တိုက်ဆိုင်လို့ မခံနိုင်ရင် ဘလော့သွားကြပါ…ဒူးနဲ့မျက်ရည်သုတ်ရတဲ့ ဘဝမရောက်ခင် ပြင်သင့်တာကိုပြင်ပါ

မယားရှိ ယောက်င်္ကျားတွေ၊ လင်ရှိတဲ့ မယားတွေအသေချာ ဖတ်ကြည့်သွားကြပါ လင်ရှိတဲ့မယားတွေမယားရှိတဲ့ ဖွန်ရူးတွေ သေချာဖတ်ပါ။ ဒူးနဲ့မျက်ရည်သုတ်ရတဲ့ ဘဝမရောက်ခင် ပြင်သင့်တာကိုပြင်ပါ သက္ခာ အကြောက်တရား မရှိရင်ဆက်လုပ်ချင်ရာလုပ်ကြပါ။

သူတော်စဉ်ယောင်ယောင် လူကြီးလူကောင်းယောင်ယောင်နဲ့ ကြောင်သူတော် ကြွက်သခိုးမလုပ်ကြပါနဲ့ Online သုံးပြီး အရွံဆုံးက လင်ရှာမယားရှာ လင်ရူးဖွန်ရူး တွေပဲ။ အိမ်ကညီမ အမနဲ့ဇနီမယားကို လူများတွေကြည့်မှာကို ကြောက်တဲ့လူ သဝန်တိုတတ်တဲ့လူ သူများသားမယားကိုကြတော့ ဘာလို့အချောင်နှိက်ချင်နေကြတာလဲ တိုက်ဆိုင်လို့ စိတ်ဆိုးရင် တစ်ခါတည်း Block သွားပါ အမှန်တရားက အမှန်တရားပါပဲ … “အိမ်ထောင်ရှင်နှင့် On Line ” အန္တရာယ် ခေတ် ကာလ ပြောင်းလာသည်နှင့်အမျှ(ပြစ်မူ့)ကျူးလွန်မှု့များသည် ပို၍ပို၍ လွယ်ကူလှပါတယ် ရှေးယခင်ချစ်သူရည်းစားထားဖို့ခက်ခဲကောင်း.ခက်ခဲပါလိမ့်မယ်။

ယခုခေတ် ကာလတွင် ” Online Chatting”ပြုခြင်း စသည်များပေါများလာပါတယ်။ ဖုံးနှင့်လက်ညိုးထိရုံဖြင့် ရည်းစားဖြစ်သွားကြပါတယ် အိမ်တွင်းပုန်းများ သိက္ခာရှင်အမျိုးသမီးများ ယောက်ျားတယောက်နှင့် ပြင်ပ၌စကားပြောဖို့ ကြောက်ရွံ့သူများပင် အမျိုးသားများစွာဖြင့်” chat box” မှာ သာယာနေကြပါတယ် ” Facebook,Bee-Talk,WeChat “စသည့်နေရာများ၌ အပျိုအအို အိမ်ထောင်သည် လူငယ်လူကြီးများစွာဖြင့် ပြည့်နှက်နေပါတယ် အပျိုလူပျိူကဏ္ဍထက် အိမ်ထောင်သည်ယောက်ျား မိန်းမများလည်း ” online”မိတ်ဆွေများထားရှိကြပါတယ် အချို့အချို့လည်း စည်းရှိကြတယ်။ ထိုသူတို့ အသုံးပြုခြင်းဟာ ဘာသာရေး၊လူမှုရေး၊ သတင်းဆိုင်ရာဗဟုသုတများအတွက် သာဖြစ်ပါတယ်

သို့သော်အချို့အိမ်ထောင်သည်အမျိုးသမီးများသည်ခင်ပွန်းသည်အိမ်မှာမရှိခိုက်”online” ပေါ်မှယောက်ျားကလေးများဖြင့်ပြောဆိုရင်းနှီး ကျွမ်းဝင်ကြပါတယ် မိမိပုံ” ph number” စသည့် ကိုယ်ရေးအချက်များပင်ပေးပို့၍ပျော်ရွှင်နေတတ်ကြပါတယ် ။ အချို့ယောက်ျားများသည် ဘာလာလာ “down “မည်ဆိုသလို လင်မရှိမယားမှန်းသိသိရဲ့ ”သူတောင်ရောသေးတာဘဲ ကိုယ်လဲ” Q “မှာပေါ့”စသဖြင့် တဆင့်တဆင့် ရှေ့သို့တိုးလာကြပါတယ် ဤကဲ့သို့ပင် အချို့အိမ်ထောင်ရှင်ယောက်ျားများသည်လည်း ” online” ပေါ်မှမိန်းကလေးများအားအပြင်၌ချိန်းဆိုခြင်း ချစ်ကြိုက်ပါသည်ဟုပြောဆိုခြင်းစည်းသစ္စာဖောက်မှု့များ ကျူးလွန်လာကြပါတယ်

အချို့မိန်းကလေးများသည် ချစ်မိသည့်အခါ အိမ်ထောင်သည်ဖြစ်နေပါစေ ရယူလိုကြသည် အိမ်ထောင်ရှိအမျိုးသားသည် လူပျိုယောက်ျားလေးထက် အမျိုးသမီးအပေါ်သာယာမှု့ပိုပေးတတ်သောကြောင့် နောက်ဆုံးလွန်ကြူးမိကြသည့် အခါကြီးမားသောပြဿ နာရပ်များပေါ်ပေါက်ကြရသည် ဘာမှမဟုတ်ပါဘူး!ဒီလောက်လည်းမဆိုးရွားလောက်ပါ!အပျော်ဘဲဆိုသည့်” Hi” တလုံးမှစတင်ကာ အိမ်ထောင်ကွဲမှု့များအထိ ဖြစ်လာတတ်ပါတယ် စာတကြောင်း ” call ” လေးတခုကြောင့် သွားလာဟူသည်များဖြစ်လာတတ်ပါတယ်

ကာမပိုင်ဇနီးခင်ပွန်းမဆိုနှင့် ချစ်သူရည်းစားများသည်ပင် မိမိချစ်သူသူစိမ်းသူနှင့် ပြောဆိုဆက်ဆံနေသည်ကို”နှလုံးသားရှိသူ အဘယ်သူလိုလားအံ့နည်း” ဤကဲ့သို့ ကိစ္စရပ်များ ပြသနာများဝမ်းနည်းဖွယ်ဖြစ်ရပ် များသည် တစစနှင့်အင်မတန်များပြားလာလျက်ရှိပါတယ် ထိန်းသိမ်းကြပါ။ အိမ်ထောင်သည်များသည်မိမိခင်ပွန်း/ဇနီး အပေါ်သစ္စာရှိပါ။ ” Online” အသုံးပြုသူများအနေနှင့် သူစိမ်းအမျိုးသား/သမီး များနှင့် အရေးတစုံတရာမှလွဲ၍ ပြောဆိုဆက်ဆံမှု့မှ ရှောင်ပါ။”မိမိ”စိတ်ကိုထိန်းသိမ်းပါ ဤကဲ့သို့ပင် လူပျိုအပျိုများသည်လည်း စည်းထားပါ။ကိုယ်ချင်းစာကျပါ”ငါသာ ထိုယောက်ျား/မိန်းမ၏ အမျိုးသား/အမျိုးသမီး ဖြစ်လျှင် ဘယ်လိုနေမလဲ

ခရက်ဒစ်