ဆိုင်ကယ် ( ၅ ) စီးကိုဝင်တိုက်ပြီးလူတစ်ယောက်ကိုတမလွန်ပို့လိုက်တဲ့ ဘုန်းကြီးမောင်းလာတဲ့ကား

ဘုန်းကြီးမောင်း လာတဲ့ ကား ရပ်ထားတဲ့ ဆိုင်ကယ် (၅) စီး ကို ဝင်တိုက်၊ လူတစ် ဦး သေဆုံးပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ အင်းမ အ.ထ.ကရှေ့မှာ ယနေ့မနက်ပိုင်းက ဘုန်းကြီးမောင်းလာတဲ့ကားကရပ်ထားတဲ့ ဆိုင်ကယ်ငါးစီးကို ဝင်တိုက်ခဲ့ရာ အမျိုးသားတဦးသေဆုံးမူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ဘက်ကနေ အသက် ၃၉ နှစ် ဝါ ၁၇ ဝါရှိတဲ့ ဦးသြသဓ၊ ဓမ္မရတနာကျောင်းမြို့သစ် ၁၀ လမ်း၊ ပြည်မြို့ တဦးတည်းမောင်းနှင်လာတဲ့ ဟွန်ဒါ CRV ကားက လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီးထိုင်နေတဲ့အင်းမမြို့ကန်တရာလမ်းမှာနေတဲ့ အသက် ၄၉ နှစ် အရွယ် ဦးဌေးနိုင်ကိုဝင်တိုက်ပြီး ဆိုင်ကယ်စတန်းမှာရပ်ထားတဲ့ဆိုင်ကယ်လေးစီးကိုပါ ထပ်ဆင့်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကားနဲ့တိုက်မိတဲ့အတွက် ဦးဌေးနိုင်ဟာ နောက်စေ့ပေါက်ပြဲ ယာနဖူးပေါက်ပြဲ ဒဏ်ရာရရှိပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ ဦးသြသဓကို မြို့နယ်သံဃာ့နာယကဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်နဲ့သင်္ကန်းမချွတ်ပဲအာမခံပေးထားကြောင်း အင်းမနယ်မြေရဲစခန်းကစခန်းမှူးရဲအုပ်စန်းမောင်ထံကသိရပါတယ်…။

Zawgyi

ဘုန္းႀကီးေမာင္း လာတဲ့ ကား ရပ္ထားတဲ့ ဆိုင္ကယ္ (၅) စီး ကို ဝင္တိုက္၊ လူတစ္ ဦး ေသဆုံးပဲခူးတိုင္းအေနာက္ျခမ္း၊ သဲကုန္းၿမိဳ႕နယ္၊ အင္းမ အ.ထ.ကေရွ႕မွာ ယေန႔မနက္ပိုင္းက ဘုန္းႀကီးေမာင္းလာတဲ့ကားကရပ္ထားတဲ့ ဆိုင္ကယ္ငါးစီးကို ဝင္တိုက္ခဲ့ရာ အမ်ိဳးသားတဦးေသဆုံးမူျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျပည္ဘက္ကေန အသက္ ၃၉ ႏွစ္ ဝါ ၁၇ ဝါရွိတဲ့ ဦးၾသသဓ၊ ဓမၼရတနာေက်ာင္းၿမိဳ႕သစ္ ၁၀ လမ္း၊ ျပည္ၿမိဳ႕ တဦးတည္းေမာင္းႏွင္လာတဲ့ ဟြန္ဒါ CRV ကားက လမ္းေဘးမွာ ဆိုင္ကယ္ရပ္ၿပီးထိုင္ေနတဲ့အင္းမၿမိဳ႕ကန္တရာလမ္းမွာေနတဲ့ အသက္ ၄၉ ႏွစ္ အ႐ြယ္ ဦးေဌးႏိုင္ကိုဝင္တိုက္ၿပီး ဆိုင္ကယ္စတန္းမွာရပ္ထားတဲ့ဆိုင္ကယ္ေလးစီးကိုပါ ထပ္ဆင့္တိုက္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ကားနဲ႔တိုက္မိတဲ့အတြက္ ဦးေဌးႏိုင္ဟာ ေနာက္ေစ့ေပါက္ၿပဲ ယာနဖူးေပါက္ၿပဲ ဒဏ္ရာရရွိၿပီး ေနရာမွာပဲပြဲခ်င္းၿပီးေသဆုံးခဲ့ပါတယ္။ယာဥ္တိုက္မႈ က်ဴးလြန္ခဲ့တဲ့ ဦးၾသသဓကို ၿမိဳ႕နယ္သံဃာ့နာယကဆရာေတာ္ေတြရဲ႕ ေမတၱာရပ္ခံခ်က္နဲ႔သကၤန္းမခြၽတ္ပဲအာမခံေပးထားေၾကာင္း အင္းမနယ္ေျမရဲစခန္းကစခန္းမႉးရဲအုပ္စန္းေမာင္ထံကသိရပါတယ္…။