ညအိပ်ချိန်မှာ ဘရာဇီယာချွတ်အိပ်သင့်သလား ?

မိန်းကလေးအချို့က ဘရာဇီယာကိုအချိန်တိုင်း၊အချိန်ပြည့် ဝတ်ထားရတာကိုပဲသက်တောင့်သက်သာရှိတယ်လို့ဆိုပါတယ်။ ဘရာဇီယာကရင်သားတွဲကျခြင်းနှင့် ရင်သားပုံမကျခြင်းတို့မှ ကာကွယ်ဖို့အတွက်အမြဲဝတ်ထားသင့်တယ်ဆိုပေမယ့်လည်း ညအိပ်တဲ့အခါမှာတော့မဝတ်သင့်ပါဘူးနော်။

ညအိပ်တဲ့အခါမှာ ဘရာဇီယာဝတ်အိပ်ခြင်းကြောင့် ကျန်းမာရေးအတွက် ဘယ်လိုဆိုကျိုးတွေသက်ရောက်နိုင်လဲဆိုတာကို သိရှိနိုင်ဖို့အတွက်ဝေမျှပေးလိုက်ပါတယ်နော်။

ညအိပ်ချိန်မှာတင်းကြပ်နေတဲ့ဘရာဇီယာဝတ်အိပ်ခြင်းကြောင့် သွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေပြီး ရင်သားကြီးထွားမှုကိုနှောင့်နှေးစေပါတယ်။ ဒါ့အပြင်ဟော်မုန်းဓာတ်မညီညွတ်ခြင်းကြောင့် စိတ်ခံစားမှုအတက်အကျမြန်ခြင်းစတဲ့ ကျန်းမာရေးဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကြောင့် ညဘက်အိပ်တဲ့အခါ တင်းကြပ်နေတဲ့ဘရာဇီယာဝတ်ပြီးမအိပ်သင့်ပါဘူးနော်။

ညဘက်ချွေးအလွန်အကျွံထွက်ရတဲ့အကြောင်းအရင်းကလည်း ဘရာဇီယာဝတ်အိပ်သူတွေ ကြုံတွေ့ရတဲ့ပြဿနာတစ်ခုပါပဲ။ ချွေးထွက်လွန်းတာကြောင့် ယာယံခြင်း၊ ဓာတ်မတည့်ခြင်းစတာတွေဖြစ်ပေါ်တတ်တာကြောင့် ကျန်းမာရေးအတွက်သာမက အရေပြားရောဂါအတွက်လည်း ဆိုးကျိုးသက်ရောက်စေနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်နော်။

ညအိပ်တဲ့အခါမှာ ကျောမှီပြီးအိပ်တာကြောင့် ဘရာဇီယာရဲ့ချိတ်ကလေးတွေက ကျောကိုစူးပြီးအရာကလေးတွေထင်ကျန်ခဲ့ဖူးသလား။ ဒီလိုဖြစ်ခြင်းကြောင့် ကြာလာတဲ့အခါမှာ အသားများနီမြန်းလာခြင်းနဲ့ခြစ်ရာပွန်းပဲ့ရာတွေထွက်ပေါ်လာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒ့ါအပြင် ညအိပ်တဲ့အခါမှာ သက်တောင့် သက်သာ မဖြစ်ဘဲ ကျပ်နေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ညအိပ်ရာ ဝင်တဲ့ အခါမှာ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့် သက်သာ ဖြစ်နေစေဖို့ ဘရာဇီယာကို ချွတ်ဖို့ မမေ့ပါနဲ့နော်။

ရေမြှပ်၊ဖော့စတာတွေပါဝင်ဖွဲ့စည်းထားတဲ့ဘရာဇီယာကို ကြာရှည်စွဲမြဲစွာဝတ်မယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရေမြှပ်မှာကပ်ညှိနေတတ်တဲ့အညစ်အကြေးများ၊ ဘတ်တီးရီးယားပိုးမွှားတွေကတစ်ဆင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။

ညအိပ်တဲ့အခါမှ ခန္ဓာကိုယ်တွင်းမှ ချွေး၊ အဆီထွက်တဲ့အခါ ဘရာဇီယာကဘတ်တီးရီးယားများနဲ့ပေါင်းစပ်သွားပြီး မှိုရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာကြောင့် အထူးဂရုြသင့်ပါတယ်။

Credit : shweinnlay

Zawgyi







ညအိပ်တဲ့ အခါမှာ ခန္ဓာကိုယ်တွင်းမှ ချွေး၊ အဆီ ထွက်တဲ့ အခါ ဘရာဇီယာက ဘတ်တီးရီးယားများနဲ့ ပေါင်းစပ်သွားပြီး မှိုရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တာကြောင့် အထူးဂရြု သင့် ပါ တယ်။