တစ်မူထူးခြားတဲ့ စိမ်းပြာရောင်ကာလာလေးနဲ့ ချစ်စရာကောင်းနေသော လေလွင့်ကြောင်လေး(ရုပ်သံ)

Video ဖိုင်အောက်ဆုံးမှာပါတယ်နော်။ အရမ်းချသ်ဖို့ကောင်းလို့ video ဖိုင်ကိုကြည့်သွားအူံနော်။ တိရိစ္ဆာန်‌ကောင်လေးတွေရဲ့ ထူးခြားတဲ့ပုံသဏ္ဌာန်မျိုးစုံနဲ့ ရုပ်ပုံတွေကို ကျွန်တော်တို့ အမြဲလိုလို မြင်ဖူးတွေ့ဖူးကြပါတယ်။

ဥပမာ‌အနေနဲ့ပြောရမယ်ဆိုရင် နားရွက်တစ်ဖက်ဘဲရှိတဲ့ကြောင်‌လေးတွေ မွေးရာပါဦးခေါင်းနှစ်လုံးပါတဲ့ကြောင်လေးတွေ အစရှိတဲ့ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ကြောင်လေး တွေကိုလည်း မြင်တွေ့ဖူးကြပါတယ်။

ခုတစ်ခါမှာတော့ အခြားကြောင်လေးတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ စိမ်းပြာရောင်ကာလာလေးနဲ့ ချစ်စရာကြောင်လေးကိုဖော်ပြပေးမှာ ‌ဘဲဖြစ်ပါတယ်။ ဒီစိမ်းပြာရောင် ကြောင်‌လေး က Bulgarian နိုင်ငံ Varna မြို့ရှိ လမ်းပေါ်တွေမှာ အစာရှာပြီး ထင်ရာမြင်ရာလျှောက်သွားနေတဲ့ လေလွင့်ကြောင်လေးဘဲဖြစ်ပါတယ်။

ဒီကြောင်လေးရဲ့ အရောင်ကာလာဟာ လူသားတွေ အရောင်ဆိုးယူထားတာမဟုတ်ဘဲ မွေးရာပါပင်ကိုယ်အရောင်လေးဘဲဖြစ်တယ်လို့ သိရပါတယ်။

ကြောင်လေးက ဘယ်လိုဘာကြောင့်ကနေ စိမ်းပြာရောင်ဖြစ်ရလဲဆိုတဲ့ အကြောင်းတရား‌တွေကိုတော့ ပြောပြထားခြင်းမရှိပါဘူး။ စိမ်းပြာရောင်ကြောင်လေးရဲ့ပုံတွေကို စာဖတ်ပရိသတ်များကြည့်ရှုနိုင်ရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Zawgyi




