စစ်ထောက်ပို့ လေယာဥ်ပျက်ကျမှုဖြစ်စဥ်တွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပါဝင်မှုရှိမရှိ မေးမြန်းချက် အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးနှုတ်ဆိတ်နေ

ဒီနေ့ မနက်ပိုင်းက ပြင်ဦးလွင် အနီးစခန်းမှာ ပျက်ကျခဲ့တဲ့ စစ်ထောက်ပို့ လေယာဥ်ပေါ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ အကြီးအကဲ ပါဝင်မှုရှိမရှိကို နေပြည်တော် သတင်းထောက်အသိုင်းအဝိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဇော်မင်းထွန်းကို မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ နှုတ်ဆိတ်နေတယ်လို့သိရပါတယ်။

ဒီနေ့ MRTV ရဲ့ ၈:၀၀ သတင်းမှာလည်း လေယာဥ်ပျက်ကျမှုဖြစ်စဥ်မှာ နိုင်ငံတော်သြဝါဒဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ ပျံလွန်တော်မှုပြီး လာမယ့် ၁၄ရက်နေ့မှာ စျာပနအခမ်းအနားပြုလုပ်မယ်လို့ကြေညာသွားပြီး ဖြစ်စဥ်အတွင်း ကျန် သေဆုံးသူတွေကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ လေယာဥ်ပျက်ကျပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ အကြီးအကဲ ၂ဦးပါဝင်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ သတင်းတွေပြန်နှံ့နေပါတယ်။

Zawgyi

ဒီေန႔ မနက္ပိုင္းက ျပင္ဦးလြင္ အနီးစခန္းမွာ ပ်က္က်ခဲ့တဲ့ စစ္ေထာက္ပို႔ ေလယာဥ္ေပၚမွာ အာဏာသိမ္း စစ္တပ္ရဲ႕ အႀကီးအကဲ ပါဝင္မႈရွိမရွိကို ေနျပည္ေတာ္ သတင္းေထာက္အသိုင္းအဝိုင္းက အၾကမ္းဖက္စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ေဇာ္မင္းထြန္းကို ေမးျမန္းရာမွာ ျပန္လည္ေျဖၾကားျခင္းမရွိဘဲ ႏႈတ္ဆိတ္ေနတယ္လို႔သိရပါတယ္။

ဒီေန႔ MRTV ရဲ႕ ၈:၀၀ သတင္းမွာလည္း ေလယာဥ္ပ်က္က်မႈျဖစ္စဥ္မွာ ႏိုင္ငံေတာ္ၾသဝါဒဆရာေတာ္ ေဒါက္တာဘဒၵႏၲကဝိသာရ ပ်ံလြန္ေတာ္မႈၿပီး လာမယ့္ ၁၄ရက္ေန႔မွာ စ်ာပနအခမ္းအနားျပဳလုပ္မယ္လို႔ေၾကညာသြားၿပီး ျဖစ္စဥ္အတြင္း က်န္ ေသဆုံးသူေတြကို ထုတ္ျပန္ေၾကညာျခင္းမရွိပါဘူး။ ေလယာဥ္ပ်က္က်ၿပီးေနာက္ အာဏာသိမ္းစစ္တပ္ရဲ႕ အႀကီးအကဲ ၂ဦးပါဝင္တယ္လို႔ လူမႈကြန္ယက္ေပၚမွာ သတင္းေတြျပန္ႏွံ႔ေနပါတယ္။