ခေတ်ပျက်နေပါတယ်ဆို အကြောင်းမျိုးစုံပြပြီး အလှူခံနေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့သံစဉ်မောင်
ဒီတခါဖော်ပြပေးမှာကတော့ ခေတ်ပျက်နေကြီးထဲမှာ အကြောင်းမျိုးစုံပြပြီး အလှူခံနေတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ မော်ဒယ်သရုပ်ဆောင် သံစဉ်မောင်ရဲ့ အကြောင်းပဲ ဖြစ်ပါဝယ်နော်။သံစဉ်မောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမချောလေးပဲဖြစ်ပါတယ်။ မော်ဒယ်လ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူ တစ်ယောက်ပဲဖြစ်ပါတယ်။
မော်လ်ဒယ်တစ်ယောက်အနေနဲ့ စတင်ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်နယ်ပယ်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ထိုက်သင့်သလောက် ရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။
လက်ရှိကာလမှာတော့ အနုပညာအလုပ်တွေ ပါးနေချိန်မှာ Photo Shooting နဲ့ Live Sale ကို တွဲဖက်လုပ်ကိုင်လျက်ရှိနေတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သံစဉ်မောင်က စေတနာနဲ့ အတိုးမယူဘဲ ပိုက်ဆံချေးလိုက်သော်လည်း ပြန်မဆပ်ကြတဲ့ သူတွေနဲ့ သူမဆီကို လိမ်လည်ပြီး အလှူလာခံတဲ့သူတွေကို အားနာမှာမဟုတ်တော့ကြောင်း ပြတ်သားစွာ ပြောလာပါတယ်။
သံစဉ်မောင်က “အားနေပိုက်ဆံချေးချင်တဲ့သူနဲ့ အကြောင်းမျိုးစုံပြပြီး အလှူခံနေတဲ့သူတွေရေ အခြေအနေ အချိန်အခါကိုကြည့်ပါ ဘာအလုပ်တွေ ကောင်းနေတာမြင်လို့ အားမနာလျှာမကျိုး ကျွန်မဆီပဲ လာနေရတာလဲ တစ်ခါတည်းပြောလိုက်မယ် ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ ပိုက်ဆံချေး မကူညီတော့ဘူး ကျွန်မပိုက်ဆံချေးလိုက်တဲ့ သူတိုင်းကို အတိုးမယူ ဒီအတိုင်းကူညီပေးတာ ရှင်တို့အသိဆုံးနော် ပြီးရင်ရှင်တို့က ပိုက်ဆံပြန်ပေးဖို့ကို ကတိမတိ မသိချင်ယောင်ဆောင် အလိုက်မသိ အားမနာတက်ပေ့မယ်ကျွန်မက ခနခနတောင်းရမှာ အားနာတက်လွန်းတော့ တော်တော်ကို အဆင်မပြေပါဘူးနော်။
အလှူခံတွေလည်း အလိမ်အညာတွေများပြီး ခံရပေါင်းများလွန်းလို့ ဘယ်သူ့ကို မှမယုံတော့ဘူး ပိုက်ဆံအဆင်ပြေရင်လည်း ကိုယ်တကယ် လှူသင့်တဲ့သူကို ကိုယ်တိုင်ရှာလှူမယ် လာပြီးအလှူလာမခံကြပါနဲ့တော့ ကျေးဇူးတင်ပါတယ်” ဆိုပြီး ာလာတာဖြစ်ပါတယ်။ ပရိသတ်ကြီးရော သံစဉ်မောင်လို စေတနာနဲ့ ပိုက်ဆံချေးလိုက်ပေမဲ့ ပြန်မဆပ်ကြတဲ့ သူတွေနဲ့ရော ကြုံဆုံဖူးကြပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
ငွေကြေးကိစ္စကတော့ လူတ်ုးကို ယုံလိုမရပါဘူးနော်။ ကတိမတည်တဲ့သူနဲ့တွေရင် ကိုယ်ပဲခံရတာပါ။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်လာရင် အထူးသတိထားဖို့ လိုအပ်ပါတယ်နော်။
Credit Than Sin Maung
Zawgyi
Credit Than Sin Maung