စီးပွါးဖြစ်ရောင်းချနိုင်တဲထိ ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်

စီးပွါးဖြစ်ရောင်းချနိုင်တဲထိ ကလေးလူကြီး အားလုံးကြိုက်ပြီး ဝမ်းမှန်စေတဲ့ အိမ်တွင်းဒိန်ချဉ် လုပ်နည်းလေးနော်။

ဒိန်ချဉ်လုပ်နည်း

၁။ နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့ကြာကြာလေးကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

၂။ ပြီးရင်မီးဖိုပေါ်ကချပြီး အေအးခံပါ။ လုံးဝအေးသွားတဲ့အထိ မစောင့်ရပါ ။ ( နွေးနွေးလေးမှာ အချဉ်ကို ထည့်ရမှာမို့ပါ)
လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့ ။

၃။ အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း)ထည့်ပြီး မွှေပေးပါ ။

၄။ ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ ။ အခန်းအပူချိန်မှာပဲ ထားရမွာပါ ။၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။

သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး ။ခဏခဏလည်း မမွှေရပါဘူး ။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ ။အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး ။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့အစိမ်းအကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ်ဖြစ်ပါပြီ ။ အဲဒီအချဉ်ကိုအပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ် သုံးနိုင်ပါတယ် ။

 

နောက်တနည်းက ဆိုင်မှာရောင်းတဲ့ ဒိန်ချဉ်တခွက်စာကိုလဲ အချဉ်အဖြစ်ထည့်နိုင်ပါတယ် သကြားတို့ထန်းလျက်တို့ မထည့်ရတဲ့ဒိန်ချဉ်ပါ။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ် ။

အချိုးအဆကတော့ နွားနို့ ၁ ပိဿာ အချဉ်ဟင်းခတ်ဇွန်း ၁ ဇွန်းပါပဲ ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ် ။

ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ထန်းလျက်ရည်ပဲကျိုကျို ဆားလေးနည်းနည်းထည့်ကျိုပါ ။ရေကိုတော့ အများကြီးမထည့်ပါနဲ့။ သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ် ။အိုးမကပ်ရုံသာ ရေထည့်ပါ။

Credit:

Zawgyi

စီးပြါးျဖစ္ေရာင္းခ်ႏိုင္တဲထိ ကေလးလူႀကီး အားလုံးႀကိဳက္ၿပီး ဝမ္းမွန္ေစတဲ့ အိမ္တြင္းဒိန္ခ်ဥ္ လုပ္နည္းေလးေနာ္။

ဒိန္ခ်ဥ္လုပ္နည္း

၁။ ႏြားႏို႔ ၁ ပိသာကို ဆူေအာင္က်ိဳပါ။ က်ိဳတဲ့အခါ ဆူ႐ုံေလးပဲ မထားပါနဲ႔ၾကာၾကာေလးက်ိဳပါ။ တအားလည္း မပ်စ္ပါေစနဲ႔။

၂။ ၿပီးရင္မီးဖိုေပၚကခ်ၿပီး ေအအးခံပါ။ လုံးဝေအးသြားတဲ့အထိ မေစာင့္ရပါ ။ ( ေႏြးေႏြးေလးမွာ အခ်ဥ္ကို ထည့္ရမွာမို႔ပါ)
လက္ညိဳးကိုထည့္ၾကည့္လို႔ အပူခံႏိုင္တယ္ဆို႐ုံေလးေပါ့ ။

၃။ အခ်ဥ္ (ဟင္းခတ္ဇြန္း ၁ ဇြန္း)ထည့္ၿပီး ေမႊေပးပါ ။

၄။ ၿပီးရင္ အုပ္ေဆာင္းနဲ႔အုပ္ၿပီး မေ႐ြ႕လ်ားေစဘဲ ၂၄ နာရီ ထားပါ ။ အခန္းအပူခ်ိန္မွာပဲ ထားရမြာပါ ။၂၄ နာရီျပည့္ရင္ ဒိန္ခ်ဥ္ ျဖစ္ပါၿပီ။

သတိျပဳရမွာေတြက ေလလုံေအာင္ အိုးကိုပိတ္မထားရပါဘူး ။ခဏခဏလည္း မေမႊရပါဘူး ။ အခ်ဥ္ထည့္ခ်ိန္မွာသာ ေမႊေပးရတာပါ ။အခ်ဥ္ထည့္ခ်ိန္မွာ လုံးဝေအးမေနရဘူး ။

အခ်ဥ္ကို ဘယ္လိုလုပ္ရတာလဲဆိုေတာ့ ႏြားႏို႔အစိမ္းအၾကမ္းပန္းကန္ ၁ လုံးစာကို ဘာမွမလုပ္ဘဲ ဘာမွမထည့္ဘဲ အခန္းအပူခ်ိန္မွာ ၂၄ နာရီထားရင္ အခ်ဥ္ျဖစ္ပါၿပီ ။ အဲဒီအခ်ဥ္ကိုအေပၚယံပဲျဖစ္ျဖစ္ ေမႊၿပီးပဲျဖစ္ျဖစ္ သုံးႏိုင္ပါတယ္ ။

ေနာက္တနည္းက ဆိုင္မွာေရာင္းတဲ့ ဒိန္ခ်ဥ္တခြက္စာကိုလဲ အခ်ဥ္အျဖစ္ထည့္ႏိုင္ပါတယ္ သၾကားတို႔ထန္းလ်က္တို႔ မထည့္ရတဲ့ဒိန္ခ်ဥ္ပါ။ ဒိန္ခ်ဥ္ရၿပီဆိုရင္ေတာ့ ေနာက္ထပ္လုပ္မဲ့ ဒိန္ခ်ဥ္အတြက္ ဒိန္ခ်ဥ္အေဟာင္းကိုပဲ အခ်ဥ္အျဖစ္သုံးႏိုင္ပါတယ္ ။

အခ်ိဳးအဆကေတာ့ ႏြားႏို႔ ၁ ပိႆာ အခ်ဥ္ဟင္းခတ္ဇြန္း ၁ ဇြန္းပါပဲ ဒိန္ခ်ဥ္ျဖစ္သြားၿပီဆိုရင္ ေရခဲေသတာထဲမွာ အၾကာႀကီးထားလို႔ရပါတယ္ ။

ဒိန္ခ်ဥ္နဲ႔စားဖို႔ သၾကားရည္ပဲက်ိဳက်ိဳ ထန္းလ်က္ရည္ပဲက်ိဳက်ိဳ ဆားေလးနည္းနည္းထည့္က်ိဳပါ ။ေရကိုေတာ့ အမ်ားႀကီးမထည့္ပါနဲ႔။ သၾကားေရာ ထန္းလ်က္ေရာက အပူေပးရင္ ေပ်ာ္ပါတယ္ ။အိုးမကပ္႐ုံသာ ေရထည့္ပါ။

Credit: