီးကြီးက ဆရာဝန်သွားပြတဲ့အခါကျမှ သူမက တေစာရင်းထဲမှာ မှတ်တမ်းတင်ထားတာကို သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလို့မရတဲ့အပြင် ဆရာဝန်တွေဆီကိုလည်း သွားပြလို့မရခဲ့ဘူးလို့ ဆိုပါတယ်။ သူမကအစိုးရအနေနဲ့ သူမကို တေလူလို့ သတ်မှတ်ထားပေမယ့် ဘဏ်စာရင်းထဲမှာကျတော့ သူမကအသက်ရှင်နေသေးပြီး ချေးငွေတွေကိုပေးနေရတုန်းပါပဲ။

နယ်မြေတရားရုံးအပြင် ဘဏ္ဍာရေးဌာနကို သွားတွေ့ခဲ့ပေမယ့် သူမကိုအသက်ရှင်နေဆဲဖြစ်ကြောင်း စပိန်အစိုးရကမယုံကြည်နိုင်ပါဘူး။ တကယ်တော့ အဲဒီအုပ်ဂူက သူမနဲ့ နာမည်ရောမွေးရက်ပါတူတဲ့ ကွယ်လွန်သူတခြားအမျိုးသမီးရဲ့အုပ်ဂူဖြစ်ပါတယ်။ အချိန်ပေးဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi
သူမအသက္ရွင္ေနေသးေၾကာင္း သက္ေသျပဖို႔အတြက္ သူမအုပ္ဂူကို ကိုယ္တိုင္တူးေဖာ္ခ်င္ေနတဲ့အေၾကာင္းကို Metro သတင္းကေန ေတြ႕ရွိရပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ၂၀၁၀မွာတုန္းက ေတသြားၿပီဆိုၿပီး မမွန္မကန္ေၾကညာခံခဲ့ရပါတယ္။

အသက္ရွင္ေနဆဲျဖစ္တဲ့ Juana Escudero ဟာစပိန္ႏိုင္ငံ Serville ၿမိဳ႕ကျဖစ္ပါတယ္။ သူမကအသက္ရွင္ေနေပမယ့္ သူ႔ႏိုင္ငံကေတာ့ အဆိုပါအမ်ိဳးသမီးကို ႐ုံးပိုင္းဆိုင္ရာ မွားယြင္းမႈေတြေၾကာင့္ ေသလူအျဖစ္သတ္မွတ္ထားထဲ့တာပါ။ 2010 ခုႏွစ္ ေမလတုန္းက အဆိုပါအမ်ိဳးသမီးနဲ႔ နာမည္ေရာ ေမြးရက္ပါတူတဲ့ အမ်ိဳးသမီးတေယာက္ကြယ္လြန္ခဲ့ရာမွာ စပိန္ႏိုင္ငံလူမႈလုံၿခဳံေရး အဖြဲ႕ဟာ တစ္ေယာက္ထဲကိုပဲ ေတစာရင္းသြင္းရမယ့္အစား မွားယြင္းစြာနဲ႔ ႏွစ္ေယာက္စလုံးကို ေတစာရင္းသြင္းခဲ့တာျဖစ္ပါတယ္။

ဒီအေၾကာင္းကို အမ်ိဳးသမီးႀကီးက ဆရာဝန္သြားျပတဲ့အခါက်မွ သူမက ေတစာရင္းထဲမွာ မွတ္တမ္းတင္ထားတာကို သိရွိခဲ့တာျဖစ္ပါတယ္။ သူမဟာ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးလို႔မရတဲ့အျပင္ ဆရာဝန္ေတြဆီကိုလည္း သြားျပလို႔မရခဲ့ဘူးလို႔ ဆိုပါတယ္။ သူမကအစိုးရအေနနဲ႔ သူမကို ေတလူလို႔

သတ္မွတ္ထားေပမယ့္ ဘဏ္စာရင္းထဲမွာက်ေတာ့ သူမကအသက္ရွင္ေနေသးၿပီး ေခ်းေငြေတြကိုေပးေနရတုန္းပါပဲ။ နယ္ေျမတရား႐ုံးအျပင္ ဘ႑ာေရးဌာနကို သြားေတြ႕ခဲ့ေပမယ့္ သူမကိုအသက္ရွင္ေနဆဲျဖစ္ေၾကာင္း စပိန္အစိုးရကမယုံၾကည္ႏိုင္ပါဘူး။ တကယ္ေတာ့ အဲဒီအုပ္ဂူက သူမနဲ႔ နာမည္ေရာေမြးရက္ပါတူတဲ့ ကြယ္လြန္သူတျခားအမ်ိဳးသမီးရဲ႕အုပ္ဂူျဖစ္ပါတယ္။ အခ်ိန္ေပးဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။

လးစားစြာျဖင့္ ခရက္ဒစ္