ချမ်းမြသာစည် လမ်းပေါ်က နေ့တိုင်း ဓါတ်ဆီပြတ်နေတဲ့ သင်္ကန်းဝတ်နဲ့ လူကို အရေးယူပြီ

ချမ်းမြသာစည် စက်ဘီး/ဆိုင်ကယ်လမ်း သင်္ကန်းဝတ်နဲ့ လူတစ်ယောက် ဆိုင်ကယ်နဲ့ နေ့တိုင်း ဆိုင်ကယ် ဓာတ်ဆီပြတ်သလို လမ်းတွေ့တဲ့လူ ဆိုင်ကယ်တား အလှူခံနေတာကို ယနေ့ ချမ်းအေးသာစံ သာ/ထိန်း ဆရာတော်များမှ အရေးယူဆောင်ရွက်ပါပြီ။

ချမ်းမြသာစည် လမ်းပေါ်က နေ့တိုင်း ဓါတ်ဆီပြတ်နေတဲ့ သင်္ကန်းဝတ်နဲ့ လူတစ်ယောက် မတင်ဘဲ နေမလို့ပါပဲ.. နေ့တိုင်း ဓာတ်ဆီ ပြတ်နေတာတွေ့လို့ပါ ချမ်းမြသာစည် စက်ဘီး/ဆိုင်ကယ်လမ်းမှာ သင်္ကန်းဝတ်နဲ့ လူတစ်ယောက် ဆိုင်ကယ်တစီးနဲ့ နေ့တိုင်း ဆိုင်ကယ် ဓာတ်ဆီပြတ်သလို လမ်းတွေ့တဲ့ လူ စက်ဘီး ဆိုင်ကယ် အကုန်တား အလှူခံနေတာတွေ့လို့.. နေ့တိုင်းကြ လွန်လာသလားလို့ပါ.. သိနေတဲ့လူတွေတော့ ဘယ်လောက်တားတား ရပ်မပေးကြဘူး.. မသိတဲ့လူတွေတော့ ပိုက်ဆံလေးလှူ ကန်တော့ကြ လုပ်နေလို့ပါ.. (Tun Mi Naung)

ဟုတ်တယ်ဗျာ.. ဒီနေ့လဲကိုယ်တွေ့တာတောင် သင်္ကန်းကြီးတကားကားနဲ့ လာတားနေလို့ ရပ်မပေးဘဲမောင်းလာခဲ့တယ်.. နေတိုင်း ဒီလမ်းကိုယ်တွေက သွားနေတာ ရက်ခြားဆိုသလိုမြင်နေရတော့ မသိသလိုနဲ့ ရပ်ပေးမလို့ စဉ်းစားသေးတယ် ပြီးမှပြောထည့်မလို့.. လုပ်စားတာတောင် သာသနာအရောင်နဲ့ဆိုတော့ နည်းနည်းတော့ ချဉ်လာတယ်.. (Kkzaw)

Zawgyi

