ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနေနဲ့ စစ်အစိုးရ ထောက်ခံအားပေးသူတွေကို လက်ခံကုသပေးမှာ မဟုတ်ဘူးလို့ ဒီနေ့ ဖေဖေါ်ဝါရီလ(၃)ရက်နေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။…
ဒါ့အပြင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကိုဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။…
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနက ဆရာဝန်တွေ အားလုံးအနေနဲ့လည်း Civil Disobedience နဲ့ Red Ribbon Movement မှာ ပါဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းအင်ဂျင်နီယာတွေ၊ ပြည်သူ့ဝန်ထမ်း ဆရာဝန်တွေ၊ တခြားဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတွေနဲ့ အတူတကွရပ်တည်သွားမယ်လို့လည်း ဆိုပါတယ်။…
ဒါပေမဲ့ အရေးပေါ်လူနာတွေရဲ့ အသက်ကိုထောက်ထားတာကြောင့် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် လူနာတွေကို ဆက်ပြီးကုသပေးမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Credit