တရုတ်ပြည်သမိုင်းမှာမရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်သွားတဲ့ နာမည်ကျော်မင်းသမီး Zhao Wei

နာမည်ကျော်တရုတ်မင်းသမီးဖြစ်တဲ့ Zhao Wei ဟာ တရုတ်နိုင်ငံတွင်း ဗီဒီယိုပလက်ဖောင်းတွေပေါ်ကနေ သူမရဲ့ရုပ်ပုံအားလုံးကို ဖယ်ရှားခံလိုက်ရပြီလို့သိရပါတယ်။ ဆယ်လီတွေအပေါ် ပစ်မှတ်ထားပြီးထိန်းချုပ်နေတဲ့ ဘေဂျင်းအစိုးရရဲ့ နောက်ဆုံးသောသားကောင်အဖြစ် Zhao Wei က ဖြစ်လာခဲ့ပြီး သူမရဲ့ အငွေ့အသက်၊ ပုံရိပ်တွေအားလုံးကို အပြီးတိုင်ပယ်ဖျောက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဘီလျံနာတစ်ဦးလည်းဖြစ်တဲ့ Zhao Wei ဟာ အာရှတိုက်မှာတော့ နာမည်ကျော်ကြားတဲ့ ကြယ်ပွင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး တရုတ်အကယ်ဒမီဆုရသရုပ်ဆောင်နဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကာလတွေမှာ အလွှမ်းမိုးနိုင်ဆုံး တရုတ်မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး Dearest ၊ Mulan ၊ Shaolin Soccer ၊ Painted Skin ၊ Three အစရှိတဲ့ ဇာတ်ကားတွေက သူမရဲ့နာမည်အကြီးဆုံးဇာတ်ကားတွေလည်းဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် Global Times သတင်းစာကတော့ Zhao Wei ဟာ အရှုပ်ထုပ်ပေါင်းများစွာမှာ ပါဝင်ပတ်သက်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ နာမည်ကျော်တရုတ်သူဌေးဂျက်မားရဲ့ အလီဘာဘာအုပ်စုအောက်က ရုပ်ရှင်ကုမ္ပဏဖြစ်တဲ့ Alibaba Pictures Group မှာ သူမရဲ့အစုရှယ်ယားတွေပါဝင်ထားမှုအပါအဝင် ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုထားမှုအမျိုးမျိုးကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။

အဓိကအကြောင်းရင်းကတော့ သူမဟာထိုင်ဝမ်မင်းသားတစ်ဦးကို သူမရိုက်ကူးနေတဲ့ဇာတ်ကားမှာ အဓိကခေါင်းဆောင်မင်းသားအဖြစ် ထည့်သွင်းမှုကနေ စတင်ခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ထိပ်တန်း အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ကလည်း နာမည်ကျော်အနုပညာရှင်တွေအတွက် ကျော်ကြားမှုအရှုပ်တော်ပုံတွေ ပြန့်ပွားစေတဲ့ဆွေးနွေးမှုလမ်းကြောင်းတွေကို ပိတ်ပစ်မယ်လို့ ဒီနေ့မှာပြောဆိုခဲ့ပါတယ်။

နိုင်ငံပိုင်မီဒီယာတွေကလည်း တရုတ်ဖျော်ဖြေရေးယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့ တိုက်တွန်းနေကြပြီး ပြီးခဲ့တဲ့တစ်ပတ်ကပဲ ယောကျ်ားမပီသတဲ့ပုံစံမျိုးတွေကို ရုပ်သံမှာပြသခွင့်ပြုမှာမဟုတ်ဘူးလို့ တားမြစ်ခဲ့ပါသေးတယ်။ Zhao Wei ကတော့ လက်ရှိမှာ ပြင်သစ်ကိုထွက်ခွာသွားပြီလို့ယုံကြည်ရပြီး သူမနဲ့အတူခင်ပွန်းသည်ပါ အတူလိုက်ပါသွားခဲ့ကာ သူမပိုင်နေအိမ်မှာပဲ သွားရောက်နေထိုင်နေတယ်လို့ ဆိုပါတယ်။

သူမရဲ့ရှိသမျှသောပုံရိပ်အားလုံးကို အွန်လိုင်းဗီဒီယိုပလက်ဖောင်းတွေကနေ ဖယ်ရှားပစ်ခဲ့တာဖြစ်ပြီး တရုတ်ပြည်သမိုင်းမှာ Zhao Wei ဆိုတဲ့ မင်းသမီးမရှိခဲ့ဘူးလို့ ပြည်ဖုံးကားချပစ်တဲ့အထိ လုပ်ပစ်ခဲ့တာလို့လည်း ဝေဖန်သူတွေကဆိုပါတယ်။

TRNs

Zawgyi

နာမည္ေက်ာ္တ႐ုတ္မင္းသမီးျဖစ္တဲ့ Zhao Wei ဟာ တ႐ုတ္ႏိုင္ငံတြင္း ဗီဒီယိုပလက္ေဖာင္းေတြေပၚကေန သူမရဲ႕႐ုပ္ပုံအားလုံးကို ဖယ္ရွားခံလိုက္ရၿပီလို႔သိရပါတယ္။ ဆယ္လီေတြအေပၚ ပစ္မွတ္ထားၿပီးထိန္းခ်ဳပ္ေနတဲ့ ေဘဂ်င္းအစိုးရရဲ႕ ေနာက္ဆုံးေသာသားေကာင္အျဖစ္ Zhao Wei က ျဖစ္လာခဲ့ၿပီး သူမရဲ႕ အေငြ႕အသက္၊ ပုံရိပ္ေတြအားလုံးကို အၿပီးတိုင္ပယ္ေဖ်ာက္ခံလိုက္ရတာလည္းျဖစ္ပါတယ္။

ဘီလ်ံနာတစ္ဦးလည္းျဖစ္တဲ့ Zhao Wei ဟာ အာရွတိုက္မွာေတာ့ နာမည္ေက်ာ္ၾကားတဲ့ ၾကယ္ပြင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ၿပီး တ႐ုတ္အကယ္ဒမီဆုရသ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာတစ္ဦးလည္းျဖစ္ပါတယ္။ ၂၀၀၀ ျပည့္ႏွစ္ကာလေတြမွာ အလႊမ္းမိုးႏိုင္ဆုံး တ႐ုတ္မင္းသမီးတစ္ဦးျဖစ္ခဲ့ၿပီး Dearest ၊ Mulan ၊ Shaolin Soccer ၊ Painted Skin ၊ Three အစရွိတဲ့ ဇာတ္ကားေတြက သူမရဲ႕နာမည္အႀကီးဆုံးဇာတ္ကားေတြလည္းျဖစ္ပါတယ္။

တ႐ုတ္အစိုးရပိုင္ Global Times သတင္းစာကေတာ့ Zhao Wei ဟာ အရႈပ္ထုပ္ေပါင္းမ်ားစြာမွာ ပါဝင္ပတ္သက္ေနတယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ နာမည္ေက်ာ္တ႐ုတ္သူေဌးဂ်က္မားရဲ႕ အလီဘာဘာအုပ္စုေအာက္က ႐ုပ္ရွင္ကုမၸဏျဖစ္တဲ့ Alibaba Pictures Group မွာ သူမရဲ႕အစုရွယ္ယားေတြပါဝင္ထားမႈအပါအဝင္ ရင္းႏွီးျမဳပ္ႏွံမႈေတြနဲ႔ပတ္သက္ၿပီး တရားစြဲဆိုထားမႈအမ်ိဳးမ်ိဳးကို အေသးစိတ္ေဖာ္ျပခဲ့ပါတယ္။

အဓိကအေၾကာင္းရင္းကေတာ့ သူမဟာထိုင္ဝမ္မင္းသားတစ္ဦးကို သူမ႐ိုက္ကူးေနတဲ့ဇာတ္ကားမွာ အဓိကေခါင္းေဆာင္မင္းသားအျဖစ္ ထည့္သြင္းမႈကေန စတင္ခဲ့တယ္လို႔ဆိုပါတယ္။ တ႐ုတ္ထိပ္တန္း အင္တာနက္ေစာင့္ၾကည့္ေရးအဖြဲ႕ကလည္း နာမည္ေက်ာ္အႏုပညာရွင္ေတြအတြက္ ေက်ာ္ၾကားမႈအရႈပ္ေတာ္ပုံေတြ ျပန႔္ပြားေစတဲ့ေဆြးေႏြးမႈလမ္းေၾကာင္းေတြကို ပိတ္ပစ္မယ္လို႔ ဒီေန႔မွာေျပာဆိုခဲ့ပါတယ္။

ႏိုင္ငံပိုင္မီဒီယာေတြကလည္း တ႐ုတ္ေဖ်ာ္ေျဖေရးယဥ္ေက်းမႈကို ေျပာင္းလဲပစ္ဖို႔ တိုက္တြန္းေနၾကၿပီး ၿပီးခဲ့တဲ့တစ္ပတ္ကပဲ ေယာက်္ားမပီသတဲ့ပုံစံမ်ိဳးေတြကို ႐ုပ္သံမွာျပသခြင့္ျပဳမွာမဟုတ္ဘူးလို႔ တားျမစ္ခဲ့ပါေသးတယ္။ Zhao Wei ကေတာ့ လက္ရွိမွာ ျပင္သစ္ကိုထြက္ခြာသြားၿပီလို႔ယုံၾကည္ရၿပီး သူမနဲ႔အတူခင္ပြန္းသည္ပါ အတူလိုက္ပါသြားခဲ့ကာ သူမပိုင္ေနအိမ္မွာပဲ သြားေရာက္ေနထိုင္ေနတယ္လို႔ ဆိုပါတယ္။

သူမရဲ႕ရွိသမွ်ေသာပုံရိပ္အားလုံးကို အြန္လိုင္းဗီဒီယိုပလက္ေဖာင္းေတြကေန ဖယ္ရွားပစ္ခဲ့တာျဖစ္ၿပီး တ႐ုတ္ျပည္သမိုင္းမွာ Zhao Wei ဆိုတဲ့ မင္းသမီးမရွိခဲ့ဘူးလို႔ ျပည္ဖုံးကားခ်ပစ္တဲ့အထိ လုပ္ပစ္ခဲ့တာလို႔လည္း ေဝဖန္သူေတြကဆိုပါတယ္။

TRNs