စစ်တပ်၏ ရိုက်နှက်မှုကြောင့် မှော်ဘီဒေသခံ အမျိူးသမီးကိုယ်ဝန်ပျက်ကျ

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊ စိန်ရွှေကုန်းရွာမူလတန်းကျောင်း ဇွန် ၁၄ ရက်နေ့ကမီးလောင်ပြီးနောက် ၎င်းရွာမှလူ၄၀ ကျော်ကို စစ်တပ်ကရိုက်နှက်မှုကြောင့်အမျိုးသမီးတစ်ဦးမှာ ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ရွာခံများထံမှသိရသည်။

ကိုယ်ဝန် ၂ လရှိနေသည့်ယင်းအမျိုးသမီး၏ဖုန်းထဲတွင် ၎င်းဆန္ဒပြနေသည့် ဓာတ်ပုံတစ်ပုံတွေ့ရှိသောကြောင့် ထိုနေ့တွင်ရိုက်နှက်စစ်ဆေးခံရသည်။ “အဲဒီတစ်ပုံကို တွေ့ပြီးခေါ်သွားတာ။ သူ့ဖုန်းကိုစက်လေးနဲ့ထိုးကြည့်တော့ ဖျက်ထားတဲ့ပုံတွေပေါ်တယ်လို့ပြောတယ်။ ကိုယ်ကဘယ်လိုဖျက်ဖျက်၊ ပုံတွေအကုန်ပေါ်တယ်တဲ့။ သူတို့စက်လေးနဲ့ထိုးကြည့်တော့ ဓာတ်ပုံတွေကပေါ်နေတယ်။

ညာလို့မရဘူးလို့ပြောတယ်။ ဆန္ဒပြပွဲမှာဓာတ်ပုံရိုက်ခဲ့တော့ ပုံထဲမှာပါတဲ့သူတွေရဲ့ နေရပ်လိပ်စာတွေ၊ လမ်းနာမည်တွေကိုတောင်းတယ်တဲ့။ ဖုန်းထဲကနေတောက်လျှောက်လိုက်နေတာ”ဟု ရွာခံတစ်ဦးကပြောသည်။ စစ်ကောင်စီကို တော်လှန်နေသည့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) များကလည်း ထိုကဲ့သို့ပြည်သူကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ကြောင်း အသီးသီးပြောဆိုထားကြသည်။

Zawgyi

ရန္ကုန္တိုင္း၊ေမွာ္ဘီၿမိဳ႕နယ္၊ စိန္ေ႐ႊကုန္း႐ြာမူလတန္းေက်ာင္း ဇြန္ ၁၄ ရက္ေန႔ကမီးေလာင္ၿပီးေနာက္ ၎႐ြာမွလူ၄၀ ေက်ာ္ကို စစ္တပ္က႐ိုက္ႏွက္မႈေၾကာင့္အမ်ိဳးသမီးတစ္ဦးမွာ ကိုယ္ဝန္ပ်က္က်ခဲ့ေၾကာင္း ႐ြာခံမ်ားထံမွသိရသည္။

ကိုယ္ဝန္ ၂ လရွိေနသည့္ယင္းအမ်ိဳးသမီး၏ဖုန္းထဲတြင္ ၎ဆႏၵျပေနသည့္ ဓာတ္ပုံတစ္ပုံေတြ႕ရွိေသာေၾကာင့္ ထိုေန႔တြင္႐ိုက္ႏွက္စစ္ေဆးခံရသည္။ “အဲဒီတစ္ပုံကို ေတြ႕ၿပီးေခၚသြားတာ။ သူ႔ဖုန္းကိုစက္ေလးနဲ႔ထိုးၾကည့္ေတာ့ ဖ်က္ထားတဲ့ပုံေတြေပၚတယ္လို႔ေျပာတယ္။ ကိုယ္ကဘယ္လိုဖ်က္ဖ်က္၊ ပုံေတြအကုန္ေပၚတယ္တဲ့။ သူတို႔စက္ေလးနဲ႔ထိုးၾကည့္ေတာ့ ဓာတ္ပုံေတြကေပၚေနတယ္။

ညာလို႔မရဘူးလို႔ေျပာတယ္။ ဆႏၵျပပြဲမွာဓာတ္ပုံ႐ိုက္ခဲ့ေတာ့ ပုံထဲမွာပါတဲ့သူေတြရဲ႕ ေနရပ္လိပ္စာေတြ၊ လမ္းနာမည္ေတြကိုေတာင္းတယ္တဲ့။ ဖုန္းထဲကေနေတာက္ေလွ်ာက္လိုက္ေနတာ”ဟု ႐ြာခံတစ္ဦးကေျပာသည္။ စစ္ေကာင္စီကို ေတာ္လွန္ေနသည့္ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ (PDF) မ်ားကလည္း ထိုကဲ့သို႔ျပည္သူကို ထိခိုက္ေစမည့္ အလုပ္မ်ိဳးမလုပ္ေၾကာင္း အသီးသီးေျပာဆိုထားၾကသည္။