ဆန်တွေဝယ်ထားတာကြာလာလို့ မည်းလာတာ ပိုးထိုးလာလျှင်

အိမ်တွေမှာ ဆန်တွေဝယ်ထားတာကြာလာလို့ မည်းလာတာ ပိုးထိုးတာမဖြစ်ရအောင် အိမ်တွေမှာဆန်တွေ ဝယ်ထားတာ ကြာလာရင် ပိုးကောင်တွေတက်တာ ဆန်တွေမည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။

ဒီရန်တွေကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်က ၅ ချက်ပဲရှိပါတယ်။ ရိုးရှင်းပြီးလွယ်ကူပါတယ်။

၁။ ငရုတ်သီးခြောက်ထည့်ထားပါ
လေလုံတဲ့ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီးအနီခြောက်တချို့ကိုပါ ရောပြီးထည့်ထားပေးပါ။ ငရုတ်သီးရဲ့အနံ့ကို ပိုးမွှားတွေကမကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။

၂။ နေရောင်ခံပေးပါ
သင့်ဆန်တွေမှာ အဖြူဒါမှမဟုတ် အနက်ရောင်ပိုးလေးတွေ အများကြီးတက်နေပြီဆိုရင်တော့ နေရောင်ထဲမှာ ၃-၄ နာရီလောက်ထားပေးပါ။ အပူကပိုးတွေကို သေစေနိုင်ပါတယ်။ ဒါမှမဟုတ်ဆန်ထဲကနေ ထွက်သွားတတ်ကြပါတယ်။
တချို့ကတော့ချက်ခါနီးမှ လင်ဗန်းထဲထည့်ပြီး နေပြတတ်ကြပါတယ်။ ပိုးကောင်အနည်းအများပေါ်မူတည်ပြီး နေပြမယ့်အချိန်ကို အတိုးလျော့လုပ်လို့ရပါတယ်။

၃။ တမာရွက်ထည့်ပေးပါ
ဒါ့အပြင် တမာရွက်လေးအုပ်ထားပေးလို့လည်း ရပါတယ်။ ပိုးမွှားတွေကတမာရွက်ရှိတဲ့နေရာ မလာတတ်ပါဘူး။ တချို့ဆိုရင် အကျတွေသိမ်းတဲ့နေရာတွေမှာတောင် ထားတတ်ကြပါတယ်။

၄။ သိမ်းတဲ့နေရာ မှန်ပါစေ
ဆန်အိတ်ဒါမှမဟုတ် ဆန်ဘုံးတွေကိုထားမယ်ဆိုရင် နေရောင် တိုက်ရိုက်ရမယ့်နေရာတွေကိုရှောင်ပါ။ မှောင်ပြီးခြောက်သွေ့တဲ့ နေရာမှာထားပါ။ စိုစွတ်နေတဲ့နေရာမျိုးတွေရှောင်ပါ။ စိုစွတ်တဲ့ နေရာတွေဟာ ဆန်တွေကိုပျက်စီးစေသလို ပိုးမွှားတွေကိုလည်း ရှင်သန်စေပါတယ်။

၅။ ဆန်ထည့်မယ့်ပစ္စည်း ဆန်ထည့်တဲ့အခါ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ဘုံးတွေဟာ အသင့်တော်ဆုံးပါပဲ။ လုံအောင်ပိတ်ထားလို့ရသလို လေလဲလုံစေပါတယ်။ ဒါကတော့ ဆန်ပိုးထိုးခြင်းပြသနာကို လွယ်ကူစွာဖြေရှင်းတဲ့နည်း မိမိတို့နေအိမ်ကဆန်နှင့်ဆန်မှုန့်များ ပိုးတက်ခြင်း၊ပိုးထိုးခြင်းများ မဖြစ်ပေါ်ရလေအောင် ဆန်ထဲသို့ငရုပ်သီးအခြောက်/အကြွေစေ့/ကြက်သွန် နီ /ဖြူ နှင့် ကရဝေးရွက်များကိုထည့်ပေးထားခြင်းဖြင့် ဆန်နှင့်ဆန်မှုန့်များပိုးထိုးခြင်းမှ ကင်းဝေးစေပါသည်။

ကျေးဇူးတင်ပါတယ် မူရင်းရေးသားသူ

Credit

Zawgyi

ဆန္ေတြဝယ္ထားတာၾကာလာလို႔ မည္းလာတာ ပိုးထိုးလာလွ်င္အိမ္ေတြမွာ ဆန္ေတြဝယ္ထားတာၾကာလာလို႔ မည္းလာတာ ပိုးထိုးတာမျဖစ္ရေအာင္ အိမ္ေတြမွာဆန္ေတြ ဝယ္ထားတာ ၾကာလာရင္ ပိုးေကာင္ေတြတက္တာ ဆန္ေတြမည္းလာတာမ်ိဳးေတြ ႀကဳံဖူးၾကမွာပါ။

ဒီရန္ေတြကေန ဘယ္လိုကာကြယ္မလဲဆိုတဲ့ အခ်က္က ၅ ခ်က္ပဲရွိပါတယ္။ ႐ိုးရွင္းၿပီးလြယ္ကူပါတယ္။

၁။ င႐ုတ္သီးေျခာက္ထည့္ထားပါ
ေလလုံတဲ့ဘုံးေတြထဲ ထည့္ထားမယ္ဆိုရင္ေတာ့ င႐ုတ္သီးအနီေျခာက္တခ်ိဳ႕ကိုပါ ေရာၿပီးထည့္ထားေပးပါ။ င႐ုတ္သီးရဲ႕အနံ႔ကို ပိုးမႊားေတြကမႀကိဳက္ပါဘူး။ င႐ုတ္သီးလိုပဲ င႐ုတ္ေကာင္းေစ့ (သို႔) ေလးညႇင္းပြင့္ေလးေတြ ထည့္ထားလို႔ရပါတယ္။

၂။ ေနေရာင္ခံေပးပါ
သင့္ဆန္ေတြမွာ အျဖဴဒါမွမဟုတ္ အနက္ေရာင္ပိုးေလးေတြ အမ်ားႀကီးတက္ေနၿပီဆိုရင္ေတာ့ ေနေရာင္ထဲမွာ ၃-၄ နာရီေလာက္ထားေပးပါ။ အပူကပိုးေတြကို ေသေစႏိုင္ပါတယ္။ ဒါမွမဟုတ္ဆန္ထဲကေန ထြက္သြားတတ္ၾကပါတယ္။
တခ်ိဳ႕ကေတာ့ခ်က္ခါနီးမွ လင္ဗန္းထဲထည့္ၿပီး ေနျပတတ္ၾကပါတယ္။ ပိုးေကာင္အနည္းအမ်ားေပၚမူတည္ၿပီး ေနျပမယ့္အခ်ိန္ကို အတိုးေလ်ာ့လုပ္လို႔ရပါတယ္။

၃။ တမာ႐ြက္ထည့္ေပးပါ
ဒါ့အျပင္ တမာ႐ြက္ေလးအုပ္ထားေပးလို႔လည္း ရပါတယ္။ ပိုးမႊားေတြကတမာ႐ြက္ရွိတဲ့ေနရာ မလာတတ္ပါဘူး။ တခ်ိဳ႕ဆိုရင္ အက်ေတြသိမ္းတဲ့ေနရာေတြမွာေတာင္ ထားတတ္ၾကပါတယ္။

၄။ သိမ္းတဲ့ေနရာ မွန္ပါေစ
ဆန္အိတ္ဒါမွမဟုတ္ ဆန္ဘုံးေတြကိုထားမယ္ဆိုရင္ ေနေရာင္ တိုက္႐ိုက္ရမယ့္ေနရာေတြကိုေရွာင္ပါ။ ေမွာင္ၿပီးေျခာက္ေသြ႕တဲ့ ေနရာမွာထားပါ။ စိုစြတ္ေနတဲ့ေနရာမ်ိဳးေတြေရွာင္ပါ။ စိုစြတ္တဲ့ ေနရာေတြဟာ ဆန္ေတြကိုပ်က္စီးေစသလို ပိုးမႊားေတြကိုလည္း ရွင္သန္ေစပါတယ္။

၅။ ဆန္ထည့္မယ့္ပစၥည္း ဆန္ထည့္တဲ့အခါ အရည္အေသြးေကာင္းတဲ့ ပလပ္စတစ္ဘုံးေတြဟာ အသင့္ေတာ္ဆုံးပါပဲ။ လုံေအာင္ပိတ္ထားလို႔ရသလို ေလလဲလုံေစပါတယ္။ ဒါကေတာ့ ဆန္ပိုးထိုးျခင္းျပသနာကို လြယ္ကူစြာေျဖရွင္းတဲ့နည္း မိမိတို႔ေနအိမ္ကဆန္ႏွင့္ဆန္မႈန႔္မ်ား ပိုးတက္ျခင္း၊ပိုးထိုးျခင္းမ်ား မျဖစ္ေပၚရေလေအာင္ ဆန္ထဲသို႔င႐ုပ္သီးအေျခာက္/အေႂကြေစ့/ၾကက္သြန္ နီ /ျဖဴ ႏွင့္ ကရေဝး႐ြက္မ်ားကိုထည့္ေပးထားျခင္းျဖင့္ ဆန္ႏွင့္ဆန္မႈန႔္မ်ားပိုးထိုးျခင္းမွ ကင္းေဝးေစပါသည္။

ေက်းဇူးတင္ပါတယ္ မူရင္းေရးသားသူ

Credit