တစက္ကန့်ကို ဇာတ်ကား ၈ သောင်းလောက် download ဆွဲနိုင်မယ့် ဂျပန်ရဲ့မြန်နှုန်းမြင့် အင်တာနက်စံချိန်သစ်

အင်တာနက်ဟာ လုပ်ငန်းများနှင့် နေ့စဉ်လူနေ့မှုဘဝအတွက် မရှိမဖြစ် အရေးပါသည့်ကဏ္ဍတွင် ရှိနေပြီဖြစ်လို့ အင်တာနက် မြန်နှုန်းဟာလည်း အရေးကြီးလာပါတယ်။

နည်းပညာတွေ အဆင့်မြင့်လာပြီး ဆင့်ကဲတိုးတက်လာသည်နှင့် အမျှ အင်တာနက်အမြန်နှုန်းများဟာလည်း နောက်ကျကျန်မနေခဲ့ပါဘူး။

ဟုတ်ပါတယ်။ အမြန်ဆုံးအင်တာနက်ကို ဂျပန်မှ ထပ်မံစံချိန်တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဂျပန်ကဆိုတော့ အံ့အားသင့်ပါ့ မလားတော့ မသိပါဘူး။

319 Terabits per second or 319 Tbps ဆိုတာ။ဂျပန်နိုင်ငံရှိ အင်ဂျင်နီယာများဟာ တစက္ကန့်လျှင် 319 Terabits (319 Tbps) ပေးပို့နိုင်တဲ့ အင်တာနက်အမြန်နှုန်းဖြင့် ကမ္ဘာ့အမြန်ဆုံး အင်တာနက်အဖြစ် စာရင်းဝင်သွားပါတယ်။

ဒီအမြန်နှုန်းကို ဘယ်လောက်တောင် မြန်လဲဆိုတာ နားမလည်ဘူးဆိုပါက တစက္ကန့်အတွင်း 500MB လောက်ရှိတဲ့ ရုပ်ရှင် ပေါင်း ၈ သောင်းလောက် download လုပ်နိုင်တယ်လို့ အကြမ်းဖျင်းအားဖြင့် ယူဆလို့ရပါတယ်။

1GB လောက်ရှိတဲ့ ရုပ်ရှင်ဆိုရင်တော့ တစက္ကန့်အတွင်း ၃၉၈၇၅ ကားလောက် မျက်လှည့်ပြလိုက်သလို Download ဆွဲနိုင်မှာပါ။ဒါဟာ အင်တာနက်အမြန်နှုန်းဖြစ်ပေမယ့် download ဆွဲပြီး သိမ်းမယ့် HDD/SSD က write speed က အဲလောက်မရှိရင်တော့ အထက်ကလို စက်ထဲကိုချက်ချင်းတော့ ရောက်လာမှာ မဟုတ်ပါဘူး။

ပြောရရင် သိမ်းဆည်းမယ့်စက်ကသာ လက်ခံနိုင်တဲ့အမြန်နှုန်းရှိရင် အဲဒီလောက်အထိရနေပြီလို ဆိုလိုတာဖြစ်ပါတယ်။ 319 Tbps အမြန်နှုန်းကို GB/s နှင့် ပြန်ဖွဲ့ပါက 39875 Gigabytes/Second ရှိပါတယ်။ ဆိုလိုတာကတော့ တစက္ကန့်ကို 39875 GB download ဆွဲနိုင်မယ်ကိုပြောတာပါ။

ကျွန်တော်တို့အတွက်ကတော့ အင်တာနက်ဖိုး မတတ်နိုင်တာနဲ့ကို အဲဒီ့ အမြန်နှုန်းနဲ့ သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုစံချိန်ချိုးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ၏ National Institute of Information and Communications Technology မှ သုတေသီများဟာ ပုံမှန် core တခုသာပါတဲ့ optic fiber ကြိုးအစား core လေးခုပါသည့် စမ်းသပ်ဖိုက်ဘာကြိုးကို တည်ထွင်ခဲ့ပါတယ်။

အဲဒီ့နောက်၎င်းတို့ကို အကွာအဝေး မိုင် ၁၈၀၀ လောက် ဝေးကွာသည့်နေရာသို့ တစက္ကန့်လျှင် 319Tbps ဖြင့် ပေးပို့နိုင်သည့် လှိုင်းအလျားအမျိုးမျိုးနှင့် အချက်ပြလှိုင်းချဲ့ပေးသည့် နည်းစနစ်သုံး လေဆာဖြင့်ဖိုင်ဘာကို ပေါင်းစပ်ထားပါတယ်။

ယခင်အလျှင်မြန်ဆုံး ရှိခဲ့သည့်အင်တာနက် အမြန်နှုန်းစံချိန်ဟာ 44.2 Terabits per second သာရှိခဲ့ပြီး အဆိုပါအမြန်နှုန်းရောက်ရှိအောင် Micro-comb လို့ခေါ်တဲ့ စက်ပစ္စည်းအသစ်ကို အသုံးပြုခြင်းဖြင့် ဩစတြေးလျ သုတေသီများဟာ အောင်မြင်မှု ရရှိခဲ့တာပါ။

အဲဒီ့စံချိန်ကို UCL အီလက်ထရောနစ်နှင့် လျှပ်စစ်စက်မှုဌာနမှ ဒေါက်တာ Lidia Galdino ဟာ Xtera နှင့် KDDI Research ဆိုသည့် ကုမ္ပဏီ ၂ ခုနှင့်ပူးပေါင်းပြီး တစက္ကန့်လျှင် 178 Terabits နှုန်းဖြင့် ထပ်မံ ချိုးဖျက်ခဲ့ပြန်ပါတယ်။

အခုတော့ အဆိုပါစံချိန်များထက် အလွန်အမင်း သာလွန်တဲ့ အမြန်နှုန်းတခုကို ရောက်ရှိလာခဲ့ပြီး Netflix က ဇာတ်ကားတွေ အကုန်လုံး download ဆွဲပစ်ရင်တောင် ဘယ်လောက်မှကြာမယ် မထင်ပါဘူး။

အံ့ဖွယ်စံချိန်ကြောင့် ကမ္ဘာ့ပေါ်ရှိ အင်တာနက်အမြန်နှုန်းများပါ တိုးတက်လာမှာလား။ ဒီစံချိန်သစ်ဟာ ယခင်ကစံချိန်တင်ထားတဲ့ အင်တာနက်အမြန်နှုန်းထက် ၂ ဆလောက်ရှိပြီး ဒါဟာအမေရိကန်ရှိ ပျမ်းမျှအိမ်သုံး အင်တာနက်အမြန်နှုန်းထက် အဆပေါင်း ၇.၆ သန်းလောက် မြန်ပါတယ်။ ဟုတ်ပါတယ်။

ဒီလိုအမိုက်စား အင်တာနက် အမြန်နှုန်းရရှိဖို့ အသုံးပြုတဲ့လေဆာနဲ့ လှိုင်းချဲ့ကိရိယာတွေဟာ ဈေးသက်သာပြီး အိမ်သုံးအတွက် 300Tbps လောက် ရရှိမယ်ထင်နေရင်တော့ မေ့ပစ်လိုက်ပါ။

ဒီလိုဖြစ်လာဖို့ဆိုတာ အချိန်တွေများစွာ လိုအပ်ပါသေးတယ်။ အခုကတော့ အင်တာနက်ကို ဘယ်လောက်အမြန်နှုန်းအထိ အမြင့်ဆုံးသွားနိုင်မလဲဆိုတာကို စမ်းသပ်တဲ့ စံချိန်ချိုးမှု သပ်သပ်ပါပဲ။

Crd..Qmedia

Zawgyi

အင္တာနက္ဟာ လုပ္ငန္းမ်ားႏွင့္ ေန႔စဥ္လူေန႔မႈဘဝအတြက္ မရွိမျဖစ္ အေရးပါသည့္က႑တြင္ ရွိေနၿပီျဖစ္လို႔ အင္တာနက္ ျမန္ႏႈန္းဟာလည္း အေရးႀကီးလာပါတယ္။

နည္းပညာေတြ အဆင့္ျမင့္လာၿပီး ဆင့္ကဲတိုးတက္လာသည္ႏွင့္ အမွ် အင္တာနက္အျမန္ႏႈန္းမ်ားဟာလည္း ေနာက္က်က်န္မေနခဲ့ပါဘူး။

ဟုတ္ပါတယ္။ အျမန္ဆုံးအင္တာနက္ကို ဂ်ပန္မွ ထပ္မံစံခ်ိန္တင္လိုက္ျပန္ၿပီ ျဖစ္ပါတယ္။ ဂ်ပန္ကဆိုေတာ့ အံ့အားသင့္ပါ့ မလားေတာ့ မသိပါဘူး။

319 Terabits per second or 319 Tbps ဆိုတာ။ဂ်ပန္ႏိုင္ငံရွိ အင္ဂ်င္နီယာမ်ားဟာ တစကၠန႔္လွ်င္ 319 Terabits (319 Tbps) ေပးပို႔ႏိုင္တဲ့ အင္တာနက္အျမန္ႏႈန္းျဖင့္ ကမာၻ႔အျမန္ဆုံး အင္တာနက္အျဖစ္ စာရင္းဝင္သြားပါတယ္။

ဒီအျမန္ႏႈန္းကို ဘယ္ေလာက္ေတာင္ ျမန္လဲဆိုတာ နားမလည္ဘူးဆိုပါက တစကၠန႔္အတြင္း 500MB ေလာက္ရွိတဲ့ ႐ုပ္ရွင္ ေပါင္း ၈ ေသာင္းေလာက္ download လုပ္ႏိုင္တယ္လို႔ အၾကမ္းဖ်င္းအားျဖင့္ ယူဆလို႔ရပါတယ္။

1GB ေလာက္ရွိတဲ့ ႐ုပ္ရွင္ဆိုရင္ေတာ့ တစကၠန႔္အတြင္း ၃၉၈၇၅ ကားေလာက္ မ်က္လွည့္ျပလိုက္သလို Download ဆြဲႏိုင္မွာပါ။ဒါဟာ အင္တာနက္အျမန္ႏႈန္းျဖစ္ေပမယ့္ download ဆြဲၿပီး သိမ္းမယ့္ HDD/SSD က write speed က အဲေလာက္မရွိရင္ေတာ့ အထက္ကလို စက္ထဲကိုခ်က္ခ်င္းေတာ့ ေရာက္လာမွာ မဟုတ္ပါဘူး။

ေျပာရရင္ သိမ္းဆည္းမယ့္စက္ကသာ လက္ခံႏိုင္တဲ့အျမန္ႏႈန္းရွိရင္ အဲဒီေလာက္အထိရေနၿပီလို ဆိုလိုတာျဖစ္ပါတယ္။ 319 Tbps အျမန္ႏႈန္းကို GB/s ႏွင့္ ျပန္ဖြဲ႕ပါက 39875 Gigabytes/Second ရွိပါတယ္။ ဆိုလိုတာကေတာ့ တစကၠန႔္ကို 39875 GB download ဆြဲႏိုင္မယ္ကိုေျပာတာပါ။

ကြၽန္ေတာ္တို႔အတြက္ကေတာ့ အင္တာနက္ဖိုး မတတ္ႏိုင္တာနဲ႔ကို အဲဒီ့ အျမန္ႏႈန္းနဲ႔ သုံးႏိုင္မွာ မဟုတ္ပါဘူး။ ဒီလိုစံခ်ိန္ခ်ိဳးႏိုင္ဖို႔အတြက္ ဂ်ပန္ႏိုင္ငံ၏ National Institute of Information and Communications Technology မွ သုေတသီမ်ားဟာ ပုံမွန္ core တခုသာပါတဲ့ optic fiber ႀကိဳးအစား core ေလးခုပါသည့္ စမ္းသပ္ဖိုက္ဘာႀကိဳးကို တည္ထြင္ခဲ့ပါတယ္။

အဲဒီ့ေနာက္၎တို႔ကို အကြာအေဝး မိုင္ ၁၈၀၀ ေလာက္ ေဝးကြာသည့္ေနရာသို႔ တစကၠန႔္လွ်င္ 319Tbps ျဖင့္ ေပးပို႔ႏိုင္သည့္ လႈိင္းအလ်ားအမ်ိဳးမ်ိဳးႏွင့္ အခ်က္ျပလႈိင္းခ်ဲ႕ေပးသည့္ နည္းစနစ္သုံး ေလဆာျဖင့္ဖိုင္ဘာကို ေပါင္းစပ္ထားပါတယ္။

ယခင္အလွ်င္ျမန္ဆုံး ရွိခဲ့သည့္အင္တာနက္ အျမန္ႏႈန္းစံခ်ိန္ဟာ 44.2 Terabits per second သာရွိခဲ့ၿပီး အဆိုပါအျမန္ႏႈန္းေရာက္ရွိေအာင္ Micro-comb လို႔ေခၚတဲ့ စက္ပစၥည္းအသစ္ကို အသုံးျပဳျခင္းျဖင့္ ဩစေၾတးလ် သုေတသီမ်ားဟာ ေအာင္ျမင္မႈ ရရွိခဲ့တာပါ။

အဲဒီ့စံခ်ိန္ကို UCL အီလက္ထေရာနစ္ႏွင့္ လွ်ပ္စစ္စက္မႈဌာနမွ ေဒါက္တာ Lidia Galdino ဟာ Xtera ႏွင့္ KDDI Research ဆိုသည့္ ကုမၸဏီ ၂ ခုႏွင့္ပူးေပါင္းၿပီး တစကၠန႔္လွ်င္ 178 Terabits ႏႈန္းျဖင့္ ထပ္မံ ခ်ိဳးဖ်က္ခဲ့ျပန္ပါတယ္။

အခုေတာ့ အဆိုပါစံခ်ိန္မ်ားထက္ အလြန္အမင္း သာလြန္တဲ့ အျမန္ႏႈန္းတခုကို ေရာက္ရွိလာခဲ့ၿပီး Netflix က ဇာတ္ကားေတြ အကုန္လုံး download ဆြဲပစ္ရင္ေတာင္ ဘယ္ေလာက္မွၾကာမယ္ မထင္ပါဘူး။

အံ့ဖြယ္စံခ်ိန္ေၾကာင့္ ကမာၻ႔ေပၚရွိ အင္တာနက္အျမန္ႏႈန္းမ်ားပါ တိုးတက္လာမွာလား။ ဒီစံခ်ိန္သစ္ဟာ ယခင္ကစံခ်ိန္တင္ထားတဲ့ အင္တာနက္အျမန္ႏႈန္းထက္ ၂ ဆေလာက္ရွိၿပီး ဒါဟာအေမရိကန္ရွိ ပ်မ္းမွ်အိမ္သုံး အင္တာနက္အျမန္ႏႈန္းထက္ အဆေပါင္း ၇.၆ သန္းေလာက္ ျမန္ပါတယ္။ ဟုတ္ပါတယ္။

ဒီလိုအမိုက္စား အင္တာနက္ အျမန္ႏႈန္းရရွိဖို႔ အသုံးျပဳတဲ့ေလဆာနဲ႔ လႈိင္းခ်ဲ႕ကိရိယာေတြဟာ ေဈးသက္သာၿပီး အိမ္သုံးအတြက္ 300Tbps ေလာက္ ရရွိမယ္ထင္ေနရင္ေတာ့ ေမ့ပစ္လိုက္ပါ။

ဒီလိုျဖစ္လာဖို႔ဆိုတာ အခ်ိန္ေတြမ်ားစြာ လိုအပ္ပါေသးတယ္။ အခုကေတာ့ အင္တာနက္ကို ဘယ္ေလာက္အျမန္ႏႈန္းအထိ အျမင့္ဆုံးသြားႏိုင္မလဲဆိုတာကို စမ္းသပ္တဲ့ စံခ်ိန္ခ်ိဳးမႈ သပ္သပ္ပါပဲ။

Crd..Qmedia