တရုတ်စစ်တပ်ဂြိုဟ်တု Yunhai 1-02 ထူးဆန်းစွာပျက်စီးရခြင်းဟာ ရုရှားဒုံးပျံရဲ့လက်ချက်ကြောင့်ဖြစ်တယ်လို့ တွေ့ရှိ

Yunhai 1-02 ဟာ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့က ထူးထူးခြားခြားထိခိုက်မှုရှိခဲ့ပြီး လက်သည်ရှာမရခဲ့ပါဘူး။ အမေရိကန် US Space Force ရဲ့ Space Control Squadron ရဲ့လေ့လာဆန်းစစ်မှုအရ မတ်လ ၁၈ ရက်နေ့ UTC 0741 မှာ Yunhai 1-02 အနား တစ်ကီလိုမီတာအကွာအတွင်းကို ရုရှားဒုံးပျံ Zenit-2 ရဲ့အစအနဖြတ်သန်းသွားတာကိုတွေ့ခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာပဲ တရုတ်စစ်တပ်ဂြိုဟ်တု Yunhai 1-02 မှာပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ “ဒါဟာဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပထမဦးဆုံးအဓိကတိုက်မိခဲ့မှုပါ။”
ဒါဟာပေါ့သေးသေးကိစ္စတစ်ခုမဟုတ်ပါ။ ဒိုမီနိုဆင့်ပွားဖြစ်စဉ်နဲ့ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်သွားနိုင်ပါတယ်။

ဧပြီလတုန်းကလည်း Elon Musk ရဲ့ SpaceX ဟာ OneWeb အာကာသယာဉ်အနီး မီတာ ၆၀ အတွင်းကိုဝင်လာခဲ့ပါတယ်။
NASA သိပ္ပံပညာရှင်ဒေါ်နယ်ကက်စလာရဲ့ ၁၉၇၈ ခုနှစ်ကကြိုမြင်ခဲ့တဲ့ Domino effect ကို သိထားဖို့လိုပါတယ်။ အကယ်လို့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ အာကာသယာဉ်အချင်းချင်းမတော်တဆတိုက်မိခဲ့ရင် တစ်စစီပေါက်ကွဲထွက်သွားမယ့် မရေမတွက်နိုင်တဲ့ အပျက်အစီးအစအနတွေဟာ ကျန်အာကာသယာဉ်တွေကိုပါ ဆင့်ပွားပေါက်ကွဲမှုတွေဖြစ်စေပါလိမ့်မယ်။

အဲ့ဒီပေါက်ကွဲမှုတစ်ခုကနေ မရေမတွက်နိုင်သော ပေါက်ကွဲမှုတွေ ဆက်တိုက်ဆင့်ပွားတွေဖြစ်ကာ ကမ္ဘာပတ်လမ်းထဲမှာ အစအနမျိုးစုံ space debris တွေဖြစ်ပြီး ဂြိုလ်တုအားလုံးပျက်ကျကုန်မယ့်အပြင် ကမ္ဘာပတ်လမ်းထဲကို နောက်ထပ် အာကာသယာဉ်တွေတက်ရတာ အလွန့်အလွန်အန္တရာယ်ဖြစ်စေနိုင်ပါလိမ့်မယ်။ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ဂြိုလ်တုပေါင်း ၁၀၀၀၀၀ နီးပါးဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။

တရုတ်ပြည်လို အစိုးရစည်းကမ်းထိန်းချုပ်မှု government regulations for space programs မရှိတဲ့နိုင်ငံတွေရယ်၊ SpaceX တို့ OneWeb တို့ Blue Origin တို့လို ကမ္ဘာပတ် ခရီးစဉ်ယာဉ်ပျံတွေရယ် တိုးပွားလာမှုတွေကြောင့် အနာဂတ်မှာ ကမ္ဘာ့ပတ်လမ်းအတွင်း တိုက်မိပေါက်ကွဲတဲ့ပြဿနာတွေတိုးပွားလာမှာကို စိုးရိမ်ရပါကြောင်း။

Richard Myo Thant

Zawgyi

Yunhai 1-02 ဟာ ၿပီးခဲ့တဲ့မတ္လ ၁၈ ရက္ေန႔က ထူးထူးျခားျခားထိခိုက္မႈရွိခဲ့ၿပီး လက္သည္ရွာမရခဲ့ပါဘူး။ အေမရိကန္ US Space Force ရဲ႕ Space Control Squadron ရဲ႕ေလ့လာဆန္းစစ္မႈအရ မတ္လ ၁၈ ရက္ေန႔ UTC 0741 မွာ Yunhai 1-02 အနား တစ္ကီလိုမီတာအကြာအတြင္းကို ႐ုရွားဒုံးပ်ံ Zenit-2 ရဲ႕အစအနျဖတ္သန္းသြားတာကိုေတြ႕ခဲ့ရပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ တ႐ုတ္စစ္တပ္ၿဂိဳဟ္တု Yunhai 1-02 မွာေပါက္ကြဲမႈျဖစ္ခဲ့တာပါ။ “ဒါဟာဆယ္စုႏွစ္တစ္ခုအတြင္း ကမာၻပတ္လမ္းေၾကာင္းထဲမွာ ပထမဦးဆုံးအဓိကတိုက္မိခဲ့မႈပါ။”
ဒါဟာေပါ့ေသးေသးကိစၥတစ္ခုမဟုတ္ပါ။ ဒိုမီႏိုဆင့္ပြားျဖစ္စဥ္နဲ႔ ေပါက္ကြဲမႈအႀကီးအက်ယ္ျဖစ္သြားႏိုင္ပါတယ္။

ဧၿပီလတုန္းကလည္း Elon Musk ရဲ႕ SpaceX ဟာ OneWeb အာကာသယာဥ္အနီး မီတာ ၆၀ အတြင္းကိုဝင္လာခဲ့ပါတယ္။
NASA သိပၸံပညာရွင္ေဒၚနယ္ကက္စလာရဲ႕ ၁၉၇၈ ခုႏွစ္ကႀကိဳျမင္ခဲ့တဲ့ Domino effect ကို သိထားဖို႔လိုပါတယ္။ အကယ္လို႔ ကမာၻပတ္လမ္းေၾကာင္းထဲမွာ အာကာသယာဥ္အခ်င္းခ်င္းမေတာ္တဆတိုက္မိခဲ့ရင္ တစ္စစီေပါက္ကြဲထြက္သြားမယ့္ မေရမတြက္ႏိုင္တဲ့ အပ်က္အစီးအစအနေတြဟာ က်န္အာကာသယာဥ္ေတြကိုပါ ဆင့္ပြားေပါက္ကြဲမႈေတြျဖစ္ေစပါလိမ့္မယ္။

အဲ့ဒီေပါက္ကြဲမႈတစ္ခုကေန မေရမတြက္ႏိုင္ေသာ ေပါက္ကြဲမႈေတြ ဆက္တိုက္ဆင့္ပြားေတြျဖစ္ကာ ကမာၻပတ္လမ္းထဲမွာ အစအနမ်ိဳးစုံ space debris ေတြျဖစ္ၿပီး ၿဂိဳလ္တုအားလုံးပ်က္က်ကုန္မယ့္အျပင္ ကမာၻပတ္လမ္းထဲကို ေနာက္ထပ္ အာကာသယာဥ္ေတြတက္ရတာ အလြန႔္အလြန္အႏၲရာယ္ျဖစ္ေစႏိုင္ပါလိမ့္မယ္။ ၂၀၃၀ ခုႏွစ္မွာ ကမာၻပတ္လမ္းေၾကာင္းထဲမွာ ၿဂိဳလ္တုေပါင္း ၁၀၀၀၀၀ နီးပါးျဖစ္လာလိမ့္မယ္လို႔ဆိုပါတယ္။

တ႐ုတ္ျပည္လို အစိုးရစည္းကမ္းထိန္းခ်ဳပ္မႈ government regulations for space programs မရွိတဲ့ႏိုင္ငံေတြရယ္၊ SpaceX တို႔ OneWeb တို႔ Blue Origin တို႔လို ကမာၻပတ္ ခရီးစဥ္ယာဥ္ပ်ံေတြရယ္ တိုးပြားလာမႈေတြေၾကာင့္ အနာဂတ္မွာ ကမာၻ႔ပတ္လမ္းအတြင္း တိုက္မိေပါက္ကြဲတဲ့ျပႆနာေတြတိုးပြားလာမွာကို စိုးရိမ္ရပါေၾကာင္း။

Richard Myo Thant