စစ်ကောင်စီကို ICJ တရားရုံးက တရားရင်ဆိုင်ရန်စာထုတ်ပြန်

လာမယ့်ဇူလိုင် ၂၃ရက်နေ့(သောကြာနေ့) မှာတော့ မင်းအောင်လှိုင်ရဲ့မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုနဲ့ အမှုပေါင်းသောင်းခြောက်ထောင်အတွက် ICJ မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တရားရင်ဆိုင်ဖို့အတွက် စစ်ကောင်စီဟာဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီကဖွဲ့စည်းတဲ့ ICJ တရားရုံး အမှုရင်ဆိုင်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၈ ဦးပါဝင်ကာ စစ်ကောင်စီ၏လက်ပါးစေ ဝဏ္ဏမောင်လွင်၊ ကိုကိုလှိုင် အပါအဝင် မြန်မာစစ်တပ်မှ တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီအဖွဲ့ဝင်၂ ဦးလည်းပါဝင်နေပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ဦးရိုနေဆန်းလွင်ကတော့”မအလအုပ်စုက ICJ မှာ အမှုဆက်လက်ရင်ဆိုင်ဖို့ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီ။ UN Credentials Committee က သူတို့အုပ်စုကိုသာ အသိအမှတ်ပြုမယ်လို့ အပိုင်တွက်ထားပုံရတယ်” လို့သူရဲ့လူမှုကွန်ရက်ကနေဖော်ပြထားပါတယ်။

နိုင်ငံတကာကရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကိုဖိနှိပ်သတ်ဖြ တ်ခဲ့မှုများကို ကျူးလွန်ခဲ့သူများမှာ မြန်မာစစ်တပ်နှင့် ခေါင်းဆောင်များဖြစ်ကြောင်း ပြောဆိုထားပြီး စီးပွားရေးအရ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ICJ တရားရုံးမှာ အမှန်တရားပေါ်ပေါက်ပြီး မြန်မာစစ်တပ်ကျဆုံးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi

လာမယ့္ဇူလိုင္ ၂၃ရက္ေန႔(ေသာၾကာေန႔) မွာေတာ့ မင္းေအာင္လႈိင္ရဲ႕ျမန္မာစစ္တပ္ဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈ၊စစ္ရာဇဝတ္မႈနဲ႔ အမႈေပါင္းေသာင္းေျခာက္ေထာင္အတြက္ ICJ မွာသြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

တရားရင္ဆိုင္ဖို႔အတြက္ စစ္ေကာင္စီဟာဦးေဆာင္ေကာ္မတီကိုဖြဲ႕စည္းထားၿပီးျဖစ္ပါတယ္။ စစ္ေကာင္စီကဖြဲ႕စည္းတဲ့ ICJ တရား႐ုံး အမႈရင္ဆိုင္ေရးအဖြဲ႕မွာ အဖြဲ႕ဝင္ ၈ ဦးပါဝင္ကာ စစ္ေကာင္စီ၏လက္ပါးေစ ဝဏၰေမာင္လြင္၊ ကိုကိုလႈိင္ အပါအဝင္ ျမန္မာစစ္တပ္မွ တာဝန္ထမ္းေဆာင္ဆဲ စစ္ေကာင္စီအဖြဲ႕ဝင္၂ ဦးလည္းပါဝင္ေနပါတယ္။

႐ိုဟင္ဂ်ာအေရး တက္ႂကြလႈပ္ရွားသူ ဦး႐ိုေနဆန္းလြင္ကေတာ့”မအလအုပ္စုက ICJ မွာ အမႈဆက္လက္ရင္ဆိုင္ဖို႔ ဦးေဆာင္ေကာ္မတီ ျပင္ဆင္ဖြဲ႕စည္းလိုက္ၿပီ။ UN Credentials Committee က သူတို႔အုပ္စုကိုသာ အသိအမွတ္ျပဳမယ္လို႔ အပိုင္တြက္ထားပုံရတယ္” လို႔သူရဲ႕လူမႈကြန္ရက္ကေနေဖာ္ျပထားပါတယ္။

ႏိုင္ငံတကာကရခိုင္ျပည္နယ္တြင္ ႐ိုဟင္ဂ်ာမ်ားကိုဖိႏွိပ္သတ္ျဖ တ္ခဲ့မႈမ်ားကို က်ဴးလြန္ခဲ့သူမ်ားမွာ ျမန္မာစစ္တပ္ႏွင့္ ေခါင္းေဆာင္မ်ားျဖစ္ေၾကာင္း ေျပာဆိုထားၿပီး စီးပြားေရးအရ ဒဏ္ခတ္အေရးယူပိတ္ဆို႔မႈမ်ားကိုလည္း လုပ္ေဆာင္ထားၿပီးျဖစ္ပါတယ္။ ICJ တရား႐ုံးမွာ အမွန္တရားေပၚေပါက္ၿပီး ျမန္မာစစ္တပ္က်ဆုံးပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္