ခရမ်းမြို့ကင်းမွန်ခြုံကျေးရွာမှ စစ်ဗိုလ်တစ်ဦး သေနတ်ဖြင့် ၃ ချက်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကင်းမွန်ခြုံကျေးရွာမှစစ်ဗိုလ်တစ်ဦး သြဂုတ်လ ၇ ရက်ညနေ ၄ နာရီခန့်တွင် အုန်းပင်ကျေးရွာအနီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် ခရမ်းချန်နယ်ထံမှသိရပါတယ်။

“ပစ်ခံရတာကဗိုလ်ကြီးတစ်ဦး သုံးပွင့်လို့ပြောတယ် ရွာမှာတော့ သူ့ကိုဗိုလ်ဇော်ထိုးလို့ခေါ်ကြတယ်။ ညနေ ၄ နာရီဝန်းကျင်လောက်တော့ရှိမယ် ဆိုင်ကယ်ပေါ်ကနေပစ်သွားတာ” ဟု ဒေသခံတစ်ဦးမှပြောပါတယ်။

အခင်းဖြစ်ပြီးနောက် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်သားများမှ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေတယ်လို့ဆိုပါတယ်။

သြဂုတ်လ ၅ ရက် နေ့လယ်ပိုင်းက ခရမ်းမြို့နယ်ကမာကလူကျေးရွာမှ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဟောင်း ဦးဝင်းခိုင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့သေးတယ်လို့သိရပါတယ်။

Photo Credit – Khayan Channel

Zawgyi

ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္၊ ကင္းမြန္ၿခဳံေက်း႐ြာမွစစ္ဗိုလ္တစ္ဦး ၾသဂုတ္လ ၇ ရက္ညေန ၄ နာရီခန႔္တြင္ အုန္းပင္ေက်း႐ြာအနီး ေသနတ္ျဖင့္ ၃ ခ်က္ပစ္ခတ္ခံရၿပီး ေနရာမွာတင္ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း ေဒသသတင္းရင္းျမစ္ ခရမ္းခ်န္နယ္ထံမွသိရပါတယ္။

“ပစ္ခံရတာကဗိုလ္ႀကီးတစ္ဦး သုံးပြင့္လို႔ေျပာတယ္ ႐ြာမွာေတာ့ သူ႔ကိုဗိုလ္ေဇာ္ထိုးလို႔ေခၚၾကတယ္။ ညေန ၄ နာရီဝန္းက်င္ေလာက္ေတာ့ရွိမယ္ ဆိုင္ကယ္ေပၚကေနပစ္သြားတာ” ဟု ေဒသခံတစ္ဦးမွေျပာပါတယ္။

အခင္းျဖစ္ၿပီးေနာက္ အနီးဝန္းက်င္တြင္ စစ္ေကာင္စီတပ္သားမ်ားမွ ျဖတ္သန္းသြားလာခြင့္မေပးဘဲ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ေနတယ္လို႔ဆိုပါတယ္။

ၾသဂုတ္လ ၅ ရက္ ေန႔လယ္ပိုင္းက ခရမ္းၿမိဳ႕နယ္ကမာကလူေက်း႐ြာမွ ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္ေဟာင္း ဦးဝင္းခိုင္ ေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး ေနရာမွာတင္ပြဲခ်င္းၿပီး ေသဆုံးခဲ့ေသးတယ္လို႔သိရပါတယ္။

Photo Credit – Khayan Channel