ဈေးပေါပေါရောင်းနေတဲ့ ပြင်ဦးလွင်ကခြံတွေဝယ်မယ်ဆို ဒါတွေကိုသိထားပါ။

ပုံစံ -၇/ပုံစ-၁၀၅ ကျပြီးပါပြီ။ မီးတိုင်လည်းစိုက်ပြီးပါပြီဆိုတဲ့ မြေကွက်တွေဝယ်မယ်ဆိုရင် ဒါလေးအရင်ဖတ်ပါ” မြေကွက်ဝယ်ချင်တယ်။ ခိုင်မာမှုရှိပါ့မလားသိချင်သူများအတွက်
လေ့လာရန်။

အိမ်ဆောက်ဘို့မြေဝယ်မယ်ဆိုရင် ပုံစံ -၇/ပုံစ-၁၀၅ ကျပြီးပါပြီ။ မီးတိုင်လည်းစိုက်ပြီးပါပြီ။ အရှုပ်အရှင်းတာဝန်ယူုပါတယ် ။ အရှုပ်အရှင်းဖြစ်ခဲ့ရင် ၂ဆပြန်လျော်ပါ့မယ်လို့ စာချုပ်ထဲထည့်ချုပ်ထားပါတယ်။ ဘာညာမက်လုံးတွေပေါ့ဗျာ။ ကုမ္ပဏီ /ငွေရှင်ကြေးရှင်က လယ်ကွက်တွေကိုဧကနဲ့ဝယ် ပေသတ်မှတ်ပြီးအကွက်ရက်ရောင်း။

ကိုယ့်ပိုက်ဆံဟာ ကြွေပန်းကန်စေ့မဟုတ်လေတော့ ခံရပြီဆိုရင်နစ်နာမယ်။ အထူးသဖြင့် အခုအချိန်မှာ ပြင်ဦးလွင်ဘက်မှာ အရောင်းအဝယ်တွေ လုပ်နေတာတွေ့ရပါတယ်။ ပြင်ဦးလွင်လေး နေလို့လည်းကောင်းတယ်။ ဈေးကသက်သာတယ်ဆိုပြီး ဝယ်မိရင်တော့ ဒုက္ခရောက်ဖို့သာ ပြင်ဆင်ထားပါတော့။ လျှပ်စစ်ဌာနအနေနဲ့ ဓာတ်မီးတိုင်ဆွဲနိုင်တဲ့ အကွာအဝေးလည်းရှိမယ်။ ပေးနိုင်တဲ့လျှပ်စစ်ပမာဏကလည်းရှိရင် မူအရပေးမှာဘဲ။ လူနေခွင့်ရှိတဲ့မြေနေရာမှာ ဆောက်ထားတဲ့အိမ် ဟုတ်မဟုတ်စဉ်းစားမှာမဟုတ်။ သူ့ဌာနနဲ့သူသူ့ လုပ်ပိုင်ခွင့်နဲ့သူလေ။ အမှုထဲသူ့ဆွဲထည့်လို့မရ။ ဒါကိုသဘောပေါက်ထားရမယ်။

ပြီးတော့ယခင်မူက လယ်မြေကိုအိမ်ဆောက်လို့ရတယ် ပြောရောင်းရင်လမ်ရောင်းတယ်ဆိုပြီး တရားစွဲလရပေမယ့် ပြင်ဆင်ချက်ဥပဒေသစ်အရ လယ်မြကိုလက်ရှိပိုင်ရင် အမည်ပေါက်က
အိမ်ဆောက်နေရင် လယ်ပိုင်ဖြစ်နေပြီး လယ်မလုပ်ဘဲအိမ်ဆောက်နေတဲ့အတွက် လက်ရှိအမည်ပါက်ပိုင်ရှင်ကိုလည်းအရေးယူရတောမှာဖြစ်ကြောင်း ဥပဒေသစ်ထုတ်ထားတော့ ငါ့လက်ကလွတ်ပြွတ် ပိုင်ရှင်အမည်ပြောင်းပါ တခါတည်းစီစဉ်ပေးပါ့မယ်ဆိုပြီး တက်သုတ်ရိုက်ဂျင်းထည့်ပါလေရော။

ကိုယ့်အမည်ပြောင်းပါ စီစဉ်ပေးပြီးသားဆိုပြီး ကျေးဇူးရှင်မထင်နဲ့။ နောက်လူရှင်းမူအရ ပိုင်ရှင်သစ်မဖြစ်ဖြစ်အာင် ထိုးထည့်တာဘဲ။ ပုံစံ-၁၀၅ ဆိုတာက မြေပုံဘဲ မြေအသုံးပြုနေသူ နေရာပြမြေပုံ ဥယျှာဉ်ခြံမြေကို အစိုးရဆီကငှါးရမ်းအခွန်ဆောင် စိုက်ပျိုးစားသူအတွက်လည်း ပုံစံ-၁၀၅ ထုတ်လို့ရတာဘဲ။

ဘိုးဘွားပိုင်မြေသမားလည်း ပုံစံ-၁၀၅ ထုတ်လို့ရတာဘဲ။ ဂရံမြေသမားလည်း ပုံစံ-၁၀၅ ထုတ်လို့ရတာဘဲ။ တပ်သိမ်းမြေလည်း ပုံစံ-၁၀၅ ထုတ်လို့ရတာဘဲ။ ခေတ်စကားနဲ့ပြောရရင် location ပေါ့ဗျာ။ ပုံစံ-၇ ကတော့ သီးခြားရှင်းမနေတော့ပါဘူး။ လယ်ယာမြေ(ဥယျာဉ်ခြံမြေအပါအဝင်)ဆိုင်ရာဆိုင်ရာပုံစံတစ်ခုဆိုပါတော့။

လယ်မြေအတွက်လည်းပုံစံ-၇ ဥယျာဉ်ခြံမြေအတွက်လည်းပုံစံ-၇ပါဘဲ လူနေဘို့မဟုတ်။ စိုက်ပျိုးမြေအတွက်ပါ။ တချို့များကျ ဥယျာဉ်ခြံမြေကို တန်ဘိုးနည်းဘိလပ်မြေအုတ်တွနဲ့ခြံဝင်းခတ်အကွက်ရိုက်ပြီး အိမ်ဆောက်နေလို့ရသယောင် ဂွင်ကရိုက်သေးသဗျ။ ရွာနဲ့ဆက်စပ်နေတဲ့ ဥယျာဉ်ခြံမြေဆိုရင်တော့အခြားနည်းသုံးခွင့်လျှောက်။ တိုးချဲ့ရွာမြေအဖြစ်ပြောင်းပြီးမှအိမ်ဆောကနေခွင့်ရသဗျ။

လယ်မြေပုံစံများကို ဗဟုသုတအဖြစ်ဖော်ပြပေးလိက်ပါတယ်။ ( လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံများ ) ပုံစံ(၁) လယ်ယာမြေ လုပ်ပိုင်ခွင့်လျှောက်လွှာ။ ပုံစံ(၂) လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့်ကြော်ငြာစာ။ ပုံစံ (၂-က) လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့်ကြော်ငြာစာ။ ပုံစံ(၃) လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ မှတ်ပုံတင်စာရင်း။ ပုံစံ(၄) လယ်ယာမြေလုပ်ပိုင်ခွင့် စစ်ဆေးချက်။

ပုံစံ(၅) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများမှတ်ပုံတင်စာရင်း။
ပုံစံ(၆) လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်ကို ငြင်းပယ်ခံရသူများ မှတ်ပုံတင်စာရင်း။ ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်။ ပုံစံ(၈) လယ်ယာမြေ လုပ်ပိုင်ခွင့်ရလိုကြောင်းလျှောက်လွှာကို ငြင်းပယ်သောအကြောင်းကြားစာ။
ပုံစံ(၉) လယ်ယာမြေ လုပ်ကိုင်ခွင့်ရရှိသူအမည် ပြောင်းလဲပေးရန်လျှောက်လွှာ ။ ပုံစံ(၁၀) မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲပေးရန်လျှောက်လွှာ ။ပုံစံ(၁၁) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း ။

ပုံစံ(၁၂) နစ်နာကြေးနှင့် လျော်ကြေးပေးဆောင်ရန် တွက်ချက်မှု။ ပုံစံ(၁၃) အခြားသီးနှံပြောင်းလဲ စိုက်ပျိုးခြင်းအတွက် ခွင့်ပြုမိန့်။ ပုံစံ(၁၄) လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်လွှာ (နယ်မှာရချင်ရမယ် ရန်ကုန်တိုင်းမှာလုံးဝခွင့်မပြု)(ရန်ကုန်တိုင်းမှာ အခြားနည်းသုံးခွင့်က ရွာထဲရောက်နေတဲ့ ရွာနဲ့ဆက်စပ်နေတဲ့ ဥယျာဉ်ခြံမြေတွေကို အိမ်ဆောက်နေဘို့ တိုးချဲရွာမြေလျှောက်ရင်ခွင့်ပြုတယ် လယ်မြေကတော့ဆောရီး)

ပုံစံ(၁၅) လယ်ယာမြေမှတစ်ပါး အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ။(ဥယျာဉ်ခြံမြေတွေကို တိုးချဲ့ရွာမြေလျှောက်ပြီးအိမ်ဆောက်နေမယ်ဆို ဒီပုံစံသုံးပြီးခွင့်ပြုတယ်။ ဒါကလည်းရွာနဲ့
ဆက်စပ်နေမှနော်။ သီးခြားကြီးဖြစ်နေရင် တိုးချဲ့ရွာမြေလျှောကမရဘူး) ပုံစံ(၁၆) လယ်ယာမြေအား အခြားနည်းဖြင့်အသုံးချရန်ခွင့်ပြုပြီး ကိစ္စရပ်အပေါ်စိစစ်တွေ့ရှိချက်အခြေအနေ။

ပုံစံ(၁၇) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေနုကျွန်းမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း။ လယ်သမားအချင်း လယ်ရောင်းတော့လယ်ဝယ်သူက ပုံစံ-၉နဲ့ပိုင်ရှငအမည်ပြောင်းတဲ့လုပ်ရိုးလုပ်စဉ်အရ လုပ်တာကိုရောကြိတ်ပြီး အမည်ပြောင်းပါတခါတည်းလျှောက်လို့ရပါတယ်ဆိုပြီး ဖိန့်သေးသဗျ။

ဥပဒေပညာရှင်အကြံပြုတဲ့ အိမ်ဆောက်ဘို့ဝယ်သင်တဲ့မြေကတော့ ဘိုးဘွားပိုင်မြေ ဂရံ‌ေမြ ပါမစ်မြေ ရွာမြေ ရွာ / ရပ်ကွက်အတွင်းရှိ ဥယျာဉ်ခြံမြေ (ဘာမြေဖြစ်ဖြစ်အထောက်အထားမရှိ လေနဲ့လျှောက်ပြောနေရင်မယုံပါနဲ့)

Crd:မူရင်းရေးသားသူအား crdပေးပါသည်။