ခုတော့ကမ္ဘာ့မျက်နှာစာမှာ မရှိတဲ့သောက်ရှက် ထပ်ကွဲပြန်ပြီ

ဒီနေ့ဦးဖြိုးမင်းသိန်း video ထွက်လာပြီးပြီးချင်း CNA သတင်းထောက်တွေက Twitter မှာစတင်တယ်။ မိနစ်ပိုင်းအတွင်းမှာဘဲ အဲဒါအစစ်မဟုတ်ကြောင်း၊ နည်းပညာညံ့ဖျင်းစွာနဲ့ဖန်တီးထားကြောင်းဝိုင်းတွိလိုက်တာ ခုတော့ကမ္ဘာ့မျက်နှာစာမှာ မရှိတဲ့သောက်ရှက်ထပ်ကွဲပြန်ပြီ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီတံဆိပ်ရွှေ ၇ ပိဿာ ပေးခဲ့သည်ဆိုသောရုပ်သံဖိုင်တခုကို ယနေ့နေပြည်တော်တွင်ပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြသရာ အများပြည်သူက မယုံကြည်ကြကြောင်းသိရသည်။

ဦးဖြိုးမင်းသိန်း၏ ပါးစပ်သိပ်မလှုပ်ခြင်း၊ အသံမတည်ငြိမ်ဘဲ ပုံမှန်မဟုတ်ခြင်းတို့ကြောင့် နည်းပညာဖြင့်အသံတုပြုလုပ်ထုတ်လွှင့်ခြင်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုဝေဖန်လျက်ရှိသည်။

“ဖြိုးမင်းသိန်းအသံလည်းမဟုတ်သလို ပါးစပ်ပေါက်ကိုက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်ဘူးဆိုတော့ ပြောစရာစကားကိုမရှိတော့တာပဲ”ဟု မျိုးဆွေသန်း အမည်ဖြင့် ဖေ့ဘုတ်စ်သုံးစွဲသူတဦးက ရေးသားထားသည်။ အများပြည်သူကိုယုံကြည်စေချင်ပါက သတင်းစာရှင်းလင်းပွဲနေရာသို့ ဦးဖြိုးမင်းသိန်းကိုခေါ်လာခိုင်းပြီး ထွက်ဆိုခိုင်းသင့်ကြောင်း ရေးသားသူများလည်းရှိသည်။

ရန်ကုန်မြို့တွင်နေထိုင်သူ သတင်းစာဆရာဦးမြင့်ကျော်က “ကြည့်ရတာတော့ သူ(ဦးဖြိုးမင်းသိန်း)စကားပြောတဲ့အသံပါပဲ။ ဒါပေမယ့်ဘယ်လိုဖိအားပေးထားတာတွေ ရှိသလဲဆိုတာတော့ ကျနော်တို့မသိနိုင်ဘူး” ဟုပြောသည်။ ဦးဖြိုးမင်းသိန်းက ဗီဒီယိုဖိုင်ထွက်ဆိုချက်တွင် အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ထံသို့ ၃ ကြိမ် သွားရောက်ပြီး ဒေါ်လာနှင့်ရွှေများကို ကိုယ်တိုင်ပေးခဲ့သည်ဟုဖော်ပြပါရှိသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်၍လည်း ရန်ကုန်မြို့တွင်မြေငှားရမ်းခသက်သာအောင် ကူညီပေးခဲ့ကြောင်းထွက်ဆိုထားသည်။ စစ်ကောင်စီက ပြီးခဲ့သည့်တခေါက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာနှင့်ရွှေများပေးခဲ့ကြောင်း ရှင်းလင်းချက်ကိုမယုံကြည်ကြသဖြင့် ယခုလိုဗီဒီယိုဖိုင်ထုတ်ဖော်ပြသရခြင်းဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းကပြောသည်။