စွန်ကြိုးလည်ပင်း၌ ရစ်ပတ်မိ၍ အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်- ပြည် ကားလမ်းပေါ်တွင် စွန်ကြိုးလည်ပင်း၌ ရစ်ပတ်၍ အမျိုးသားတစ်ဦး ဒီဇင်ဘာ ၂၄ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများ စစ်ဆေးချက်အရ သေဆုံးသူမှာ ဦးခလဲပင်း(ခ) စိုင်းကျော်ထူး(၄၅နှစ်)၊ ကျောင်းစုရွာ၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ တိုက်ကြီးမြို့နယ်နေထိုင်သူဖြစ်ပြီး၊ အလောင်းအားစစ်ဆေးရာ ယာဘက်လည်ပင်းတွင် အရှည် (၄) လက်မခန့် ပြတ်ရှဒဏ်ရာရရှိကာ သေဆုံးနေကြောင်း ဆိုသည်။

ထိုနောက် သေဆုံးသူအား ဆေးရုံသို့လိုက်ပါပို့ဆောင်ပေးသူ ဦးစိုင်းကျော်ဌေးကို မေးမြန်းရာ ဦးစိုင်းကျော်ဌေးမှာ ၎င်းနှင့်သေဆုံးသူတို့သည် ကျောင်းစုကျေးရွာမှ တိုက်ကြီးမြို့ ဗောဓိကုန်းရပ်ကွက်ရှိ မုန့်ဖိုတွင် ခေါက်ဆွဲဖတ်ဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ပြီး၊ သေဆုံးသူသည် ၎င်းဆိုင်ကယ်အား မောင်းနှင်၍ ၎င်းမှာနောက်မှ ထိုင်လိုက်ခဲ့ကာ တိုက်ကြီးမြို့၊ ဘူတာရပ်ကွက်၊ အောင်စိုးမိုးကားဂိတ်အနီး ရန်ကုန် – ပြည်ကားလမ်းပေါ်သို့ ရောက်ရှိစဉ် သေဆုံးသူက “သွားပြီကွာ” ဟု ပြောပြီး ဆိုင်ကယ်အား ရပ်တန့်လိုက်ကြောင်း ဆိုသည်။

ထိုသို့ဆိုင်ကယ် ရပ်တန့်ပြီး၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ဦးခေါင်း နောက်ပြန်ကြပြီး၊ လည်ပင်းသွေးများပန်းထွက်လာ၍ ကြည့်လိုက်ရာ သေဆုံးသူ၏လည်ပင်း၌ ကားလမ်းပေါ်သို့ ဓာတ်ကြိုးနှင်ညှိပြီး ပြုတ်ကျနေသည့် စွန်လွှတ်ရာတွင် အသုံးပြုသည့် မှန်စာပါ အရှည်(၇)ပေခန့် ရှိ အပ်ချည်ကြိုးစ ရစ်ပတ်နေကာ သွေးထွက်နေသည်ကို တွေ့ ရှိရသဖြင့် ပတ်ဝန်းကျင်အား အကူအညီ တောင်းခံခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ပြောဆိုသည်။ ဦးခလဲပင်း(ခ)စိုင်းကျော်ထူး သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တိုက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃၄/၂၀၂၀ ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မျိုးမင်းသူ(တိုက်ကြီး)

Zawgyi
ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္၊ တိုက္ႀကီးၿမိဳ႕နယ္၊ ရန္ကုန္- ျပည္ ကားလမ္းေပၚတြင္ စြန္ႀကိဳးလည္ပင္း၌ ရစ္ပတ္၍ အမ်ိဳးသားတစ္ဦး ဒီဇင္ဘာ ၂၄ ရက္ေန႔က ေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ား စစ္ေဆးခ်က္အရ ေသဆုံးသူမွာ ဦးခလဲပင္း(ခ) စိုင္းေက်ာ္ထူး(၄၅ႏွစ္)၊ ေက်ာင္းစု႐ြာ၊ လိေမၼာ္ၿခံေက်း႐ြာအုပ္စု၊ တိုက္ႀကီးၿမိဳ႕နယ္ေနထိုင္သူျဖစ္ၿပီး၊ အေလာင္းအားစစ္ေဆးရာ ယာဘက္လည္ပင္းတြင္ အရွည္ (၄) လက္မခန႔္ ျပတ္ရွဒဏ္ရာရရွိကာ ေသဆုံးေနေၾကာင္း ဆိုသည္။

ထိုေနာက္ ေသဆုံးသူအား ေဆး႐ုံသို႔လိုက္ပါပို႔ေဆာင္ေပးသူ ဦးစိုင္းေက်ာ္ေဌးကို ေမးျမန္းရာ ဦးစိုင္းေက်ာ္ေဌးမွာ ၎ႏွင့္ေသဆုံးသူတို႔သည္ ေက်ာင္းစုေက်း႐ြာမွ တိုက္ႀကီးၿမိဳ႕ ေဗာဓိကုန္းရပ္ကြက္ရွိ မုန႔္ဖိုတြင္ ေခါက္ဆြဲဖတ္ဝယ္ရန္ ဆိုင္ကယ္ျဖင့္ ထြက္လာခဲ့ၿပီး၊ ေသဆုံးသူသည္ ၎ဆိုင္ကယ္အား ေမာင္းႏွင္၍ ၎မွာေနာက္မွ ထိုင္လိုက္ခဲ့ကာ တိုက္ႀကီးၿမိဳ႕၊ ဘူတာရပ္ကြက္၊ ေအာင္စိုးမိုးကားဂိတ္အနီး ရန္ကုန္ – ျပည္ကားလမ္းေပၚသို႔ ေရာက္ရွိစဥ္ ေသဆုံးသူက “သြားၿပီကြာ” ဟု ေျပာၿပီး ဆိုင္ကယ္အား ရပ္တန႔္လိုက္ေၾကာင္း ဆိုသည္။

ထိုသို႔ဆိုင္ကယ္ ရပ္တန႔္ၿပီး၊ ၎၏ခႏၶာကိုယ္ေပၚဦးေခါင္း ေနာက္ျပန္ၾကၿပီး၊ လည္ပင္းေသြးမ်ားပန္းထြက္လာ၍ ၾကည့္လိုက္ရာ ေသဆုံးသူ၏လည္ပင္း၌ ကားလမ္းေပၚသို႔ ဓာတ္ႀကိဳးႏွင္ညႇိၿပီး ျပဳတ္က်ေနသည့္ စြန္လႊတ္ရာတြင္ အသုံးျပဳသည့္ မွန္စာပါ အရွည္(၇)ေပခန႔္ ရွိ အပ္ခ်ည္ႀကိဳးစ ရစ္ပတ္ေနကာ ေသြးထြက္ေနသည္ကို ေတြ႕ ရွိရသျဖင့္ ပတ္ဝန္းက်င္အား အကူအညီ ေတာင္းခံခဲ့ၿပီး ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း ေျပာဆိုသည္။ ဦးခလဲပင္း(ခ)စိုင္းေက်ာ္ထူး ေသဆုံးျခင္းႏွင့္ပတ္သက္၍ ဓမၼတာတိုင္းေသဆုံးျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္ တိုက္ႀကီးၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၃၄/၂၀၂၀ ျဖင့္ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

မ်ိဳးမင္းသူ(တိုက္ႀကီး)