တရုတ်နိုင်ငံမှာနာမည်ကြီးနေတဲ့ မြန်မာနိုင်ငံက အနုပညာ တော်လှန်ရေးသမားများ

ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်နဲ့ သူဇာဝင့်လွင့် တို့သုံးယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိနေကြတဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်နော်။

သူတို့သံုးယောက်လုံးက လတ်တလောမှာဆိုရင် ပြည်သူပရိသတ်တွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေကြတာ ဖြစ်ပါတယ်။ လူထုရဲ့ဆန္ဒနဲ့အတူ တစ်သားတည်းထပ်တူကျတဲ့ သူတို့သုံးယောက်က ပြည်သူတစ်ယောက်နေရာကနေ ကိုယ့်နိုင်ငံအကျိုးအတွက် တာဝန်ကျေပွန်နေတာဖြစ်ပါတယ်။

ပိုင်တံခွန်ဟာဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလို ရဲဝင့်တက်ကြွစွာပါဝင်ပြီး ပြည်သူလူထုကို အရှေ့ဆုံးကနေ ကာကွယ်ပေးနေတာဖြစ်ပါတယ်။ ရွှေကစ်အနေနဲ့ကလည်း တရားစခန်းကပြန်ရောက်ရောက်ချင်းမှာပဲ ပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

“Miss Universe Myanmar 2020” ရဲ့သရဖူပိုင်ရှင်လေးဖြစ်တဲ့ အလှမယ်သူဇာဝင့်လွင်ကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာ မရပ်မနားပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ကိုယ့်နိုင်ငံအတွက် တာဝန်ကိုယ်စီထမ်းရွက်ရင်း အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ သူတို့လေးယောက်ကတော့ အခုဆိုရင် တရုတ်နိုင်ငံ၊ဟောင်ကောင်ရဲ့ သတင်းမီဒီယာတစ်ခုမှာရေးသားဖော်ပြခြင်းခံ လိုက်ရတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်၊ ရွှေကစ်နဲ့သူဇာဝင့်လွင်တို့အပြင် အခြားအနုပညာလောကသားတွေအားလုံးကလည်း လက်ရှိမှာဆိုရင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာပါဝင်နေကြတာပဲ ဖြစ်ပါတယ်။

Credit:celeupdatenews

Zawgyi

ပိုင္တံခြန္၊ ဝတ္မႈန္ေ႐ႊရည္နဲ႔ သူဇာဝင့္လြင့္ တို႔သုံးေယာက္ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီရရွိေနၾကတဲ့ ပရိသတ္အခ်စ္ေတာ္ေလးေတြပဲ ျဖစ္ပါတယ္ေနာ္။

သူတို႔သံုးေယာက္လုံးက လတ္တေလာမွာဆိုရင္ ျပည္သူပရိသတ္ေတြဘက္ကေန အခိုင္အမာရပ္တည္ေပးေနၾကတာ ျဖစ္ပါတယ္။ လူထုရဲ႕ဆႏၵနဲ႔အတူ တစ္သားတည္းထပ္တူက်တဲ့ သူတို႔သုံးေယာက္က ျပည္သူတစ္ေယာက္ေနရာကေန ကိုယ့္ႏိုင္ငံအက်ိဳးအတြက္ တာဝန္ေက်ပြန္ေနတာျဖစ္ပါတယ္။

ပိုင္တံခြန္ဟာဆိုရင္ လူထုလႈပ္ရွားမႈေတြမွာ ေန႔တိုင္းလိုလို ရဲဝင့္တက္ႂကြစြာပါဝင္ၿပီး ျပည္သူလူထုကို အေရွ႕ဆုံးကေန ကာကြယ္ေပးေနတာျဖစ္ပါတယ္။ ေ႐ႊကစ္အေနနဲ႔ကလည္း တရားစခန္းကျပန္ေရာက္ေရာက္ခ်င္းမွာပဲ ျပည္သူေတြနဲ႔အတူလမ္းေပၚထြက္ၿပီး ရင္တြင္းဆႏၵေတြကို ေဖာ္ျပေတာင္းဆိုခဲ့သူ ျဖစ္ပါတယ္။

“Miss Universe Myanmar 2020” ရဲ႕သရဖူပိုင္ရွင္ေလးျဖစ္တဲ့ အလွမယ္သူဇာဝင့္လြင္ကေတာ့ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လူထုလႈပ္ရွားမႈေတြမွာ မရပ္မနားပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။ ကိုယ့္ႏိုင္ငံအတြက္ တာဝန္ကိုယ္စီထမ္း႐ြက္ရင္း အားသြန္ခြန္စိုက္ႀကိဳးစားေနတဲ့ သူတို႔ေလးေယာက္ကေတာ့ အခုဆိုရင္ တ႐ုတ္ႏိုင္ငံ၊ေဟာင္ေကာင္ရဲ႕ သတင္းမီဒီယာတစ္ခုမွာေရးသားေဖာ္ျပျခင္းခံ လိုက္ရတာပဲျဖစ္ပါတယ္။

ပိုင္တံခြန္၊ ေ႐ႊကစ္နဲ႔သူဇာဝင့္လြင္တို႔အျပင္ အျခားအႏုပညာေလာကသားေတြအားလုံးကလည္း လက္ရွိမွာဆိုရင္ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာပါဝင္ေနၾကတာပဲ ျဖစ္ပါတယ္။

Credit:celeupdatenews