ခင်ဦးမြို့နယ်နှင့် ပုလဲမြို့တို့တွင် ဒလန် ၃ ဦးအသတ်ခံရ

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာတွင် ဒလန်သတင်းပေးဟုစွပ်စွဲခံရသူ သားအဖ ၂ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ခင်ဦးမြို့နယ်ရွာသန်းကျေးရွာတွင် ပျူစောထီးအဖွဲ့များနှင့်ပတ်သက်ပြီး နေအိမ်များကို လိုက်လံပြသူဟုစွပ်စွဲခံနေရသော ဖိုးပြားအသက်(၄၀)နှစ် ဝန်းကျင်ခန့်နှင့် သားဖြစ်သူချစ်ဦးအသက်(၂၄)နှစ်သည် ဩဂုတ်လ ၂ ရက်နေ့ ည ၁၁နာရီအချိန် နေအိမ်တွင်သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ၊ အသတ်ခံရသူဖိုးပြား၏ ဇနီးဖြစ်သူ မခင်မိုးမြင့်ပါ သေနတ်ဖြင့်အပစ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ရွာသန်းရွာကို စစ်ကောင်စီတွေဝင်မွှေတာ ၁၀ ကြိမ်ရှိပြီ။ ရွာသန်းရွာမှာ ဒလန်ဆိုပြီးအသတ်ခံရတာ ၃ ဦးရှိပါပြီ။ ခင်ဦး တစ်မြို့နယ်လုံးမှာဆိုရင် ဒလန်ဆိုပြီးအသတ်ခံရတာ ၁၅ ဦးရှိနေပြီ” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူပုလဲမြို့နယ်၊ကန်ဒေါင့်ကျေးရွာအုပ်စု ၊ ကြောင်ဝင်ဒူးကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဟုစွပ်စွဲခံရသူ ဦးမြင့်သန်းလည်း ဩဂုတ်လ ၂ ရက်နေ့ညနေ ၆ နာရီကျော်တွင် ဓားဖြင့်ခုတ်ခံရပြီးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်က သတင်းဖော်ပြသည်။

Zawgyi

ရန္ကုန္၊ ဩဂုတ္ ၃

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕နယ္၊ ႐ြာသန္းေက်း႐ြာတြင္ ဒလန္သတင္းေပးဟုစြပ္စြဲခံရသူ သားအဖ ၂ ဦး အသတ္ခံရေၾကာင္း ေဒသခံမ်ားထံမွစုံစမ္းသိရွိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္ခင္ဦးၿမိဳ႕နယ္႐ြာသန္းေက်း႐ြာတြင္ ပ်ဴေစာထီးအဖြဲ႕မ်ားႏွင့္ပတ္သက္ၿပီး ေနအိမ္မ်ားကို လိုက္လံျပသူဟုစြပ္စြဲခံေနရေသာ ဖိုးျပားအသက္(၄၀)ႏွစ္ ဝန္းက်င္ခန္႔ႏွင့္ သားျဖစ္သူခ်စ္ဦးအသက္(၂၄)ႏွစ္သည္ ဩဂုတ္လ ၂ ရက္ေန႔ ည ၁၁နာရီအခ်ိန္ ေနအိမ္တြင္ေသနတ္ျဖင့္ပစ္သတ္ခံရေၾကာင္း ၊ အသတ္ခံရသူဖိုးျပား၏ ဇနီးျဖစ္သူ မခင္မိုးျမင့္ပါ ေသနတ္ျဖင့္အပစ္ခံရၿပီး ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။

“႐ြာသန္း႐ြာကို စစ္ေကာင္စီေတြဝင္ေမႊတာ ၁၀ ႀကိမ္ရွိၿပီ။ ႐ြာသန္း႐ြာမွာ ဒလန္ဆိုၿပီးအသတ္ခံရတာ ၃ ဦးရွိပါၿပီ။ ခင္ဦး တစ္ၿမိဳ႕နယ္လုံးမွာဆိုရင္ ဒလန္ဆိုၿပီးအသတ္ခံရတာ ၁၅ ဦးရွိေနၿပီ” ဟုေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အလားတူပုလဲၿမိဳ႕နယ္၊ကန္ေဒါင့္ေက်း႐ြာအုပ္စု ၊ ေၾကာင္ဝင္ဒူးေက်း႐ြာမွ စစ္ေကာင္စီသတင္းေပးဒလန္ဟုစြပ္စြဲခံရသူ ဦးျမင့္သန္းလည္း ဩဂုတ္လ ၂ ရက္ေန႔ညေန ၆ နာရီေက်ာ္တြင္ ဓားျဖင့္ခုတ္ခံရၿပီးေသဆုံးေၾကာင္း ေဒသသတင္းရင္းျမစ္က သတင္းေဖာ္ျပသည္။