တရုတ်အတွက်သေမင်းတမံ (သို့မဟုတ်) ဗြိတိသျှလေယာဉ်တင်သင်္ဘောအုပ်စု

လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်ပြီး အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာတဲ့ ဗြိတိသျှ တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောတပ်စုအနေနဲ့ မလျော်မကန်အပြုအမူမျိုးမလုပ်ဖို့ တရုတ်ကိုသတိပေးလိုက်ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်အနေနဲ့ တိုက်ပွဲဝင် အသင့်အနေအထားရှိနေတယ်လို့ အာဏာရတရုတ်ကွန်မြူနစ်ပါတီ(CCP) အတွက် အာဘော်တစ်ခုဖြစ်တဲ့ အစိုးရထောက်ခံ ဂလိုဘယ်တိုင်းမ်စ် သတင်းစာကဖော်ပြခဲ့ပါတယ်။ တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စုဟာ လက်ရှိမှာဂျပန်နိုင်ငံကို ဦးတည်တဲ့ တောင်တရုတ်ပင်လယ်ရေလမ်းကြောင်းမှာ ခုတ်မောင်းနေပြီး သင်္ဘောအုပ်စုရဲ့အရှေ့အရပ်လမ်းကြောင်းကို တရုတ်ကအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စုရဲ့ ဖြန့်ကျက်မှုအပြီးမှာ ဗြိတိန်အနေနဲ့ယခုနှစ်နှောင်းပိုင်းကစလို့ ဒေသတွင်းမှာ စစ်သင်္ဘောနှစ်စီး အမြဲတမ်းအဖြစ်တပ်ဖြန့်ချထားခဲ့မှာဖြစ်တယ်လို့ တိုကျိုမှာဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲကြေညာချက်အတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဘန်ဝဲလ်လေ့စ်က ပြောဆိုခဲ့ပါတယ်။

လေယာဉ်တင်သင်္ဘောမစ်ရှင်နဲ့ပတ်သက်ပြီး ဗြိတိန်ဟာအခုချိန်အထိ ကိုလိုနီခေတ်ကာလအခြေအနေလို ပြုကျင့်နေတယ်လို့ တရုတ်ကစွပ်စွဲခဲ့ပါတယ်။ ဗြိတိန်တော်ဝင်ရေတပ်ဟာ စင်ကာပူရေတပ်နဲ့ လေ့ကျင့်ရေးအစီအစဉ်တွေလုပ်ဆောင်နေခဲ့ကြောင်း၊ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဘန်ဝဲလေ့စ်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာခုတ်မောင်းသွားလာခွင့်ဆိုတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ လုပ်ဆောင်ရတဲ့ရည်ရွယ်ချက်အတွက် လျှို့ဝှက်မှုမထားကြောင်းဆိုခဲ့ပါတယ်။

ရေဒါပျောက်တိုက်လေယာဉ် F-35 တွေပါဝင်တဲ့ ဗြိတိန် လေယာဉ်တင်သင်္ဘောဟာ ဂျပန်ရဲ့ရေတပ်ဦးစီးဌာနနဲ့ အမေရိကန်ရေတပ် သတ္တမမြောက်လေယာဉ်တင်သင်္ဘောအုပ်စု USS Ronald Reagan တို့တည်ရှိနေတဲ့ ယိုကိုဆူကာရေတပ်အခြေစိုက်စခန်းကို ဆိုက်ကပ်မှာဖြစ်ကြောင်းသိရပါတယ်။

Zawgyi

ေလယာဥ္တင္သေဘၤာ HMS Queen Elizabeth ဦးေဆာင္ၿပီး အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္း ဝင္ေရာက္လာတဲ့ ၿဗိတိသွ် တိုက္ခိုက္ေရးေလယာဥ္တင္သေဘၤာတပ္စုအေနနဲ႔ မေလ်ာ္မကန္အျပဳအမူမ်ိဳးမလုပ္ဖို႔ တ႐ုတ္ကိုသတိေပးလိုက္ပါတယ္။

ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ေရတပ္အေနနဲ႔ တိုက္ပြဲဝင္ အသင့္အေနအထားရွိေနတယ္လို႔ အာဏာရတ႐ုတ္ကြန္ျမဴနစ္ပါတီ(CCP) အတြက္ အာေဘာ္တစ္ခုျဖစ္တဲ့ အစိုးရေထာက္ခံ ဂလိုဘယ္တိုင္းမ္စ္ သတင္းစာကေဖာ္ျပခဲ့ပါတယ္။ တိုက္ခိုက္ေရးေလယာဥ္တင္သေဘၤာအုပ္စုဟာ လက္ရွိမွာဂ်ပန္ႏိုင္ငံကို ဦးတည္တဲ့ ေတာင္တ႐ုတ္ပင္လယ္ေရလမ္းေၾကာင္းမွာ ခုတ္ေမာင္းေနၿပီး သေဘၤာအုပ္စုရဲ႕အေရွ႕အရပ္လမ္းေၾကာင္းကို တ႐ုတ္ကအနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ဆိုပါတယ္။

တိုက္ခိုက္ေရးေလယာဥ္တင္သေဘၤာအုပ္စုရဲ႕ ျဖန႔္က်က္မႈအၿပီးမွာ ၿဗိတိန္အေနနဲ႔ယခုႏွစ္ေႏွာင္းပိုင္းကစလို႔ ေဒသတြင္းမွာ စစ္သေဘၤာႏွစ္စီး အၿမဲတမ္းအျဖစ္တပ္ျဖန႔္ခ်ထားခဲ့မွာျဖစ္တယ္လို႔ တိုက်ိဳမွာဂ်ပန္ကာကြယ္ေရးဝန္ႀကီးနဲ႔ ပူးတြဲေၾကညာခ်က္အတြင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဘန္ဝဲလ္ေလ့စ္က ေျပာဆိုခဲ့ပါတယ္။

ေလယာဥ္တင္သေဘၤာမစ္ရွင္နဲ႔ပတ္သက္ၿပီး ၿဗိတိန္ဟာအခုခ်ိန္အထိ ကိုလိုနီေခတ္ကာလအေျခအေနလို ျပဳက်င့္ေနတယ္လို႔ တ႐ုတ္ကစြပ္စြဲခဲ့ပါတယ္။ ၿဗိတိန္ေတာ္ဝင္ေရတပ္ဟာ စင္ကာပူေရတပ္နဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြလုပ္ေဆာင္ေနခဲ့ေၾကာင္း၊ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဘန္ဝဲေလ့စ္အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ လြတ္လပ္စြာခုတ္ေမာင္းသြားလာခြင့္ဆိုတဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြ လုပ္ေဆာင္ရတဲ့ရည္႐ြယ္ခ်က္အတြက္ လွ်ိဳ႕ဝွက္မႈမထားေၾကာင္းဆိုခဲ့ပါတယ္။

ေရဒါေပ်ာက္တိုက္ေလယာဥ္ F-35 ေတြပါဝင္တဲ့ ၿဗိတိန္ ေလယာဥ္တင္သေဘၤာဟာ ဂ်ပန္ရဲ႕ေရတပ္ဦးစီးဌာနနဲ႔ အေမရိကန္ေရတပ္ သတၱမေျမာက္ေလယာဥ္တင္သေဘၤာအုပ္စု USS Ronald Reagan တို႔တည္ရွိေနတဲ့ ယိုကိုဆူကာေရတပ္အေျခစိုက္စခန္းကို ဆိုက္ကပ္မွာျဖစ္ေၾကာင္းသိရပါတယ္။