ငွေ(၆) သိန်းအတွက်နဲ့တစ်နှစ်စာ ကျွန်ခံခဲ့ရတဲ့ ကလေး(၂) ယောက်ရဲ့ သနားစရာအဖြစ်
မနေ့တုန်းက ကလေး၂ယောက်ဟာ ပြင်ဦးလွင် ကြက်ခြံတစ်ခုကနေပီးတော့ ထွက်ပြေးလာလို့ လားရှိုးရောက်လာခဲ့တာပါ။ အဲဒါကလည်း လူမျိုးချင်းတူညီတဲ့ ပြင်ဦးလွင်မှ အသိတစ်ဦးရဲ့ အချိတ်အဆက်နဲ့ ရောက်လာတာပါ။
၂ယောက်လုံးဟာ အသက်ကတာ့ ၁၂ ၁၃၀န်းကျင်လောက်ဖြစ်မယ်ဗျာ။ ဇာတိကတော့ တန့်ယန်းမြို့နယ်ထဲကရွာမှာပါ။ ဗမာစကားကို မတတ် ဘာမတတ်နဲ့ လားရှိုးရောက်လာတော့ သွားကြိုဖြစ်ပါတယ်။ နောက်တစ်ရက်မှာ သူတို့ရဲ့ နေရပ်ဇာတိကို ပြန်ပို့ပေးခဲ့တယ်။ပြသနာဟာ ဘာလဲဆို ကလေးသူငယ်ခိုင်းစားခြင်းဘဲနော်။ မိဘတွေကိုယ်တိုင်ကလဲ သူတို့သားသမီးတွေကို တရုတ်အလုပ်ခွင်ထဲပို့တယ်ဗျာ။ တစ်နှစ်စာလုံး လုပ်လခစာတွေ ကြိုထုတ်ပစ်တာ။
ဒီကလေး ၂ယောက်ဆိုရင် ၁ယောက်ကို ၁နှစ်ပတ်လုံး ၆သိန်းရတယ်ပြောတယ်ဗျာ။ သူတို့လခဟာ မိဘတွေက ထုတ်ယူသွားတယ်။ လခ ကြိုထုတ်ထားတော့ ဟိုကလည်း ကလေးတွေကိုစပယ်ရှယ်ခိုင်းတာဗျာ။ မလုပ်နိုင်တဲ့ အဆုံးမှာ ကလေးတွေ ထွက်ပြေးလာခဲ့တာပါ။ဒီကိစ္စမျိုးဟာ ကျွန်တော်ဆီရောက်လာတာ ၃ခါထက်မနည်းတော့ပါဘူး။ အချို့ကိုတော့လည်း အိမ်ပြန်ပို့တယ်။အချို့ကလေးတွေကိုတော့ ကိုယ့်နည်းကိုယ့်ဟန် ကျောင်းထားပေးထားတယ်။ အိမ်ပြန်ထားပေး။
ဒီကိစ္စမျိုးဟာ ရှမ်းမြောက်မှာဆိုတန့်ယန်း မိုင်းရယ် မိုင်းယော်က ကလေးငယ်တွေ အဖြစ်များတယ်။အချို့ကတော့ မိဘတွေကိုယ်တိုင်က ဘိန်းစားဖြစ်လို့ သူတို့ကလေးတွေကို အလုပ်ခွင်ထဲ ပို့ပစ်တာ။ လခကြိုထုတ်ထားတယ်။ ဘုမသိ ဘမသိ ကလေးငယ်တွေ အလုပ်မတရားခိုင်းခံရတာ။လုပ်ငန်းရှင်တွေရဲ့ အကြိုက်ပေါ့။ လုပ်ငန်းရှင်ဆိုတာကတော့ အများစုက တရုတ်တွေပိုများတာပါ။ အဲလိုကလေးငယ်တွေ လားရှိုးထဲမှာတင် အများကြီးရှိတယ်။ထမင်းဆိုင်၊ အကင်ဆိုင်၊ ကုန်စုံဆိုင်တွေမှာ အများကြီးတွေ့ရတာပါ။
ပြီးရင်တော့ မြို့ပြင်မှာ ကျွဲကျောင်းတာတွေနွားကျောင်းတာတွေ ခြံစောင့်တို့ ဘာတို့မှာ အဲလိုကလေးတွေ ပိုတွေ့ရတတ်တယ်နော်။ ဒီလိုအဖြစ်မျိုးက ပြောရရင် ဖြေရှင်းရခက်တဲ့ နည်းတနည်းဖြစ်နေတာပါ။အကြောင်းဟာ မိဘတွေကိုတိုင် သူတို့ကလေးတွေကို ခိုင်းတာကြောင့်ဖြစ်နေတာပါ။
ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတဲ့ CSOအဖွဲ့တွေ ပညာပေးတဲ့ အဖွဲ့အစည်းတွေလည်း အားနည်းနေတာပါ။ ဒီလိုကိစ္စရပ်မျိုး တော်ရုံနဲ့ ပျောက်ကွယ်သေးမှာ မဟုတ်ဘူး။ ကျောင်းနေရွယ်မှာ လုပ်သားကျွန်လုပ်နေရတဲ့ ကလေးတွေအတွက်ဝမ်းနည်းစရာတော့ အလွန်ကောင်းတာပါ။ဒီအကြောင်းအရာတွေ ကွင်းဆက်လိုက်တဲ့ မီဒီယာလည်း အားနည်နေတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်အပါအဝင်ပေါ့။
soure; Mai A Naing
Zawgyi
soure; Mai A Naing