ချစ်စရာကောင်းတဲ့ရုပ်ရည်ကြောင့် ငှားချင်သူတွေများနေတဲ့ ဆိုင်ကယ်ကယ်ရီမိန်းခလေး

ဘာပဲလုပ်လုပ် ဖော်ရွေသောအပြုံနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ရှိရင် လုပ်ငန်းက တဝက်အဆင်ပြေနိုင်ပါတယ်နော်။ ခုဖော်ပြပေးမည့် ဗီယက်နမ်နိုင်ငံက မိန်းခလေူတယောက်ဟာ ချစ်စရာကောင်းတဲ့ရုပ်ရည်ကြောင့် ငှားချင်သူတွေများနေတဲ့ ဆိုင်ကယ်ကယ်ရီ မောင်းသူလေးဖြစ်ပါတယ်။ သူမက ဖော်ရွေသောအပြုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အရမ်းနာမည်ကြီူနေပါတယ်။

ဗီယက်နမ်နိုင်ငံမှ Pham Thi Hang အမည်ရှိသော အသက် ၁၈ နှစ်အရွယ် မိန်းကလေးသည် မိသားစု စားဝတ်နေရေးကြောင့် လမ်းမပေါ်ထွက်၍ ဆိုင်ကယ် ကယ်ရီသမားလေးအဖြစ် လုပ်ကိုင်ခဲ့သည်။ မိန်းကလေးသည် အစပိုင်းတွင် အလှပြင်ဆိုင်တစ်ခုမှာ ဆံပင်ညှပ်ခဲ့ရာ ရသောလစာနှင့် အိမ်ရှိအသုံးစရိတ်က မလုံလောက်၍ ဆိုင်ကယ်ကယ်ရီသမား လေးအဖြစ်လည်း အလုပ်နှစ်မျိုးလုပ်ခဲ့သည်။

မိန်းကလေးသည် ဝတ်ထားသော ယူနီဖောင်းလေးနှင့် လိုက်ဖက်မှုရှိကာ လူသိများလာပြီး ဖက်ရှင်နှင့် အလှကုန်အမှတ်တံဆိပ်ကြော်ငြာတို့တွင် ဓာတ်ပုံများရိုက်ရန် ကမ်းလှမ်းခံရပြီး မော်ဒယ်လောကထဲသို့ ဝင်ရောက်ခဲ့ပြန်သည်။ ထို့နောက် ကယ်ရီသမားလေး အလုပ်ကနေထွက်ခဲ့ပြီး မော်ဒယ်လမ်းကြောင်းနှင့် အလှပြုပြင်ရေးတွင် လုပ်ကိုင်နေဆဲဖြစ်သည်။

Zawgyi


