တရုတ်နိူင်ငံ Henan မှာရှိတဲ့ဆည်ကြီးတခု ပြိုကျလုဆဲဆဲဖြစ်နေပြီ

တရုတ်နိုင်ငံ၏ Henan ပြည်နယ်တွင်ရေကြီးမှုများကြောင့် အကြီးအကျယ်ပျက်စီးခဲ့ပြီး ရေကာတာတစ်ခုပေါက်နေသဖြင့်ပြုပြင်ထိန်းသိမ်းကာကွယ်ရန်စစ်တပ်ကို စေလွှတ်ခဲ့
သည်ဟုသိရသည်။

ယခုအပတ်တရုတ်နိုင်ငံရှိ မွန်ဂိုးလီးယားဒေသ
တွင် ရေကာတာ(၂)ခုကျိုးပြီးပေါက်ထွက်ကုန်လို့ ရေလွှမ်းမိုးခဲ့ပြီးဖြစ်သည်။ အင်္ဂါနေ့ကမိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေတက်လာမှုသည် တရုတ်ပြည်အလယ်ပိုင်းရှိ ဟန်နန်ပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး Zhengzhou မြို့ရှိ မြေအောက်ဘူတာများနှင့်လမ်းများပေါ် ရေများလွမ်းမိုးခဲ့ပြီဖြစ်သည်။

အင်္ဂါနေ့ညတွင်လည်း အနီးအနားရှိလူယွမ်မြို့တွင် နေထိုင်သူခုနစ်သန်းသည် ပို၍ဆိုးဝါးသောရေဘေးဒဏ်ကိုရင်ဆိုင်ခဲ့ရသည်။ ၎င်းမြို့မှမြစ်ဝါမြစ်ကို ထိန်းချုပ်ထားသော Yihetan
ရေကာတာသည် မီတာ ၂၀ ခန့်ကျိုးပေါက်မှု့ဖြစ်ခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလက်ရှိအနေအထားသည် မည်သည့်အချိန်တွင်မဆို ပြိုလဲနိုင်သည်ဟုအင်ဂါနေ့ကကြေငြာခဲ့သည်။

တရုတ်မီဒီယာ Weibo ၏ဖေါ်ပြချက်အရ PLA စစ်သားများသည် ရေကာတာများပြန်လည်ပြုပြင်ရန်နှင့် ရေလွှမ်းမိုးမှုများကို လမ်းကြောင်းပြောင်းဖယ်ရှားရန် တပ်များကိုစေလွှတ်ခဲ့သည်ဟုဆိုသည်။

ရှန်ဟိုင်း Daily သတင်းစာ၀ဘ်ဆိုဒ်မှ မျှဝေထားသောဓာတ်ပုံများအရ Yihetan ရေကာတာနှင့် ပြည်နယ်ရှိအခြားရေကာတာများသို့ ထပ်မံရေကြီးမှုမဖြစ်အောင်ကာကွယ်ဖို့စစ်သား ၂၀၀၀၀ နှင့်လက်နက်ကိုင်ရဲတပ်ဖွဲ့အဖြစ်ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏မိုးရာသီတွင် ရေလွှမ်းမိုးခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း မကြာသေးမီဆယ်စုနှစ်များအတွင်းနိုင်ငံ၏အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မှုမှ ာရေကာတာတည်ဆောက်မှုကိုတွေ့မြင်ခဲ့ရပြီး ရလဒ်အနေနှင့်တစ်ချိန်ကရေ
လွှမ်းမိုးခဲ့သောလွင်ပြင်များသို့ စီးဝင်သောမြစ်များကိုလမ်းကြောင်းပြောင်းစေခဲ့သည်။

တနင်္လာနေ့ကတရုတ်နိုင်ငံ၏မွန်ဂိုလီးယားဒေသ
တွင်ဟက်တာ ၂၀၀၀၀ ကျော်ရေလွှမ်းမိုးမှုနှင့်
တံတားများပျက်ဆီးဆုံးရှုံးခဲ့သည်။ဒေသခံ ၁၆,၀၀၀ ခန့်မှာရေဘေးဒဏ်သင့်ခဲ့ကြရသည်။

Zhengzhou City တွင်အနည်းဆုံးလူ ၁၂ ယောက်
သေဆုံးပြီး ၁၀၀,၀၀၀ ဝန်းကျင်ခန့်ကိုကယ်ဆယ်
ခဲ့သည်ဟုအစိုးရပိုင် People’s Daily သတင်းစာကအင်္ဂါနေ့ညကပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးမှုများကြား
တွင် Henan တွင် ပြိုကျလုဆဲဆဲ’ ဆည်များအား
ပြုပြင်ရပ်တန့်ရန်စစ်တပ်ကိုစေလွှတ်ခဲ့သည်ဟု
သိရပါသည်။
Amid rain and floods, China sends military to stop ‘imminent’ dam collapse in Henan
https://www.rt.com/news/529774-china-army-dam-collapse-warning/

Zawgyi

တ႐ုတ္ႏိုင္ငံ၏ Henan ျပည္နယ္တြင္ေရႀကီးမႈမ်ားေၾကာင့္ အႀကီးအက်ယ္ပ်က္စီးခဲ့ၿပီး ေရကာတာတစ္ခုေပါက္ေနသျဖင့္ျပဳျပင္ထိန္းသိမ္းကာကြယ္ရန္စစ္တပ္ကို ေစလႊတ္ခဲ့သည္ဟုသိရသည္။

ယခုအပတ္တ႐ုတ္ႏိုင္ငံရွိ မြန္ဂိုးလီးယားေဒသတြင္ ေရကာတာ(၂)ခုက်ိဳးၿပီးေပါက္ထြက္ကုန္လို႔ ေရလႊမ္းမိုးခဲ့ၿပီးျဖစ္သည္။ အဂၤါေန႔ကမိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္ေရတက္လာမႈသည္ တ႐ုတ္ျပည္အလယ္ပိုင္းရွိ ဟန္နန္ျပည္နယ္တြင္ျဖစ္ပြားခဲ့ၿပီး Zhengzhou ၿမိဳ႕ရွိ ေျမေအာက္ဘူတာမ်ားႏွင့္လမ္းမ်ားေပၚ ေရမ်ားလြမ္းမိုးခဲ့ၿပီျဖစ္သည္။

အဂၤါေန႔ညတြင္လည္း အနီးအနားရွိလူယြမ္ၿမိဳ႕တြင္ ေနထိုင္သူခုနစ္သန္းသည္ ပို၍ဆိုးဝါးေသာေရေဘးဒဏ္ကိုရင္ဆိုင္ခဲ့ရသည္။ ၎ၿမိဳ႕မွျမစ္ဝါျမစ္ကို ထိန္းခ်ဳပ္ထားေသာ Yihetanေရကာတာသည္ မီတာ ၂၀ ခန္႔က်ိဳးေပါက္မႈ႕ျဖစ္ခဲ့ၿပီး တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ကလက္ရွိအေနအထားသည္ မည္သည့္အခ်ိန္တြင္မဆို ၿပိဳလဲႏိုင္သည္ဟုအင္ဂါေန႔ကေၾကျငာခဲ့သည္။

တ႐ုတ္မီဒီယာ Weibo ၏ေဖၚျပခ်က္အရ PLA စစ္သားမ်ားသည္ ေရကာတာမ်ားျပန္လည္ျပဳျပင္ရန္ႏွင့္ ေရလႊမ္းမိုးမႈမ်ားကို လမ္းေၾကာင္းေျပာင္းဖယ္ရွားရန္ တပ္မ်ားကိုေစလႊတ္ခဲ့သည္ဟုဆိုသည္။

ရွန္ဟိုင္း Daily သတင္းစာ၀ဘ္ဆိုဒ္မွ မွ်ေဝထားေသာဓာတ္ပုံမ်ားအရ Yihetan ေရကာတာႏွင့္ ျပည္နယ္ရွိအျခားေရကာတာမ်ားသို႔ ထပ္မံေရႀကီးမႈမျဖစ္ေအာင္ကာကြယ္ဖို႔စစ္သား ၂၀၀၀၀ ႏွင့္လက္နက္ကိုင္ရဲတပ္ဖြဲ႕အျဖစ္ေဖာ္ျပခဲ့သည္။

တ႐ုတ္ႏိုင္ငံ၏မိုးရာသီတြင္ ေရလႊမ္းမိုးျခင္းသည္ ျဖစ္႐ိုးျဖစ္စဥ္ျဖစ္ေသာ္လည္း မၾကာေသးမီဆယ္စုႏွစ္မ်ားအတြင္းႏိုင္ငံ၏အလ်င္အျမန္ဖြံ႕ၿဖိဳးတိုးတက္မႈမွ ာေရကာတာတည္ေဆာက္မႈကိုေတြ႕ျမင္ခဲ့ရၿပီး ရလဒ္အေနႏွင့္တစ္ခ်ိန္ကေရလႊမ္းမိုးခဲ့ေသာလြင္ျပင္မ်ားသို႔ စီးဝင္ေသာျမစ္မ်ားကိုလမ္းေၾကာင္းေျပာင္းေစခဲ့သည္။

တနလၤာေန႔ကတ႐ုတ္ႏိုင္ငံ၏မြန္ဂိုလီးယားေဒသတြင္ဟက္တာ ၂၀၀၀၀ ေက်ာ္ေရလႊမ္းမိုးမႈႏွင့္တံတားမ်ားပ်က္ဆီးဆုံးရႈံးခဲ့သည္။ေဒသခံ ၁၆,၀၀၀ ခန႔္မွာေရေဘးဒဏ္သင့္ခဲ့ၾကရသည္။

Zhengzhou City တြင္အနည္းဆုံးလူ ၁၂ ေယာက္ေသဆုံးၿပီး ၁၀၀,၀၀၀ ဝန္းက်င္ခန္႔ကိုကယ္ဆယ္ခဲ့သည္ဟုအစိုးရပိုင္ People’s Daily သတင္းစာကအဂၤါေန႔ညကေျပာၾကားခဲ့သည္။

မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္ေရႀကီးမႈမ်ားၾကားတြင္ Henan တြင္ ၿပိဳက်လုဆဲဆဲ’ ဆည္မ်ားအားျပဳျပင္ရပ္တန႔္ရန္စစ္တပ္စလႊတ္ခဲ့သည္ဟုသိရပါသည္။
Amid rain and floods, China sends military to stop ‘imminent’ dam collapse in Henan
https://www.rt.com/news/529774-china-army-dam-collapse-warning/