တိုင်းပြည်က စားရ မဲ့ သောက်ရ မဲ့ အနာဂါတ်မဲ့နေချိန် စစ်တပ်က ပိုင်သမျှကို ကြည့်လိုက်

တိုင်းပြည်ကိုအပိုင်ကြံ ဂုပ်စီးထားမှ ဒင်းတို့ရဲ့စီးပွားရေးအင်ပါယာကြီးကို စိတ်ကြိုက်ချဲ့ထွင်နိုင်ဖို့ပါပဲ။ စစ်သူပုန်သူခိုးတပ်ဖွဲ့ဟာ ပြည်သူ့အစိုးရကိုအရှက်အကြောက်မရှိ ဖြုတ်ချအာဏာသိမ်းခြင်းဟာ သားစဉ်မြေးဆက်ချမ်းသာကြွယ်ဝရေးနှင့် ပြုထားသမျှ တရားမဝင်မှုအကုန်လုံး အရေးယူခံရခြင်းမရှိ လုံခြုံဖို့တခုပါပဲ။

အကြမ်းဖက်လူယုတ်မာစစ်တပ်ပိုင်ကုန်ပစ္စည်းများကို သပိတ်မှောက်၍ တော်လှန်ရေးမှာပါဝင်ပေးပါ ဟု NUG အသိပေးကြေငြာခဲ့သည်
ကြေညာချက် (၁/၂၀၂၁)
မေလ ၂၃ ရက် ၂၀၂၁ ခုနှစ်။

အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း

၁။ အကြမ်းဖက်စစ်အုပ်စု၏ ဝင်ငွေရလမ်းများအား ဟန့်တား၊ ပိတ်ဆို့၊ဖြတ်တောက်နိုင်ရေးသည် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပျောက်ကွယ်သွားစေရေးအတွက် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။

၂။ အဆိုပါလုပ်ငန်းစဉ်တွင် အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အား ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခြင်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်သည်။

၃။ ခေတ်အဆက်ဆက် လက်နက်အားကိုးဖြင့် နိုင်ငံတော်အာဏာအား အကြမ်းဖက်သိမ်းယူခဲ့သည့် နောက်ကွယ်က တစ်ခုတည်း သော အဓိက အကြောင်းအရင်းသည် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များ၏ စီးပွားရေး အကျိုးအမြတ်များကို တည်ဆောက်ထူထောင် ၊ ချဲ့ထွင်ကာကွယ်ရန်သာဖြစ်သည်။

၄။ ယခုအခါ အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးအင်ပါယာသည် ကျောက်မျက် ရတနာရောင်းဝယ်ခြင်း၊ စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်း၊ ဟိုတယ်လုပ်
ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှု မှစ၍ အရက်၊ ဘီယာ၊ စီးကရက်၊ ဘိလပ်မြေ၊ သံချောင်း၊ အိမ်မိုးသွပ်ပြား ထုတ်လုပ်ရောင်းချခြင်းအပါအဝင် ကော်ဖီမစ်၊ တီးမစ်၊ ဆပ်ပြာ၊ သွားတိုက်ဆေးပါမကျန် ဈေးကွက်နယ်ပယ်စုံ၌ ထိုးဖောက်နေရာယူကာ စီးပွားရေးအကျိုးအမြတ်များစွာ နှစ်စဉ်ရရှိနေပါသည်။

၅။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အဓိကအသက်သွေးကြော ဝင်ငွေရလမ်းဖြစ်သည့် ပူးတွဲဖော်ပြပါ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲခြင်း၊ သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အရှိန်အဟုန်မြှင့် သပိတ်မှောက်ကြရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။

တင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း ဘဏ္ဍာရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန

 

Zawgyi

တိုင္းျပည္ကိုအပိုင္ႀကံ ဂုပ္စီးထားမွ ဒင္းတို႔ရဲ႕စီးပြားေရးအင္ပါယာႀကီးကို စိတ္ႀကိဳက္ခ်ဲ႕ထြင္ႏိုင္ဖို႔ပါပဲ။ စစ္သူပုန္သူခိုးတပ္ဖြဲ႕ဟာ ျပည္သူ႔အစိုးရကိုအရွက္အေၾကာက္မရွိ ျဖဳတ္ခ်အာဏာသိမ္းျခင္းဟာ သားစဥ္ေျမးဆက္ခ်မ္းသာႂကြယ္ဝေရးႏွင့္ ျပဳထားသမွ် တရားမဝင္မႈအကုန္လုံး အေရးယူခံရျခင္းမရွိ လုံၿခဳံဖို႔တခုပါပဲ။

အၾကမ္းဖက္လူယုတ္မာစစ္တပ္ပိုင္ကုန္ပစၥည္းမ်ားကို သပိတ္ေမွာက္၍ ေတာ္လွန္ေရးမွာပါဝင္ေပးပါ ဟု NUG အသိေပးေၾကျငာခဲ့သည္
ေၾကညာခ်က္ (၁/၂၀၂၁)
ေမလ ၂၃ ရက္ ၂၀၂၁ ခုႏွစ္။

အၾကမ္းဖက္စစ္အုပ္စုပိုင္ စီးပြားေရးလုပ္ငန္းစုမ်ားႏွင့္ ဆက္စပ္ထုတ္ကုန္ပစၥည္းမ်ား၊ ဝန္ေဆာင္မႈမ်ားအား အရွိန္အဟုန္ျမႇင့္ သပိတ္ေမွာက္ၾကရန္ တိုက္တြန္းႏႈိးေဆာ္ျခင္း

၁။ အၾကမ္းဖက္စစ္အုပ္စု၏ ဝင္ေငြရလမ္းမ်ားအား ဟန႔္တား၊ ပိတ္ဆို႔၊ျဖတ္ေတာက္ႏိုင္ေရးသည္ ျမန္မာ့ေျမေပၚမွ စစ္အာဏာရွင္စနစ္ လုံးဝခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္သြားေစေရးအတြက္ လြန္စြာအေရးပါသည့္ လုပ္ငန္းစဥ္တစ္ရပ္ ျဖစ္သည္။

၂။ အဆိုပါလုပ္ငန္းစဥ္တြင္ အၾကမ္းဖက္စစ္အုပ္စုပိုင္ စီးပြားေရးလုပ္ငန္းစုမ်ားႏွင့္ ဆက္စပ္ထုတ္ကုန္ပစၥည္းမ်ား၊ ဝန္ေဆာင္မႈမ်ား အား ျပတ္ျပတ္သားသား ဆန႔္က်င္သပိတ္ေမွာက္ျခင္းသည္လည္း အေရးႀကီးသည့္ အခန္းက႑တစ္ခုအျဖစ္ ပါဝင္သည္။

၃။ ေခတ္အဆက္ဆက္ လက္နက္အားကိုးျဖင့္ ႏိုင္ငံေတာ္အာဏာအား အၾကမ္းဖက္သိမ္းယူခဲ့သည့္ ေနာက္ကြယ္က တစ္ခုတည္း ေသာ အဓိက အေၾကာင္းအရင္းသည္ စစ္ေခါင္းေဆာင္မ်ားႏွင့္ ၎တို႔မိသားစုဝင္မ်ား၏ စီးပြားေရး အက်ိဳးအျမတ္မ်ားကို တည္ေဆာက္ထူေထာင္ ၊ ခ်ဲ႕ထြင္ကာကြယ္ရန္သာျဖစ္သည္။

၄။ ယခုအခါ အၾကမ္းဖက္စစ္အုပ္စု၏ စီးပြားေရးအင္ပါယာသည္ ေက်ာက္မ်က္ ရတနာေရာင္းဝယ္ျခင္း၊ စက္သုံးဆီျဖန႔္ျဖဴး ေရာင္းခ်ျခင္း၊ ဟိုတယ္လုပ္
ငန္း၊ ဘဏ္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ ဆိပ္ကမ္းဝန္ေဆာင္မႈ မွစ၍ အရက္၊ ဘီယာ၊ စီးကရက္၊ ဘိလပ္ေျမ၊ သံေခ်ာင္း၊ အိမ္မိုးသြပ္ျပား ထုတ္လုပ္ေရာင္းခ်ျခင္းအပါအဝင္ ေကာ္ဖီမစ္၊ တီးမစ္၊ ဆပ္ျပာ၊ သြားတိုက္ေဆးပါမက်န္ ေဈးကြက္နယ္ပယ္စုံ၌ ထိုးေဖာက္ေနရာယူကာ စီးပြားေရးအက်ိဳးအျမတ္မ်ားစြာ ႏွစ္စဥ္ရရွိေနပါသည္။

၅။ ထို႔ေၾကာင့္ အၾကမ္းဖက္စစ္အုပ္စု သက္ဆိုးရွည္ေရးအတြက္ အဓိကအသက္ေသြးေၾကာ ဝင္ေငြရလမ္းျဖစ္သည့္ ပူးတြဲေဖာ္ျပပါ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းစုမ်ားႏွင့္ ဆက္စပ္ထုတ္ကုန္ပစၥည္းမ်ား၊ ဝန္ေဆာင္မႈမ်ားအားဝယ္ယူသုံးစြဲျခင္း၊ သိုေလွာင္ ျဖန႔္ျဖဴး ေရာင္းခ်ျခင္း အလ်ဥ္းမျပဳလုပ္ၾကရန္ႏွင့္ အရွိန္အဟုန္ျမႇင့္ သပိတ္ေမွာက္ၾကရန္ အထူးတိုက္တြန္း ႏႈိးေဆာ္အပ္ပါသည္။

တင္ထြန္းႏိုင္
ျပည္ေထာင္စုဝန္ႀကီး
စီမံကိန္း ဘ႑ာေရးႏွင့္
ရင္းႏွီးျမႇဳပ္ႏွံမႈဝန္ႀကီးဌာန