ကြောတွေလိုက်နေတဲ့ မျက်လုံးတွေကြောင့် ပြန်သာကောင်းမလာခဲ့ရင် မင်းသားဘဝကို လုံးဝစွန့်လွှတ်ဖွယ်ရှိတယ်လို့ ဝမ်းနည်းစွာ ဆိုလာတဲ့ သရုပ်ဆောင် ရဲတိုက်

ပရိသတ်ကြီးတို့ရေ ပြည်သူ့အချစ်တော်သရုပ်ဆောင်ရဲတိုက်ကတော့ သူ့ရဲ့ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်ရဲ့ချစ်ခင်လေးစားမှုကို နှစ်ပေါင်းများစွာ လက်ခံရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

ရဲတိုက်အနေနဲ့ အထဲကနေပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေပြန်လည်ရိုက်ကူးလာတာကို တွေ့ရပြီးစိတ်ကျန်းမာရေးအရသော်လည်းကောင်း ရုပ်ကျန်းမာရေးအရသော်လည်းကောင်း ဆေးကုသခံခဲ့ရတဲ့အနေအထားတစ်ခုဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်ရဲတိုက်တစ်ယောက် သူ့အနေနဲ့မျက်လုံးသာပြန်မကောင်းခဲ့ဘူးဆိုရင် မင်းသားဘဝကို စွန့်လွှတ်ရတော့မယ်ဆိုပြီး ရင်ဖွင့်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

အင်တာဗျူးလေးရဲ့အစပိုင်းမှတော့ ရဲတိုက်ရဲ့ပရိသတ်ရှေ့တော်မှောက် ပြန်ရောက်အောင်လာနေတဲ့ခရီးစဉ်တစ်လျှောက် ပိုပြီးခရီးရောက်ဖို့အတွက်အဘက်ဘက်ကနေ ပရိသတ်ရဲ့ရင်ဘတ်ထဲကိုရောက်ရှိဖို့အတွက် သီချင်းတွေပါလုပ်ဖြစ်နေတယ်လို့ပြောပါတယ်။

ပရိသတ်အနေနဲ့အခုချိန်ထိ ဆက်လက်ချစ်ခင်ပေးနေတဲ့အပေါ်မှာလည်း ရဲတိုက်ကကျေးဇူးတင်နေပြီး ရဲတိုက်နေရာမှာသာအခြားတစ်ယောက်သာဆိုရင် ဒီလိုလူဆိုးလေးတစ်ယောက်ကို ပရိသတ်ကဆက်ချစ်ပေးနိုင်မှာမဟုတ်ဘူးလို့ ရဲတိုက်ကမြင်ပါတယ်။

အခုလိုနားလည်ခွင့်လွှတ်ပေးနိုင်တဲ့ပရိသတ်တွေဟာဆိုရင် အချို့သောရဲတိုက်အပေါ် ားမလည်၊ခွင့်မလွှတ်နိုင်သူတွေကို ရဲတိုက်ဘက်ကနေပြန်လည်ရှင်းပြပေးတတ်လို့ သူ့ကိုယ်သူပရိသတ်ရတာအရမ်းကံကောင်းသူတစ်ယာက်လို့ ရဲတိုက်ကပြောပါတယ်။

ရဲတိုက်အနေနဲ့လည်း အခုလက်ရှိပရိသတ်နဲ့တင်အချစ်ခံရတာလုံလောက်နေသော်ငြားလည်း မင်းသားတစ်ယောက်အနေနဲ့တော့ ပရိသတ်များများအားပေးတာကိုခံချင်တယ်လို့ ရဲတိုက်ကပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

ကျန်းမာရေးအနေနဲ့ကတော့ ဟိုတလောကပဲအကြောတွေလိုက်၊မျက်လုံးတွေမှတ်ကျသွားတဲ့အထိ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့ပေမယ့် အခုလိုပြန်ကောင်းလာတဲ့ အခြေအနေရောက်အောင် အများကြီးဖြတ်သန်းခဲ့ရတယ်လို့ ရဲတိုက်ကပြောပါတယ်။

အခုဆိုရင်ရဲတိုက်ဟာ ဇာတ်ကားတွေပြန်လည်ရိုက်ကူးနိုင်တဲ့အခြေအနေတစ်ခုကို ပြန်လည်ရောက်ရှိနေပြီး ပန်းချီတွေလည်းဆွဲနေနိုင်တဲ့အတွက် အားလုံးလုပ်လို့ရတဲ့အထိအဆင်ပြေနေပြီလို့ ရဲတိုက်ကပြောပြပါတယ်။

သို့သော်လည်း စိတ်ဓာတ်တွေကတော့အကြိမ်ကြိမ်ကျနေရပြီး မူးယစ်ဆေးနွံနစ်ခဲ့ဖူးသူတွေရဲ့ထုံးစံအတိုင်း ကောက်ရိုးလေးတစ်မျှင်စာမျှော်လင့်ချက်လေးတွေ့ရှိလာလို့ ဆွဲကိုင်လိုက်ရင်းကောက်ရိုးမျှင်လေးပြတ်သွားရင်းနဲ့ အဖန်တလဲလဲခံစားနေရပြီး မူးယစ်ဆေးဖြတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံနေရတယ်လို့ ရဲတိုက်ကရင်ဖွင့်ပြောပြလာပါတယ်။

အခုလိုမူးယစ်နွံထဲကရုန်းထွက်ရာမှာ ပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရှိခဲ့ပြီး မျက်လုံးထိခိုက်ခဲ့မိသော်လည်း ပြန်လည်ကောင်းမွန်လာတဲ့အတွက် သူ့အနေနဲ့ အများကြီးကံကောင်းတယ်လို့ပြောရမှာဖြစ်ပြီး မျက်လုံးသာပြန်မကောင်းခဲ့ဘူးဆိုရင် မင်းသားဘဝကိုစွန့်လွှတ်ခဲ့ရနိုင်တယ်လို့ မင်းသားရဲတိုက်ကကြေကွဲဆွေးနင့်ဖွယ် ပြောပြပါတယ်။

ဂနာမငြိမ်တဲ့ခန္ဓာကိုယ်လက္ခဏာတွေကိုလည်း ရဲတိုက်အနေနဲ့ကြုံတွေ့ခဲ့ရပြီး အခုဆိုဂနာငြိမ်ငြိမ်နဲ့မေးခွန်းတွေကိုဖြေကြားနိုင်ခဲ့တဲ့အထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီလို့ ရဲတိုက်ကပြောပြပါတယ်။ ရဲတိုက်အနေနဲ့ အခုလိုပြန်လည်ထူထောင်ရေးကာလမှာတော့ အခက်အခဲအားလုံးကို အပတ်တကုတ်ကြိုးစားရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ ရဲတိုက်ကတော့မည်သို့သောအနုပညာကိစ္စရပ်တွေမဆို နှလုံးသားကိုအခြေတည်ပြီး ပြုလုပ်လို့ရှိတယ်လို့ဆိုထားပြီး အရမ်းခက်ခဲတဲ့ကာလ၊ ဒေသနဲ့အခြေအနေတွေကြားထဲမှာ ဒီနှလုံးသားလေးကိုမာကြောမသွားအောင် ထိန်းသိန်းခဲ့ရတယ်လို့ပြောကြားရင်း ဒီအင်တာဗျူးလေးကိုနိဂုံးချုပ် ဖြေဆိုပေးခဲ့ပါတယ်။

Zawgyi

ပရိသတ္ႀကီးတို႔ေရ ျပည္သူ႔အခ်စ္ေတာ္သ႐ုပ္ေဆာင္ရဲတိုက္ကေတာ့ သူ႔ရဲ႕ပီျပင္လွတဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔အတူ ပရိသတ္ရဲ႕ခ်စ္ခင္ေလးစားမႈကို ႏွစ္ေပါင္းမ်ားစြာ လက္ခံရရွိထားသူတစ္ဦးပဲျဖစ္ပါတယ္။

ရဲတိုက္အေနနဲ႔ အထဲကေနျပန္လည္လြတ္ေျမာက္ၿပီးေနာက္ပိုင္းမွာ ႐ုပ္ရွင္ကားႀကီးေတြျပန္လည္႐ိုက္ကူးလာတာကို ေတြ႕ရၿပီးစိတ္က်န္းမာေရးအရေသာ္လည္းေကာင္း ႐ုပ္က်န္းမာေရးအရေသာ္လည္းေကာင္း ေဆးကုသခံခဲ့ရတဲ့အေနအထားတစ္ခုျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္ရဲတိုက္တစ္ေယာက္ သူ႔အေနနဲ႔မ်က္လုံးသာျပန္မေကာင္းခဲ့ဘူးဆိုရင္ မင္းသားဘဝကို စြန႔္လႊတ္ရေတာ့မယ္ဆိုၿပီး ရင္ဖြင့္ေျဖၾကားခဲ့တာပဲျဖစ္ပါတယ္။

အင္တာဗ်ဴးေလးရဲ႕အစပိုင္းမွေတာ့ ရဲတိုက္ရဲ႕ပရိသတ္ေရွ႕ေတာ္ေမွာက္ ျပန္ေရာက္ေအာင္လာေနတဲ့ခရီးစဥ္တစ္ေလွ်ာက္ ပိုၿပီးခရီးေရာက္ဖို႔အတြက္အဘက္ဘက္ကေန ပရိသတ္ရဲ႕ရင္ဘတ္ထဲကိုေရာက္ရွိဖို႔အတြက္ သီခ်င္းေတြပါလုပ္ျဖစ္ေနတယ္လို႔ေျပာပါတယ္။

ပရိသတ္အေနနဲ႔အခုခ်ိန္ထိ ဆက္လက္ခ်စ္ခင္ေပးေနတဲ့အေပၚမွာလည္း ရဲတိုက္ကေက်းဇူးတင္ေနၿပီး ရဲတိုက္ေနရာမွာသာအျခားတစ္ေယာက္သာဆိုရင္ ဒီလိုလူဆိုးေလးတစ္ေယာက္ကို ပရိသတ္ကဆက္ခ်စ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ ရဲတိုက္ကျမင္ပါတယ္။

အခုလိုနားလည္ခြင့္လႊတ္ေပးႏိုင္တဲ့ပရိသတ္ေတြဟာဆိုရင္ အခ်ိဳ႕ေသာရဲတိုက္အေပၚ ားမလည္၊ခြင့္မလႊတ္ႏိုင္သူေတြကို ရဲတိုက္ဘက္ကေနျပန္လည္ရွင္းျပေပးတတ္လို႔ သူ႔ကိုယ္သူပရိသတ္ရတာအရမ္းကံေကာင္းသူတစ္ယာက္လို႔ ရဲတိုက္ကေျပာပါတယ္။

ရဲတိုက္အေနနဲ႔လည္း အခုလက္ရွိပရိသတ္နဲ႔တင္အခ်စ္ခံရတာလုံေလာက္ေနေသာ္ျငားလည္း မင္းသားတစ္ေယာက္အေနနဲ႔ေတာ့ ပရိသတ္မ်ားမ်ားအားေပးတာကိုခံခ်င္တယ္လို႔ ရဲတိုက္ကပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

က်န္းမာေရးအေနနဲ႔ကေတာ့ ဟိုတေလာကပဲအေၾကာေတြလိုက္၊မ်က္လုံးေတြမွတ္က်သြားတဲ့အထိ ဆိုးဆိုး႐ြား႐ြားျဖစ္သြားခဲ့ေပမယ့္ အခုလိုျပန္ေကာင္းလာတဲ့ အေျခအေနေရာက္ေအာင္ အမ်ားႀကီးျဖတ္သန္းခဲ့ရတယ္လို႔ ရဲတိုက္ကေျပာပါတယ္။

အခုဆိုရင္ရဲတိုက္ဟာ ဇာတ္ကားေတြျပန္လည္႐ိုက္ကူးႏိုင္တဲ့အေျခအေနတစ္ခုကို ျပန္လည္ေရာက္ရွိေနၿပီး ပန္းခ်ီေတြလည္းဆြဲေနႏိုင္တဲ့အတြက္ အားလုံးလုပ္လို႔ရတဲ့အထိအဆင္ေျပေနၿပီလို႔ ရဲတိုက္ကေျပာျပပါတယ္။

သို႔ေသာ္လည္း စိတ္ဓာတ္ေတြကေတာ့အႀကိမ္ႀကိမ္က်ေနရၿပီး မူးယစ္ေဆးႏြံနစ္ခဲ့ဖူးသူေတြရဲ႕ထုံးစံအတိုင္း ေကာက္႐ိုးေလးတစ္မွ်င္စာေမွ်ာ္လင့္ခ်က္ေလးေတြ႕ရွိလာလို႔ ဆြဲကိုင္လိုက္ရင္းေကာက္႐ိုးမွ်င္ေလးျပတ္သြားရင္းနဲ႔ အဖန္တလဲလဲခံစားေနရၿပီး မူးယစ္ေဆးျဖတ္ျခင္းရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးေတြကိုလည္း ခံေနရတယ္လို႔ ရဲတိုက္ကရင္ဖြင့္ေျပာျပလာပါတယ္။

အခုလိုမူးယစ္ႏြံထဲက႐ုန္းထြက္ရာမွာ ပ်က္စီးသြားတဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြရွိခဲ့ၿပီး မ်က္လုံးထိခိုက္ခဲ့မိေသာ္လည္း ျပန္လည္ေကာင္းမြန္လာတဲ့အတြက္ သူ႔အေနနဲ႔ အမ်ားႀကီးကံေကာင္းတယ္လို႔ေျပာရမွာျဖစ္ၿပီး မ်က္လုံးသာျပန္မေကာင္းခဲ့ဘူးဆိုရင္ မင္းသားဘဝကိုစြန႔္လႊတ္ခဲ့ရႏိုင္တယ္လို႔ မင္းသားရဲတိုက္ကေၾကကြဲေဆြးနင့္ဖြယ္ ေျပာျပပါတယ္။

ဂနာမၿငိမ္တဲ့ခႏၶာကိုယ္လကၡဏာေတြကိုလည္း ရဲတိုက္အေနနဲ႔ႀကဳံေတြ႕ခဲ့ရၿပီး အခုဆိုဂနာၿငိမ္ၿငိမ္နဲ႔ေမးခြန္းေတြကိုေျဖၾကားႏိုင္ခဲ့တဲ့အထိ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီလို႔ ရဲတိုက္ကေျပာျပပါတယ္။ ရဲတိုက္အေနနဲ႔ အခုလိုျပန္လည္ထူေထာင္ေရးကာလမွာေတာ့ အခက္အခဲအားလုံးကို အပတ္တကုတ္ႀကိဳးစားရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

ပရိသတ္ႀကီးတို႔ေရ ရဲတိုက္ကေတာ့မည္သို႔ေသာအႏုပညာကိစၥရပ္ေတြမဆို ႏွလုံးသားကိုအေျခတည္ၿပီး ျပဳလုပ္လို႔ရွိတယ္လို႔ဆိုထားၿပီး အရမ္းခက္ခဲတဲ့ကာလ၊ ေဒသနဲ႔အေျခအေနေတြၾကားထဲမွာ ဒီႏွလုံးသားေလးကိုမာေၾကာမသြားေအာင္ ထိန္းသိန္းခဲ့ရတယ္လို႔ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကိုနိဂုံးခ်ဳပ္ ေျဖဆိုေပးခဲ့ပါတယ္။