စစ်ကိုင်းမှာ ဆွမ်းကျန်အလှူခံ များပြားသောကြောင့် လူစုခွဲကာ အိမ်တိုင်ရာရောက်လိုက်လံဝေပေးခဲ့ရဟုဆို

စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက် မြစြင်္ကာဘုန်းကြီးကျောင်းမှာ ကိုဗစ် ကာလ စားဝတ်နေရေးကျပ်တည်းပြီးတော့ ဆွမ်းကျန်များနှင့် တခြားလှူဖွယ်ပစ္စည်း များကို လာရောက်အလှူခံသူ များတာကြောင့် လူစုခွဲပြီး အိမ်တိုင် ရာရောက် လိုက်လံဝေပေးခဲ့ရကြောင်းကို ရွှေမင်းဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက ပြောခဲ့တာပါ။

အခါတိုင်းရက်တွေတော့ မြစြင်္ကာ ဘုန်းကြီးကျောင်းမှာ လူ ၇၀ လောက်ကို နေ့စဉ်လှူတယ်လို့ ပြောပါတယ်။ ရပ်ရွာ က ခေါင်းဆောင်တွေကို အစည်းအဝေး လည်း ခေါ်ပါတယ်။ အလှူရှင်တွေလှူတဲ့ ပစ္စည်းတွေကိုအိမ်တိုင်ရာရောက် ရာအိမ် မှူးတွေက ကားနဲ့တင်ပြီး ပို့ပေးလိုက်ပါ တယ်ဟု ဦးဝင်းချိုက ပြောခဲ့တာပါ။

မြစြင်္ကာ ဘုန်းကြီးကျောင်း ကို သွားရောက်သူများတွင် ဆင်းရဲနွမ်းပါး သူများနဲ့ တချို့စားနိုင်သောက်နိုင်သူများလည်း ပါဝင်ကြောင်း၊ စစ်ကိုင်းတောင် ရိုးတစ်လျှောက်ရှိ ခိုကိုးရာမဲ့များ ပါဝင်ကြောင်း၊ မြစြင်္ကာဘုန်းကြီးကျောင်းသည်ယခင်ကတည်းက နီးစပ်ရာကျေးရွာများ ကို ပေးလှူနေကျဖြစ်ကြောင်းနဲ့ ယခုမှသာ တစ်ယောက်စကား တစ်ယောက်နားဖြင့် သတင်းများ ပျံ့နှံ့ကာ လူများလာခြင်းဖြစ် ကြောင်း၊ အလှူရှင်များလည်း များလာ ကြကြောင်း၊ ယင်းရပ်ကွက်များတွင် အစိုးရ လမ်းဖောက်ပေးမှုများ၊ထောက်ပံ့ ကြေးလည်း ပေးခဲ့ကြောင်း၊ တချို့ကမြေပြင်အခြေကိုမသိရှိဘဲ လိုက်လံပြောဆိုမှုများ ရှိကြောင်း ဦးဝင်းချိုက ပြောခဲ့တာပါ။

အရင်တုန်းကတည်းကလည်း ဆင်းရဲ နွမ်းပါးတဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း လူ ၇၀၊၈၀ ဆိုသော လူဦးရေဟာ မဖြစ် သင့်ဘူးလို့ ထင်ပါတယ်။တချို့တိုက်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေ အဲ့ဒီမှာအများကြီးပါ၊စစ်ကိုင်းမြို့က စတေးအက်ဟုမ်းချထားတာ ဖြစ်တဲ့အတွက် လုပ်ငန်းကိုင်ငန်းအခြေအနေ မကောင်းဘူးပေါ့။ သို့သော် ကုန်းကောက်စရာမရှိဖြစ်သွားတဲ့ အိမ်ထောင်စုက တော့ ၇၀ ၊ ၈၀ မရှိဘူး လို့ ဆိုပါတယ်။

လော့ခ်ဒေါင်းချပြီးနောက်မှာ အလုပ်အကိုင်များ မရှိရှားပါး သောကြောင့်ဘဲ မြရတနာရပ်ကွက်၊ သောတာပန်ရပ်ကွက်၊ နန်းဦး မြို့သစ်ရပ်ကွက်၊ ရွှေမင်းဝန်ရပ်ကွက် အပါအဝင်ရပ်ကွက်ငါးခုမှ အခြေခံ လူတန်းစား ၁၀၀ နီးပါးခန့်က ဆွမ်း၊ ထမင်း၊ ဟင်းအလှူခံ နေကြကြောင်း ဒေသခံတို့က ပြောတာပါ။ ယခုလို စုဝေးကြသည်မှာ နှစ်လခန့်ကြာမြင့်ပြီဖြစ်ပြီးတော့ နံနက် ၁၀ နာရီခွဲခန့်မှ မွန်းတည့် ၁၂ နာရီခန့်အထိ အလှူရှင်များကလည်း လာရောက်လှူဒါန်းခဲ့ကြကြောင်းကို ဒေသခံတို့က ပြောခဲ့တာပါ။ လူစုလူဝေး မဖြစ်စေဖနု့အတွက်လည်း နောက်ရက်များတွင် အိမ်တိုင်ရာရောက် လှူပေးမည်ဖြစ်ကြောင်း သိရတာဖြစ်ပါတယ်နော်။

source;The Standard Time Daily
Zawgyi
စစ္ကိုင္းၿမိဳ႕ ေသာတာပန္ရပ္ကြက္ ျမျစကၤာဘုန္းႀကီးေက်ာင္းမွာ ကိုဗစ္ ကာလ စားဝတ္ေနေရးက်ပ္တည္းၿပီးေတာ့ ဆြမ္းက်န္မ်ားႏွင့္ တျခားလႉဖြယ္ပစၥည္း မ်ားကို လာေရာက္အလႉခံသူ မ်ားတာေၾကာင့္ လူစုခြဲၿပီး အိမ္တိုင္ ရာေရာက္ လိုက္လံေဝေပးခဲ့ရေၾကာင္းကို

ေ႐ႊမင္းဝန္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းခ်ိဳက ေျပာခဲ့တာပါ။အခါတိုင္းရက္ေတြေတာ့ ျမျစကၤာ ဘုန္းႀကီးေက်ာင္းမွာ လူ ၇၀ ေလာက္ကို ေန႔စဥ္လႉတယ္လို႔ ေျပာပါတယ္။ ရပ္႐ြာ က ေခါင္းေဆာင္ေတြကို အစည္းအေဝး လည္း ေခၚပါတယ္။ အလႉရွင္ေတြလႉတဲ့ ပစၥည္းေတြကိုအိမ္တိုင္ရာေရာက္ ရာအိမ္ မႉးေတြက ကားနဲ႔တင္ၿပီး ပို႔ေပးလိုက္ပါ တယ္ဟု ဦးဝင္းခ်ိဳက ေျပာခဲ့တာပါ။ျမျစကၤာ ဘုန္းႀကီးေက်ာင္း ကို သြားေရာက္သူမ်ားတြင္ ဆင္းရဲႏြမ္းပါး သူမ်ားနဲ႔ တခ်ိဳ႕စားႏိုင္ေသာက္ႏိုင္သူမ်ားလည္း

ပါဝင္ေၾကာင္း၊ စစ္ကိုင္းေတာင္ ႐ိုးတစ္ေလွ်ာက္ရွိ ခိုကိုးရာမဲ့မ်ား ပါဝင္ေၾကာင္း၊ ျမျစကၤာဘုန္းႀကီးေက်ာင္းသည္ယခင္ကတည္းက နီးစပ္ရာေက်း႐ြာမ်ား ကို ေပးလႉေနက်ျဖစ္ေၾကာင္းနဲ႔ ယခုမွသာ တစ္ေယာက္စကား တစ္ေယာက္နားျဖင့္ သတင္းမ်ား ပ်ံ႕ႏွံ႔ကာ လူမ်ားလာျခင္းျဖစ္ ေၾကာင္း၊ အလႉရွင္မ်ားလည္း မ်ားလာ ၾကေၾကာင္း၊ ယင္းရပ္ကြက္မ်ားတြင္ အစိုးရ လမ္းေဖာက္ေပးမႈမ်ား၊ေထာက္ပံ့ ေၾကးလည္း ေပးခဲ့ေၾကာင္း၊ တခ်ိဳ႕ကေျမျပင္အေျခကိုမသိရွိဘဲ လိုက္လံေျပာဆိုမႈမ်ား ရွိေၾကာင္း ဦးဝင္းခ်ိဳက ေျပာခဲ့တာပါ။

အရင္တုန္းကတည္းကလည္း ဆင္းရဲ ႏြမ္းပါးတဲ့လူေတြလည္း ရွိပါတယ္။ ဒါေပမယ့္လည္း လူ ၇၀၊၈၀ ဆိုေသာ လူဦးေရဟာ မျဖစ္ သင့္ဘူးလို႔ ထင္ပါတယ္။တခ်ိဳ႕တိုက္ေတြ၊ အိမ္ႀကီးအိမ္ေကာင္းေတြ အဲ့ဒီမွာအမ်ားႀကီးပါ၊စစ္ကိုင္းၿမိဳ႕က စေတးအက္ဟုမ္းခ်ထားတာ ျဖစ္တဲ့အတြက္ လုပ္ငန္းကိုင္ငန္းအေျခအေန မေကာင္းဘူးေပါ့။ သို႔ေသာ္ ကုန္းေကာက္စရာမရွိျဖစ္သြားတဲ့ အိမ္ေထာင္စုက ေတာ့ ၇၀ ၊ ၈၀ မရွိဘူး လို႔ ဆိုပါတယ္။ေလာ့ခ္ေဒါင္းခ်ၿပီးေနာက္မွာ အလုပ္အကိုင္မ်ား မရွိရွားပါး ေသာေၾကာင့္ဘဲ ျမရတနာရပ္ကြက္၊ ေသာတာပန္ရပ္ကြက္၊ နန္းဦး ၿမိဳ႕သစ္ရပ္ကြက္၊

ေ႐ႊမင္းဝန္ရပ္ကြက္ အပါအဝင္ရပ္ကြက္ငါးခုမွ အေျခခံ လူတန္းစား ၁၀၀ နီးပါးခန႔္က ဆြမ္း၊ ထမင္း၊ ဟင္းအလႉခံ ေနၾကေၾကာင္း ေဒသခံတို႔က ေျပာတာပါ။ ယခုလို စုေဝးၾကသည္မွာ ႏွစ္လခန႔္ၾကာျမင့္ၿပီျဖစ္ၿပီးေတာ့ နံနက္ ၁၀ နာရီခြဲခန႔္မွ မြန္းတည့္ ၁၂ နာရီခန႔္အထိ အလႉရွင္မ်ားကလည္း လာေရာက္လႉဒါန္းခဲ့ၾကေၾကာင္းကို ေဒသခံတို႔က ေျပာခဲ့တာပါ။ လူစုလူေဝး မျဖစ္ေစဖႏု႔အတြက္လည္း ေနာက္ရက္မ်ားတြင္ အိမ္တိုင္ရာေရာက္ လႉေပးမည္ျဖစ္ေၾကာင္း သိရတာျဖစ္ပါတယ္ေနာ္။

source;The Standard Time Daily