ဆင်းရဲပေမယ့် သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးရဲ့ ချီးကျူး လေးစားစရာ စိတ်ဓာတ်
အခု ကလေးလေးဟာ အင်မတန် မျက်နှာချိုပြီးတော့ သနပ်ခါးတွေအပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးကြောင်းကို ဖော်ပြချငိပါတယ်။
ယခု အကြောင်းလေးကတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးက ဓာတ်ပုံလေးတွေနဲ့ အတူ စာလေးကို တင်ခဲ့တာပါ။သူက နေ့ လယ်က ကုသိုလ်တော် ဘုရားမှာတွေ့ခဲ့တဲ့ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကိုပန်းလာရောင်းတယ်ဗျ။
ကျနော်တို့လဲပန်းမဝယ်ဘူးဆိုတော့ သနပ်ခါးလိမ်းပေးရမလားတဲ့မုန့်ဖိုးပေးချင်သလောက်ပေး ခဲ့ပါတဲ့(အသက်ငယ်ပေမယ့်သူတစ်ပါးပိုက်ဆံ ကိုအလကားမလိုချင်တဲ့စိတ်ကိုတော့လေးစားမိတယ်)။ကျနော်လဲ သူသနပ်ခါးလိမ်းတာသဘောကျတာနဲ့ တစ်ချက်ခုတ်၂ချက်ပြတ်ဆိုပြီးတော့ သူ့ကိုဓာတ်ပုံရိုက် မုန့်ဖိုးပေးပေါ့(သနပ်ခါးလိမ်းထား တာကတော့အလန်းကြီး)အဲ့လိုကျ ကိုယ်တော်ချောကသွားကျိူးးလေး နဲ့ရယ်ပြတယ် အသက်ကခုမ ှ၅ နှစ်ပဲရှိသေးတယ်တဲ့။
စကားကတော့တတ်သလားမမေးနဲ့ဗျာ။ဒီလိုကလေးလေးတွေနဲ့တွေ့ရင်ပန်းရောင်းတာပဲဖြစ်ဖြစ် သနပ်ခါးလိမ်းပေးရင်ဖြစ်ဖြစ်မုန့်ဖိုးများများပေးကြပါနော်။ ၂၀၀~၅၀၀ လောက်နဲ့ဘာမှ မထူးခြားဘူးဆိုပေမယ့် 200~500 တွေများလာရင်တော့ သူတို့အတွက် အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ အသက် ၅ နှစ်သာ ရှိသေးပေမယ့်လည်း သူများပိုက်ဆံ အလကားမလိုချင်တဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကူညီခဲ့ပုံလေးကို ကို ဖော်ပြခဲ့တာပါနော်။
credit
Zawgyi
credit