ငယ်စဉ်ကလေးဘဝမှာ လှောင်ပြောင်ခံခဲ့ရပေမဲ့လည်း ယနေ့မှာ အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ဦးဖြစ်လာတဲ့ ခြေတံအရှည်ဆုံးအမျိုးသမီး

အသက် 20 အရွယ် Chase Kennedy အမည်ရှိအမျိုးသမီးဟာ အရပ် 6’5” ရှိပြီး အမေရိကန်ရှိ အရပ်ရှည်တဲ့အမျိုးသမီးများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ခြေတံအရှည်က 51 လက်မရှိတဲ့ Kennedy ဟာ အမြဲတမ်းအရပ်အရှည်ဆုံး မိန်းကလေးဖြစ်ပြီး ယောက်ျားလေးအများစုထက်ပင် အရပ်ရှည်နေခဲ့တာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ကလေးဘဝကိုဖြတ်သန်းခဲ့ရတဲ့အချိန်များစွာရှိခဲ့ပါတယ်။

ငယ်စဉ်က အခြားကလေးများက “ သစ်ကုလားအုတ်”၊ “သစ်ပင်ရဲ့ အကိုင်းအခက်များ ” စတဲ့နာမည်ပြောင်များဖြင့် သူမကိုလှောင်ပြောင်လေ့ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ သူမက ခြေတံတိုတွေရဖို့လည်း အမြဲအိပ်မက်မက်ခဲ့ရပါတယ်။

ဒါပေမယ့်လည်းသူမမှာ အားကစားထူးချွန်တဲ့ ဘာသာရပ်တစ်ခုရှိပြီး ဘော်လီဘောနှင့် ဘတ်စကတ်ဘောကဲ့သို့သော ကစားနည်းများမှာ Kennedy က သူမရဲ့အရပ်က ကောင်းချီးတစ်ခုဖြစ်နေကြောင်း မကြာမီမှာဘဲ သဘောပေါက်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။

ဘယ်အသင်းမှာပဲဖြစ်ဖြစ်သူမဟာ ပြိုင်ပွဲဝင်များရဲ့အရပ်အရှည်ဆုံး မိန်းကလေးထဲကတစ်ယောက်ဖြစ်ခဲ့ပြီး​ ၎င်းကသူမအတွက်​ အကျိုးရှိ​အောင်​ အပြည့်​အဝအသုံးတည့်တဲ့ အရာတစ်ခုဖြစ်နေခဲ့ပါတယ်။ Kennedy ဟာ သူမအရွယ်ရောက်လာတဲ့ အခါမှာလည်း သူမအရပ်အမောင်းကြောင့် date ရတာလည်း အဆင်မပြေနေခဲ့ပါဘူး။

နောက်တော့သူမဟာ မော်ဒယ်တစ်ဦးအဖြစ် မော်ဒယ်လုပ်ငန်းမှာဝင်ရောက်ခဲ့ပေမဲ့ အစပိုင်းတော့သူမဟာ ပြဿနာများစွာနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ အေဂျင်စီအများစုက သူမရဲ့အရပ်အမောင်းကြောင့် သူမအားငြင်းပယ်ခဲ့တဲ့အပြင် သူမရဲ့အေဂျင်စီကလည်း သူမကိုအချိန်ကြာလာတာနဲ့အမျှ သူမအား ‘ မင်းနဲ့ငါတို့ဘာလုပ်ရမှန်းမသိတော့ဘူး’ လို့ သူမအားပြောကြားလာခဲ့ပါတယ်။

နောက်တော့ Kennedy ဟာ New York နှင့် Europe မှာ သူမရဲ့မော်ဒယ်အလုပ်ကို ကြိုစားအလုပ်လျှောက် ကံစမ်းခဲ့တာကြောင့် Kennedy ဟာ နောက်ပိုင်းမှာ သူမရဲ့ 51 လက်မရှည်တဲ့ခြေထောက်များကြောင့် သဘောကျတဲ့ အေဂျင်စီများစွာရဲ့အာရုံစိုက်မှုကိုရရှိခဲပြီး အခုချိန်လိုအောင်မြင်နေတဲ့ မော်ဒယ်တစ်ဦးအဖြစ်တည်ရှိလာခဲ့ပါတယ်။

Kennedy ဟာ တစ်ချိန်က သူမကျောင်းတက်စဉ်တုန်းက တွေးခဲ့တဲ့အတွေးများနဲ့မတူဘဲ ယခုအချိန်မှာတော့ “ ငါအရပ်မြင့်မှ ဖြစ်မယ် ငါအရပ်မြင့်နေတာကိုဝမ်းသာတယ် ” လို့သာ တွေးတောတတ်လာပါတော့တယ်။

Kennedy ဟာ အမေရိကမှာ အရှည်ဆုံးခြေထောက်များဖြင့် ရှားပါးတဲ့ လူသားနမူနာတစ်ဦးဖြစ်ပြီး သူမရဲ့ခြေထောက်များကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ငယ်စဉ်ကလေးဘဝရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမရဲ့ကျော်ကြားမှုဆီသို့ ရောက်သွားခဲ့ရတာက သူမရဲ့ခြေထောက်များကြောင့်ဆိုတာကို သိလိုက်ရလို့ သူမအတွက် ဝမ်းသာမိပါတယ်ဗျာ။

Reference : goodtimes

Zawgyi

အသက္ 20 အ႐ြယ္ Chase Kennedy အမည္ရွိအမ်ိဳးသမီးဟာ အရပ္ 6’5” ရွိၿပီး အေမရိကန္ရွိ အရပ္ရွည္တဲ့အမ်ိဳးသမီးမ်ားထဲမွ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။ ေျခတံအရွည္က 51 လက္မရွိတဲ့ Kennedy ဟာ အၿမဲတမ္းအရပ္အရွည္ဆုံး မိန္းကေလးျဖစ္ၿပီး ေယာက္်ားေလးအမ်ားစုထက္ပင္ အရပ္ရွည္ေနခဲ့တာေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ကေလးဘဝကိုျဖတ္သန္းခဲ့ရတဲ့အခ်ိန္မ်ားစြာရွိခဲ့ပါတယ္။

ငယ္စဥ္က အျခားကေလးမ်ားက “ သစ္ကုလားအုတ္”၊ “သစ္ပင္ရဲ႕ အကိုင္းအခက္မ်ား ” စတဲ့နာမည္ေျပာင္မ်ားျဖင့္ သူမကိုေလွာင္ေျပာင္ေလ့ရွိခဲ့ပါတယ္။ တစ္ခါတစ္ရံမွာ သူမက ေျခတံတိုေတြရဖို႔လည္း အၿမဲအိပ္မက္မက္ခဲ့ရပါတယ္။

ဒါေပမယ့္လည္းသူမမွာ အားကစားထူးခြၽန္တဲ့ ဘာသာရပ္တစ္ခုရွိၿပီး ေဘာ္လီေဘာႏွင့္ ဘတ္စကတ္ေဘာကဲ့သို႔ေသာ ကစားနည္းမ်ားမွာ Kennedy က သူမရဲ႕အရပ္က ေကာင္းခ်ီးတစ္ခုျဖစ္ေနေၾကာင္း မၾကာမီမွာဘဲ သေဘာေပါက္ခဲ့ရေၾကာင္း ဆိုခဲ့ပါတယ္။

ဘယ္အသင္းမွာပဲျဖစ္ျဖစ္သူမဟာ ၿပိဳင္ပြဲဝင္မ်ားရဲ႕အရပ္အရွည္ဆုံး မိန္းကေလးထဲကတစ္ေယာက္ျဖစ္ခဲ့ၿပီး​ ၎ကသူမအတြက္​ အက်ိဳးရွိ​ေအာင္​ အျပည့္​အဝအသုံးတည့္တဲ့ အရာတစ္ခုျဖစ္ေနခဲ့ပါတယ္။ Kennedy ဟာ သူမအ႐ြယ္ေရာက္လာတဲ့ အခါမွာလည္း သူမအရပ္အေမာင္းေၾကာင့္ date ရတာလည္း အဆင္မေျပေနခဲ့ပါဘူး။

ေနာက္ေတာ့သူမဟာ ေမာ္ဒယ္တစ္ဦးအျဖစ္ ေမာ္ဒယ္လုပ္ငန္းမွာဝင္ေရာက္ခဲ့ေပမဲ့ အစပိုင္းေတာ့သူမဟာ ျပႆနာမ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ရပါတယ္။ ေအဂ်င္စီအမ်ားစုက သူမရဲ႕အရပ္အေမာင္းေၾကာင့္ သူမအားျငင္းပယ္ခဲ့တဲ့အျပင္ သူမရဲ႕ေအဂ်င္စီကလည္း သူမကိုအခ်ိန္ၾကာလာတာနဲ႔အမွ် သူမအား ‘ မင္းနဲ႔ငါတို႔ဘာလုပ္ရမွန္းမသိေတာ့ဘူး’ လို႔ သူမအားေျပာၾကားလာခဲ့ပါတယ္။

ေနာက္ေတာ့ Kennedy ဟာ New York ႏွင့္ Europe မွာ သူမရဲ႕ေမာ္ဒယ္အလုပ္ကို ႀကိဳစားအလုပ္ေလွ်ာက္ ကံစမ္းခဲ့တာေၾကာင့္ Kennedy ဟာ ေနာက္ပိုင္းမွာ သူမရဲ႕ 51 လက္မရွည္တဲ့ေျခေထာက္မ်ားေၾကာင့္ သေဘာက်တဲ့ ေအဂ်င္စီမ်ားစြာရဲ႕အာ႐ုံစိုက္မႈကိုရရွိခဲၿပီး အခုခ်ိန္လိုေအာင္ျမင္ေနတဲ့ ေမာ္ဒယ္တစ္ဦးအျဖစ္တည္ရွိလာခဲ့ပါတယ္။

Kennedy ဟာ တစ္ခ်ိန္က သူမေက်ာင္းတက္စဥ္တုန္းက ေတြးခဲ့တဲ့အေတြးမ်ားနဲ႔မတူဘဲ ယခုအခ်ိန္မွာေတာ့ “ ငါအရပ္ျမင့္မွ ျဖစ္မယ္ ငါအရပ္ျမင့္ေနတာကိုဝမ္းသာတယ္ ” လို႔သာ ေတြးေတာတတ္လာပါေတာ့တယ္။

Kennedy ဟာ အေမရိကမွာ အရွည္ဆုံးေျခေထာက္မ်ားျဖင့္ ရွားပါးတဲ့ လူသားနမူနာတစ္ဦးျဖစ္ၿပီး သူမရဲ႕ေျခေထာက္မ်ားေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ ငယ္စဥ္ကေလးဘဝရွိခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ သူမရဲ႕ေက်ာ္ၾကားမႈဆီသို႔ ေရာက္သြားခဲ့ရတာက သူမရဲ႕ေျခေထာက္မ်ားေၾကာင့္ဆိုတာကို သိလိုက္ရလို႔ သူမအတြက္ ဝမ္းသာမိပါတယ္ဗ်ာ။

Reference : goodtimes