ကြွေလွင့်ခဲ့ရတဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ဝမ်းနည်းစရာဖြစ်ရပ်

အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့် ဆရာမ သမီး မခိုးပါဘူး။ သမီး မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီး လွယ်အိတ်ထဲ ရောက်နေတာလဲ ။ ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တစ်ကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီး မခိုးခဲ့ပါဘူး..ဟီးဟီး ဟီးခုမှ ငိုပြ မနေနဲ့တော့။

” ဟုတ်ကဲ့ ဆရာမ ”ဒီနေ့ ကျွန်မ အတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။ တစ်နေ့တာရဲ့ စာသင်ချိန်းတစ် ဝက် ကုန်ဆုံးပြီး အားလပ်ချိန် ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မ အတန်းထဲက ကျောင်းသူလေး တစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။

ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း တန်းခွဲ အားလုံးထဲတွင် အတော်ဆုံး အတန်းဖြစ်နေ ရမည်။ စာရိတ္တကောင်းသော ယဉ်ကျေး လိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။ကျွန်မလိုချင်သော ပုံစံခွက် အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထား သည်။ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ ထိုကြောင့် ကျောင်းသူ/ သား များကြားတွင် နာမည်ကျော်ကြားလေသည် ။

တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။ စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏ လွယ်အိတ်တွေကို လိုက်လံ စစ်ဆေးခိုင်းလေသည် ။ကျောင်းသူလေးသည် လွယ်အိတ် တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။

သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့ မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲ မခံစေ ချင်လို့ စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ် ။ဆရာမရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေအောက်မှာ အမည်းစက် ထင်ခဲ့တဲ့ သမီးရဲ့ အပြစ် ကိုလည်း ဖျက်ပေး ပါနော်။

ကျွန်မ ရဲ့အတွေးတွေ ဖြန့်ကျက်နေစဉ်တွင်…” ဆရာမ ”” သားကို ဘုန်းဘုန်းပေးထားတဲ့ စာအုပ် သာဂိ ခိုးထားတယ်။ ”ကျွန်မ အာရုံတွေ စုစည်းလိုက်သည်။ ကျွန်မ ဒီတစ်ခါ ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော နှစ်နှစ်ကျော်လောက်က သေဆုံးသွားသောကျောင်းသူလေးအား ဖျတ်ခနဲ သတိရလိုက်သည်။ဒိုင်ယာရီ စာအုပ်ကြားက သွေးစွန်းနေသော စာရွက်လေးကို ဖွင့်ကြည့်ရင်း..။