စစ်ကောင်စီ၏ပေးပို့သဝဏ်လွှာနှင့်ပတ်သတ်၍ KIA တပ်ချုပ်သဘောထားထုတ်ပြန်

မနေ့ကလိုင်ဇာကို မြန်မာစစ်တပ်ပေးပို့တဲ့သဝဏ်လွှာ ရောက်တယ်ဆိုတာမှန်ပါတယ်။ မြန်မာစစ်တပ်ရဲ့ရေးသားချက်တွေ စာထဲမှာသိပ်ကောင်းပါတယ်။ သို့သော် နှစ် ၆၀လုံးလုံး သူတို့ဒီလိုစာတွေခဏခဏရေးပို့တော့ အလွတ်ရနေသလိုဖြစ်နေပြီ။ ကနီနယ်ခံ PDF ခလေးတွေကို နှပ်ကြောင်းပေးပြီးဖမ်းသတ်တဲ့အလုပ်မျိုး လုပ်နေတဲ့သူပုန်မြန်မာစစ်တပ်ကို ဘယ်လိုမှယုံစားနေစရာအကြောင်းမရှိပါဘူး။ NCA ဆိုတာ အစောကတည်းက စပြီးလက်မှတ်ထိုးကြကတည်းက ကျနော်တို့ကချင်တပ်မတော် KIA အနေနဲ့ မြန်မာစစ်တပ်(အခုတော့သူပုန်တပ်ပေါ့ဗျာ) သူတို့ကိုမယုံလို့ကိုလက်မှတ်မထိုးခဲ့တာ။ ကျွန်တော်ပြောခဲ့ပြီးပါပြီ ခုခေတ်မျိုးဆက်သစ်တိုင်းရင်းသားတွေ၊ ပြည်မကမြန်မာပြည်သူတွေ မြန်မာစစ်တပ်ကိုဘယ်လောက်တောင်မုန်းတီးနေကြသလဲ ? ကျွန်တော်တို့ကချင်တပ်မတော်အနေနဲ့ ကချင်မြေကနေကျော်ပြီး မြန်မာတပ်တွေကိုမတိုက်ဘူး။ လာကျူးကျော်ရင်အသေခံတိုက်မယ်၊ အဲ့ဒါကျွန်တော်တို့ရဲ့မူဝါဒဖြစ်ပါတယ်။

ကျွန်တော်တို့ဆီမှာစစ်ပညာလာသင်တဲ့ PDF လူငယ်တွေက ချင်နယ်စပ်ကစပြီး ပြည်မဘက်တိုက်ခိုက်သိမ်းပိုက်တာ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ လူငယ်လေးတွေကိုသင်ပေးတဲ့ဆရာတွေက တိုက်ပွဲဝင်အတွေ့အကြုံရှိအောင် PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်သင်ကြားပေးတာရှိပါတယ်။ သူတို့ကသင်ပေးနေတာသာဖြစ်ပြီး ဝင်မတိုက်ပါဘူး။ ပြောတော့သာငြိမ်းချမ်းဖို့ကမ်းလှမ်းတယ်ပြောတယ် အခုကချင်မြေထဲမှာရော KIA သတ်မှတ်ဇုံထဲတွေမှာ အင်အားအပြည့်အစုံနဲ့လာတပ်စွဲနေကြပြီး မြေပြင်၊ရေပြင်၊လေကြောင်းအကုန်လုံး အသင့်ပြင်နေကြပြီ ဒါငြိမ်းချမ်းရေးအတွက်ဖြစ်ပါ့မလား။

ကချင်တပ်မတော်မှာ လက်နက်စက်ရုံတွေရှိပြီးသား လိုသလောက်လည်းထုတ်နိုင်တယ်။ လက်နက်အတွက်ပူစရာမလိုသလို စစ်သည်တော်တွေ အင်အားတောင့်တင်းမှုရှိတယ်။ ကျွန်တော့်စစ်သည်တွေလစာမရဘူး သူတို့လည်းမတောင်းဆိုဘူး ကချင်တပ်မတော်ထဲသူ့အသိစိတ်နဲ့သူတို့ဝင်လာကြတဲ့ စစ်သည်တော်တွေဖြစ်တယ်။ မြန်မာတပ်လိုပွဲစားနဲ့လူရှာပြီး စစ်တပ်ဖွဲ့ထားတာမဟုတ်ဘူးဟု ကချင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။

အရှင်းဆုံးပြောရရင် တစ်နိုင်ငံလုံးကအဲ့ဒီသူပုန်တပ်ကို တိုင်းရင်းသားပေါင်းစုံ၊ ပြည်မ PDF အဖွဲ့တွေ တစ်ပြိုင်တည်းစတိုက်ပြီဆိုရင် ကချင်တပ်မတော်ထိုင်ကြည့်မနေပါဘူး ပြည်သိမ်းပွဲအထိဝင်တိုက်ပေးမယ်လို့ ကျွန်တော်တာဝန်ခံပြောကြားပါတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။

#Kachin State news