တရုတ်ကိုတန်ပြန်ဖို့ ထရမ့်ဟာ ကာကွယ်ရေးဝန်ကြီးချုပ်ကို ရာထူးက ဖယ်ရှားလိုက်တာလား?

အက်စပါကိုရာထူးကဖယ်ရှားလိုက်တာဟာ တရုတ်တို့ကိုလည်း စိတ်ပူပန်စေခဲ့ပါတယ်။ ပင်တာဂွန်မှာ သဘောထားတင်းမာသူတွေရဲ့ လှုပ်ရှားမှုတွေရှိလာနိုင်တယ် ဆိုပြီးတော့ စိတ်ပူပန်တာဖြစ်ပါတယ်။ ရုရှနဲ့တရုတ်တို့ဟာ ရွေးကောက်ခံထားရတဲ့ဘိုင်ဒင်ကို နှုတ်ဆက်စကားမပြောကြသေးပါဘူး။

သို့ပေမယ့်တရုတ်တို့ကတော့ တိုင်ဝမ်အရေးမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ စီးပွားရေးဌာနအတွင်းဝန် Keith Krach ဦးဆောင်တဲ့အဖွဲ့နဲ့ တိုင်ဝမ်ကအဖွဲ့တို့ ဝါရှင်တန်မှာဆွေးနွေးကြမှာကို အကြောက်အကန်ကန့်ကွက်နေပါတယ်။ ဒီခရီးစဉ်ဟာ ထရမ့်အစိုးရကစီမံထားတဲ့ကိစ္စဖြစ်ပါတယ်။

ဒါပေမယ့်ဂျပန်၊ကိုရီးယားနဲ့ သြစတြေးလျတို့က ဘိုင်ဒင်နဲ့ဆက်သွယ်ပြီး နှုတ်ဆက်စကားပြောကြားတဲ့အခါမှာ မူလစီမံသဘောတူထားခဲ့ကြတဲ့ ထရမ့်လက်ထက်က သဘောတူညီချက်တွေကို ဆက်လက်ဆောင်ရွက်မယ် အင်ဒိုပစိဖိတ်ဒေသလွတ်လပ်ပွင့်လင်းရေး၊ လုံခြုံရေးစတာတွေကို အာမခံမယ်ဆိုတဲ့အကြောင်း ဘိုင်ဒင်က ပြောလိုက်တဲ့အတွက် တရုတ်တို့ဟာကိုယ်ရှိန်သပ်သွားကြပါတယ်။

ဘာကြောင့်လည်းဆိုရင်တော့ဘိုင်ဒင်ဟာ ထရမ့်ခင်းပေးခဲ့တဲ့ တရုတ်ကိုဝိုင်းပတ်ပိတ်ဆို့ရေး ကိစ္စအပေါ်သွေဖည်သွားဖို့ အလွန်ကိုခက်ခဲမယ်ဆိုတာ သိသွားကြလို့ပါပဲ။ ထရမ့်ရဲ့တရုတ်အပေါ်လုပ်ကွက်တွေကို ကမ္ဘာကသိပြီးသားဖြစ်သလို အီးယူအပါအဝင်အတော်များများက လက်ခံထားပြီးသား လမ်းကြောင်းကြီးဖြစ်နေပါတယ်။

ဘိုင်ဒင်ဟာလမ်းကြောင်းအတိုင်း လိုက်မှဖြစ်ပါလိမ့်မယ်။ အခုပဲဂျပန်၊ကိုရီးယားနဲ့သြစတြေးလျက တောင်းဆိုလာနေပါပြီ။ လမ်းကြောင်းပြောင်းဖို့ခက်ပါတယ်။ တရုတ်တို့ မျှော်လင့်သလောက်ဖြစ်လာမှာမဟုတ်ပါဘူး။

*သုံးသပ်ချက်

တချို့ကလည်း အက်စပါဖယ်ရှားခံရတာဟာ ပြည်တွင်းကဆန္ဒပြသူတွေကို နှိပ်ကွပ်ဖို့သဘောမတူလို့ ဖြုတ်လိုက်တာဖြစ်တယ်။ အခုထရမ့်က ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘူး။ သူ့ကိုထောက်ခံသူတွေက ရုန်းရင်ဆန်ခတ်လုပ်ဖို့ရှိတယ်။ အဲ့ဒီအခါမှာ ကျန်ပြည်သူတွေကကောင်တာလုပ်ပြီး တန်ပြန်လာရင်နှိပ်ကွပ်ဖို့ သူ့အမိန့် နာခံမယ့်သူကို ခန့်ချင်လို့လုပ်တာဆိုပြီးပြောကြပါတယ်။ အမေရိကန်လိုနိုင်ငံမှာ ဒါမျိုးအဖြစ်ခံမှာမဟုတ်တာကတော့ သေချာပါတယ်။

မဲရှုံးလို့ပွဲကြမ်းနေတယ်ဆိုတာကတော့ ပြောမယ်ဆိုရင်ပြောလို့ရတယ်။ သူ့ကိုမဲမသမာမှုတွေနဲ့ ဝိုင်းလုပ်ကြတယ်ဆိုပြီး သူကလည်းပြန်ရင်ဆိုင်ထားဆဲဆိုတော့ ဘယ်ဟာမှ တစ်ထစ်ချပြောလို့မရသေးတဲ့အချိန်ဖြစ်နေဆဲပါ။

သို့သော်အက်စပါကိုဖြုတ်လိုက်တာဟာ တရုတ်ကိုစစ်ကြေညာဖို့၊ ပြည်တွင်းကဆန္ဒပြပွဲတွေရှိလာရင်နှိပ်ကွပ်ဖို့၊ နောက်လူကိုပြဿနာတွေနဲ့ပေးထားခဲ့ချင်လို့ စတဲ့ အထင်တွေထက်စာရင်တော့ ငါ့စကားနားမထောင်ခဲ့ဖူးတဲ့အက်စပါကို ငါမသွားခင်ဖြုတ်ခဲ့မယ်။ အလုပ်ဖြုတ်ခံရသူဖြစ်စေမယ်။

လူတွေလည်းဖြုံသွားစေရမယ်ဆိုတဲ့ အတ္တပြဿနာလောက်ပဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်

“အက်စပါကိုအားချင်းကြီးဖြုတ်ပြလိုက်တာက သမ္မတထရမ့်ဟာ သူ့ရဲ့အိမ်ဖြူတော်နောက်ဆုံးနေ့ရက်တွေမှာ အမေရိကန်ဒီမိုကရေစီနဲ့ကမ္ဘာကြီးကို ဖရိုဖရဲပရမ်းပတာဖြစ်အောင် လုပ်ဖို့ရှိတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ” လို့

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပဲလိုစီကပြောထားပါတယ်။ ကမ္ဘာသူကမ္ဘာသားအားလုံးတို့ဟာ မဲနိုင်သူတွေအတွက်ရော မဲရှုံးသူတွေအတွက်ပါ ဆုတောင်းနေကြရပါပြီ။

CRD_Pi Lon

Zawgyi

အက္စပါကိုရာထူးကဖယ္ရွားလိုက္တာဟာ တ႐ုတ္တို႔ကိုလည္း စိတ္ပူပန္ေစခဲ့ပါတယ္။ ပင္တာဂြန္မွာ သေဘာထားတင္းမာသူေတြရဲ႕ လႈပ္ရွားမႈေတြရွိလာႏိုင္တယ္ ဆိုၿပီးေတာ့ စိတ္ပူပန္တာျဖစ္ပါတယ္။ ႐ုရွနဲ႔တ႐ုတ္တို႔ဟာ ေ႐ြးေကာက္ခံထားရတဲ့ဘိုင္ဒင္ကို ႏႈတ္ဆက္စကားမေျပာၾကေသးပါဘူး။

သို႔ေပမယ့္တ႐ုတ္တို႔ကေတာ့ တိုင္ဝမ္အေရးမွာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ဖို႔ဆိုၿပီးေတာ့ စီးပြားေရးဌာနအတြင္းဝန္ Keith Krach ဦးေဆာင္တဲ့အဖြဲ႕နဲ႔ တိုင္ဝမ္ကအဖြဲ႕တို႔ ဝါရွင္တန္မွာေဆြးေႏြးၾကမွာကို အေၾကာက္အကန္ကန႔္ကြက္ေနပါတယ္။ ဒီခရီးစဥ္ဟာ ထရမ့္အစိုးရကစီမံထားတဲ့ကိစၥျဖစ္ပါတယ္။

ဒါေပမယ့္ဂ်ပန္၊ကိုရီးယားနဲ႔ ၾသစေၾတးလ်တို႔က ဘိုင္ဒင္နဲ႔ဆက္သြယ္ၿပီး ႏႈတ္ဆက္စကားေျပာၾကားတဲ့အခါမွာ မူလစီမံသေဘာတူထားခဲ့ၾကတဲ့ ထရမ့္လက္ထက္က သေဘာတူညီခ်က္ေတြကို ဆက္လက္ေဆာင္႐ြက္မယ္ အင္ဒိုပစိဖိတ္ေဒသလြတ္လပ္ပြင့္လင္းေရး၊ လုံၿခဳံေရးစတာေတြကို အာမခံမယ္ဆိုတဲ့အေၾကာင္း ဘိုင္ဒင္က ေျပာလိုက္တဲ့အတြက္ တ႐ုတ္တို႔ဟာကိုယ္ရွိန္သပ္သြားၾကပါတယ္။

ဘာေၾကာင့္လည္းဆိုရင္ေတာ့ဘိုင္ဒင္ဟာ ထရမ့္ခင္းေပးခဲ့တဲ့ တ႐ုတ္ကိုဝိုင္းပတ္ပိတ္ဆို႔ေရး ကိစၥအေပၚေသြဖည္သြားဖို႔ အလြန္ကိုခက္ခဲမယ္ဆိုတာ သိသြားၾကလို႔ပါပဲ။ ထရမ့္ရဲ႕တ႐ုတ္အေပၚလုပ္ကြက္ေတြကို ကမာၻကသိၿပီးသားျဖစ္သလို အီးယူအပါအဝင္အေတာ္မ်ားမ်ားက လက္ခံထားၿပီးသား လမ္းေၾကာင္းႀကီးျဖစ္ေနပါတယ္။

ဘိုင္ဒင္ဟာလမ္းေၾကာင္းအတိုင္း လိုက္မွျဖစ္ပါလိမ့္မယ္။ အခုပဲဂ်ပန္၊ကိုရီးယားနဲ႔ၾသစေၾတးလ်က ေတာင္းဆိုလာေနပါၿပီ။ လမ္းေၾကာင္းေျပာင္းဖို႔ခက္ပါတယ္။ တ႐ုတ္တို႔ ေမွ်ာ္လင့္သေလာက္ျဖစ္လာမွာမဟုတ္ပါဘူး။

*သုံးသပ္ခ်က္

တခ်ိဳ႕ကလည္း အက္စပါဖယ္ရွားခံရတာဟာ ျပည္တြင္းကဆႏၵျပသူေတြကို ႏွိပ္ကြပ္ဖို႔သေဘာမတူလို႔ ျဖဳတ္လိုက္တာျဖစ္တယ္။ အခုထရမ့္က ေ႐ြးေကာက္ပြဲရလဒ္ကိုလက္မခံဘူး။ သူ႔ကိုေထာက္ခံသူေတြက ႐ုန္းရင္ဆန္ခတ္လုပ္ဖို႔ရွိတယ္။ အဲ့ဒီအခါမွာ က်န္ျပည္သူေတြကေကာင္တာလုပ္ၿပီး တန္ျပန္လာရင္ႏွိပ္ကြပ္ဖို႔ သူ႔အမိန႔္ နာခံမယ့္သူကို ခန႔္ခ်င္လို႔လုပ္တာဆိုၿပီးေျပာၾကပါတယ္။ အေမရိကန္လိုႏိုင္ငံမွာ ဒါမ်ိဳးအျဖစ္ခံမွာမဟုတ္တာကေတာ့ ေသခ်ာပါတယ္။

မဲရႈံးလို႔ပြဲၾကမ္းေနတယ္ဆိုတာကေတာ့ ေျပာမယ္ဆိုရင္ေျပာလို႔ရတယ္။ သူ႔ကိုမဲမသမာမႈေတြနဲ႔ ဝိုင္းလုပ္ၾကတယ္ဆိုၿပီး သူကလည္းျပန္ရင္ဆိုင္ထားဆဲဆိုေတာ့ ဘယ္ဟာမွ တစ္ထစ္ခ်ေျပာလို႔မရေသးတဲ့အခ်ိန္ျဖစ္ေနဆဲပါ။

သို႔ေသာ္အက္စပါကိုျဖဳတ္လိုက္တာဟာ တ႐ုတ္ကိုစစ္ေၾကညာဖို႔၊ ျပည္တြင္းကဆႏၵျပပြဲေတြရွိလာရင္ႏွိပ္ကြပ္ဖို႔၊ ေနာက္လူကိုျပႆနာေတြနဲ႔ေပးထားခဲ့ခ်င္လို႔ စတဲ့ အထင္ေတြထက္စာရင္ေတာ့ ငါ့စကားနားမေထာင္ခဲ့ဖူးတဲ့အက္စပါကို ငါမသြားခင္ျဖဳတ္ခဲ့မယ္။ အလုပ္ျဖဳတ္ခံရသူျဖစ္ေစမယ္။

လူေတြလည္းၿဖဳံသြားေစရမယ္ဆိုတဲ့ အတၱျပႆနာေလာက္ပဲျဖစ္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္

“အက္စပါကိုအားခ်င္းႀကီးျဖဳတ္ျပလိုက္တာက သမၼတထရမ့္ဟာ သူ႔ရဲ႕အိမ္ျဖဴေတာ္ေနာက္ဆုံးေန႔ရက္ေတြမွာ အေမရိကန္ဒီမိုကေရစီနဲ႔ကမာၻႀကီးကို ဖ႐ိုဖရဲပရမ္းပတာျဖစ္ေအာင္ လုပ္ဖို႔ရွိတယ္ဆိုတာကို သက္ေသျပလိုက္တာပါပဲ” လို႔

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠဌ နန္စီပဲလိုစီကေျပာထားပါတယ္။ ကမာၻသူကမာၻသားအားလုံးတို႔ဟာ မဲႏိုင္သူေတြအတြက္ေရာ မဲရႈံးသူေတြအတြက္ပါ ဆုေတာင္းေနၾကရပါၿပီ။

CRD_Pi Lon