ဆေးရုံက ဆင်းလာပြီဖြစ်တဲ့ မေမေချစ်သုဝေ စိတ်ချမ်းသာစေဖို့ မျက်မှန်ကြီးတွေကိုယ်စီတပ်ပြီး ပျော်ရွှင်စရာတွေဖန်တီးပေးနေတဲ့ လင်းလင်းတို့ သားအဖသုံးယောက်

ဆေးရုံက ဆင်းလာပြီဖြစ်တဲ့ မေမေချစ်သုဝေ စိတ်ချမ်းသာစေဖို့ မျက်မှန်ကြီးတွေကိုယ်စီတပ်ပြီး ပျော်ရွှင်စရာတွေဖန်တီးပေးနေတဲ့ လင်းလင်းတို့ သားအဖသုံးယောက် နိုင်ငံကျော်သရုပ်ဆောင်နှင့်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သူတို့ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း တစ်ဖက်မှာလည်း အများသူငါ အကျိုးရှိစေမယ့် ပရဟိတအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ လက်တလောမှာတော့ ချစ်သုဝေက ခါးအရိုးအက်သွားတဲ့ ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရပြီး လင်းလင်းကလည်း သူ့ဇနီးအနားမှာနေရင်း လိုအပ်တာမှန်သမျှကို ဖြည့်စည်းပေးနေတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက ဆေးရုံကနေဆင်းပြီး နေအိမ်ကို ပြန်ရောက်နေပြီဖြစ်ပြီး လင်းလင်းတို့ သားအဖတွေကတော့ မေမေချစ်သုဝေ စိတ်ချမ်းသာအောင် ဖန်တီးပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း လင်းလင်းနဲ့ ခေတ်သစ်တို့က မျက်မှန်တွေကိုယ်စီတပ်ပြီး “ပထမ ပုံက မာဖီးယား ကလေးဂိုဏ်းစတား အဖွဲ့ဒုတိယ ပုံက ဂိုဏ်းချင်း ချိန်းရိုက်ကြတဲ့ နို့မှုန့်တိုက်ပွဲတစ်ခုမှာ ဒါဏ်ရာရထားတဲ့ ဂိုဏ်း ခေါင်းဆောင် ပါဝင်လာပုံ ” ဆိုပြီး အရွှန်းဖောက် လာခဲ့တာကို တွေ့ရပါတယ်။

ချစ်သုဝေကတော့ သူမရဲ့ ဝေဒနာကြောင့် နာကျင်ခံစားနေရပေမယ့် ချစ်စရာကောင်းတဲ့ ခင်ပွန်းနဲ့ သမီးတွေကြောင့် ဝေဒနာတွေ တစ်ဝက်လောက် သက်သာသွားမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ လင်းလင်းတို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htwe Lynn Ko ‘s fb

Zawgyi

ေဆး႐ုံက ဆင္းလာၿပီျဖစ္တဲ့ ေမေမခ်စ္သုေဝ စိတ္ခ်မ္းသာေစဖို႔ မ်က္မွန္ႀကီးေတြကိုယ္စီတပ္ၿပီး ေပ်ာ္႐ႊင္စရာေတြဖန္တီးေပးေနတဲ့ လင္းလင္းတို႔ သားအဖသုံးေယာက္ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ႏွင့္အဆိုေတာ္ လင္းလင္းနဲ႔ ခ်စ္သုေဝ တို႔ ေမာင္ႏွံႏွစ္ဦးက အားေပးသူပရိသတ္အခိုင္အမာနဲ႔ အခ်ိန္ၾကာၾကာ ရပ္တည္ေနႏိုင္တဲ့ အႏုပညာရွင္ေတြပဲ ျဖစ္ၾကပါတယ္။

လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ေမာင္ႏွံႏွစ္ဦးကေတာ့ သူတို႔ခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနရင္း တစ္ဖက္မွာလည္း အမ်ားသူငါ အက်ိဳးရွိေစမယ့္ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနလ်က္ရွိပါတယ္။ လက္တေလာမွာေတာ့ ခ်စ္သုေဝက ခါးအ႐ိုးအက္သြားတဲ့ ဒဏ္ရာေၾကာင့္ ေဆးကုသမႈခံယူေနရၿပီး လင္းလင္းကလည္း သူ႔ဇနီးအနားမွာေနရင္း လိုအပ္တာမွန္သမွ်ကို ျဖည့္စည္းေပးေနတာ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ခ်စ္သုေဝက ေဆး႐ုံကေနဆင္းၿပီး ေနအိမ္ကို ျပန္ေရာက္ေနၿပီျဖစ္ၿပီး လင္းလင္းတို႔ သားအဖေတြကေတာ့ ေမေမခ်စ္သုေဝ စိတ္ခ်မ္းသာေအာင္ ဖန္တီးေပးေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း လင္းလင္းနဲ႔ ေခတ္သစ္တို႔က မ်က္မွန္ေတြကိုယ္စီတပ္ၿပီး “ပထမ ပုံက မာဖီးယား ကေလးဂိုဏ္းစတား အဖြဲ႕ဒုတိယ ပုံက ဂိုဏ္းခ်င္း ခ်ိန္း႐ိုက္ၾကတဲ့ ႏို႔မႈန႔္တိုက္ပြဲတစ္ခုမွာ ဒါဏ္ရာရထားတဲ့ ဂိုဏ္း ေခါင္းေဆာင္ ပါဝင္လာပုံ ” ဆိုၿပီး အ႐ႊန္းေဖာက္ လာခဲ့တာကို ေတြ႕ရပါတယ္။

ခ်စ္သုေဝကေတာ့ သူမရဲ႕ ေဝဒနာေၾကာင့္ နာက်င္ခံစားေနရေပမယ့္ ခ်စ္စရာေကာင္းတဲ့ ခင္ပြန္းနဲ႔ သမီးေတြေၾကာင့္ ေဝဒနာေတြ တစ္ဝက္ေလာက္ သက္သာသြားမွာ ေသခ်ာပါတယ္။ ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ လင္းလင္းတို႔ မိသားစုေလးကိုၾကည့္ၿပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htwe Lynn Ko ‘s fb