ချစ်သူကောင်လေးကိုလမ်းခွဲပြီး သူ့အဖေကိုလက်ထပ်ခဲ့တဲ့ အမျိုးသမီး
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်တွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ချစ်သူကောင်လေးနဲ့ နှစ်နှစ်အကြာတွဲခဲ့ပြီး လမ်းခွဲပြတ်စဲ လိုက်ကြသော်လည်း သူတို့နှစ်ဦးက သူငယ်ချင်း ဆက်ဆံရေးအဖြစ် ထိန်းသိမ်းထားကာ တစ်ယောက်အိမ်တစ်ယောက် သွားလာဝင်ထွက်လျက်ရှိသည်။
မိန်းကလေးသည်လည်း ချစ်သူကောင်လေးနဲ့ လမ်းခွဲပြီးထားသည့်တိုင် ကောင်လေးအိမ်သို့ မကြာမကြာ သွားလည်လေ့ရှိရာ မကြာခင်ပဲ ကောင်လေးရဲ့ ဖခင်ဖြစ်သူနဲ့ တဖန်ချစ်ကြိုက်သွားမိခဲ့သည်။ ကောင်လေးရဲ့ မိခင်ဖြစ်သူမှာ ငယ်ငယ်လေးတည်းက ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူက တစ်ယောက်တည်း ကြင်ဖော်မဲ့နေခဲ့ပြီးမှ သားဖြစ်သူရဲ့ ချစ်သူဟောင်း မိန်းကလေးနဲ့တွေ့ပြီး ရင်ခုန်စိတ်လှုပ်ရှားပြီး ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကို ဂရုမစိုက်ပဲ လက်ထပ်ယူခဲ့သည်။
ကောင်မလေးကလဲ ရီးစားဟောင်းရဲ့အဖေက သူ့အပေါ်လူကြီးဆန်စွာ ကြင်ကြင်နာနာဆက်‌ဆံတာတွေအပေါ် သဘေကျသွားပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
သူတို့ဒီလို့ လက်ထပ်ပေမဲ့ သူ့ရီးစားကောင်‌ေလးကတော့ ဘာမှသိပ်ပြီး ထူးထူးခြားခြား မခံစားရဘူးလို ပြောပါတယ်။ မြန်မာ့ဓလေ့ထုံးစံအရတော့ ဒါဟာ တော်တော်လေးကို အဆင်မပြေဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ပြောရမှာပါပဲနော်။
Nyo Nyo (boomnews)
Zawgyi
Nyo Nyo (boomnews)