ကြီးထွားမှုဟော်မှုန်းဓာတ်ချို့တဲ့မှုကြောင့် ပထမတန်းကျောင်းသူလေးလို့ထင်ရပေမဲ့ မယုံနိုင်လောက်တဲ့ အသက် 20 အရွယ် မိန်းကလေး

မူလတန်းကျောင်းသူလေး အသွင်အပြင်ရှိတဲ့ မိန်းကလေးက Tan Thi Ai Tram လို့ခေါ်ပြီး Tram Xiu လို့လည်း လူသိများကာ လက်ရှိမှာ ဗီယက်နမ်နိုင်ငံ၊ Nhon City မှာ နေထိုင်ပါတယ် ။

ဒီနှစ်မှာတော့ သူမအသက် 20 ပြည့်သွားပါပြီ ။ ကြီးထွားမှု ဟော်မုန်းချို့တဲ့မှုကြောင့် သူမရဲ့ခန္ဓာကိုယ်ဟာ မူလတန်းကျောင်းသူတစ်ယောက်လို သေးငယ်နေတာပါ ။ ဒါပေမဲ့လည်း သူမရဲ့ ထူးထူးခြားခြား ကြိုးစားအားထုတ်မှုများနဲ့ အခက်အခဲများကို ဘယ်လိုကျော်လွှားရမှာ သိရှိထားတဲ့အတွက် သူမရဲ့ဘဝက ယခုအခါ လူအများရဲ့ အထင်ကြီးလေးစားမှုကို ရရှိခဲ့ပါတယ် ။

သူမရဲ့အသွင်အပြင်နဲ့ ပတ်သက်ပြီး လူတွေက ကဲ့ရဲ့ရှုတ်ချပြောဆိုကြပေမယ် Tram Xiu က သူတို့တွေကို အပြစ်တာတွေ ရှင်းပြတာတွေ မလုပ်ခဲ့ပါဘူး ။

သူမကအထူးသဖြင့် ရင့်ကျက်တဲ့စိတ်ထားနဲ့ အထက်တန်းကျောင်း ၁၂ နှစ်ကို ပြီးမြောက်ခဲ့ပြီး၊ အခက်အခဲများကို ကျော်လွှားရန် ကြိုးပမ်းမှု၊ သူ့ဘာသာသူ ထမြောက်ကာ သူမရဲ့ကိုယ်ပိုင်ကြိုးစားမှုဖြင့် ဝင်ငွေရှာခဲ့ပါတယ် ။

သူမရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကို ကြည့်မယ်ဆိုရင် သင့်လျော်တဲ့ အလုပ်အကိုင်များကိုရှာဖွေရန် ခက်ခဲလိမ့်မယ်လို့ ထင်ရပေမဲ့ Tram Xiu က သူမရဲ့ကိုယ်ပိုင် ဦးတည်ချက်ကို အမြဲတွေးနေပါတယ် ။

သူ့မိဘတွေက သူမကိုထောက်ပံ့ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေစရာ မလိုတော့ဘဲ ဝင်ငွေရှာပြီး သူ့ကိုယ်သူ ဘယ်လိုထောက်ပံ့ရမလဲဆိုတာကို အမြဲတွေးနေခဲ့တာပါ ။ သူမကိုယ်တိုင်အတွက် အရင်းအနှီးအဖြစ် စုးဆောင်းထားတဲ့ ဒေါင် ၁ သန်းကိုထုတ်ပြီး အွန်လိုင်းမှာရောင်းရန် သံပုရာရွက်ဖြင့် ကြက်ခြောက်ပြုလုပ်နည်းကို စဉ်းစားခဲ့ပါတယ် ။

သူငယ်ချင်းများရဲ့ အားပေးမှုကြောင့် သူမကထိုသရေစာရောင်းတာကနေ အခြားပစ္စည်းများစွာကို ရောင်းချရန် ရဲဝံ့စွာတိုးချဲ့ခဲ့ပါတယ် ။ ကြိုးကြိုးစားစားနဲ့ စုဆောင်းပြီး မကြာသေးခင်ကမှ အွန်လိုင်းကနေ တိုက်ရိုက်ရောင်းတာ ၂ နှစ်နီးပါး ရရှိထားတဲ့ အရင်းအနှီးနဲ့ အထည်ဆိုင်ကြီးကို ဖွင့်လှစ်ခဲ့ပါတယ် ။

သူမရဲ့ လက်ရှိအောင်မြင်မှုတွေအကြောင်းပြောရင်း Tram Xiu က “ဒါဟာခက်ခဲပါတယ် ဒါပေမယ့် အရမ်းပျော်ပါတယ်။ ကျွန်မအိပ်မက်က အမြဲတမ်း ဖက်ရှင်ဆိုင်တစ်ဆိုင်ဖွင့်ချင်ခဲ့တာ။ အခုကျွန်မလုပ်နိုင်ပါပြီ” လို့ ဝမ်းသားအားရ မျှဝေခဲ့ပါတယ် ။

လက်ရှိမှာသူမက အွန်လိုင်းအရောင်း တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ထုတ်လွှင့်တဲ့အခါတိုင်း၊ အပြုသဘောဆောင်ပြီး စာနာတတ်တဲ့ မှတ်ချက်များအပြင် Tram Xiu ကလည်း အပျက်သဘောဆောင်ပြီး နားလည်မှုလွဲတဲ့ မှတ်ချက်များစွာကို လက်ခံရရှိသော်လည်း သူမအနေဖြင့် စိတ်အနှောင့်အယှက်မဖြစ်တော့ပါဘူး ။

သူမအရပ်ရှည်ချင်သည်ထက် ယခုသူမသည် မိသားစုနဲ့လူအများရဲ့ ချစ်ခြင်းမေတ္တာကို အမြဲရလိုပြီး အထူးသဖြင့် ကျန်းမာရေးကောင်းပြီး အလုပ်နဲ့ဝင်ငွေရှာရန်သာ လိုတော့ပါတယ် ။ သူမအတွက်ကတော့ ဒါဟာပျော်ရွှင်မှုပါပဲ ။

Zawgyi

မူလတန္းေက်ာင္းသူေလး အသြင္အျပင္ရွိတဲ့ မိန္းကေလးက Tan Thi Ai Tram လို႔ေခၚၿပီး Tram Xiu လို႔လည္း လူသိမ်ားကာ လက္ရွိမွာ ဗီယက္နမ္ႏိုင္ငံ၊ Nhon City မွာ ေနထိုင္ပါတယ္ ။

ဒီႏွစ္မွာေတာ့ သူမအသက္ 20 ျပည့္သြားပါၿပီ ။ ႀကီးထြားမႈ ေဟာ္မုန္းခ်ိဳ႕တဲ့မႈေၾကာင့္ သူမရဲ႕ခႏၶာကိုယ္ဟာ မူလတန္းေက်ာင္းသူတစ္ေယာက္လို ေသးငယ္ေနတာပါ ။ ဒါေပမဲ့လည္း သူမရဲ႕ ထူးထူးျခားျခား ႀကိဳးစားအားထုတ္မႈမ်ားနဲ႔ အခက္အခဲမ်ားကို ဘယ္လိုေက်ာ္လႊားရမွာ သိရွိထားတဲ့အတြက္ သူမရဲ႕ဘဝက ယခုအခါ လူအမ်ားရဲ႕ အထင္ႀကီးေလးစားမႈကို ရရွိခဲ့ပါတယ္ ။

သူမရဲ႕အသြင္အျပင္နဲ႔ ပတ္သက္ၿပီး လူေတြက ကဲ့ရဲ႕ရႈတ္ခ်ေျပာဆိုၾကေပမယ္ Tram Xiu က သူတို႔ေတြကို အျပစ္တာေတြ ရွင္းျပတာေတြ မလုပ္ခဲ့ပါဘူး ။

သူမကအထူးသျဖင့္ ရင့္က်က္တဲ့စိတ္ထားနဲ႔ အထက္တန္းေက်ာင္း ၁၂ ႏွစ္ကို ၿပီးေျမာက္ခဲ့ၿပီး၊ အခက္အခဲမ်ားကို ေက်ာ္လႊားရန္ ႀကိဳးပမ္းမႈ၊ သူ႔ဘာသာသူ ထေျမာက္ကာ သူမရဲ႕ကိုယ္ပိုင္ႀကိဳးစားမႈျဖင့္ ဝင္ေငြရွာခဲ့ပါတယ္ ။

သူမရဲ႕ ေသးငယ္တဲ့ ခႏၶာကိုယ္ကို ၾကည့္မယ္ဆိုရင္ သင့္ေလ်ာ္တဲ့ အလုပ္အကိုင္မ်ားကိုရွာေဖြရန္ ခက္ခဲလိမ့္မယ္လို႔ ထင္ရေပမဲ့ Tram Xiu က သူမရဲ႕ကိုယ္ပိုင္ ဦးတည္ခ်က္ကို အၿမဲေတြးေနပါတယ္ ။

သူ႔မိဘေတြက သူမကိုေထာက္ပံ့ဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားေနစရာ မလိုေတာ့ဘဲ ဝင္ေငြရွာၿပီး သူ႔ကိုယ္သူ ဘယ္လိုေထာက္ပံ့ရမလဲဆိုတာကို အၿမဲေတြးေနခဲ့တာပါ ။ သူမကိုယ္တိုင္အတြက္ အရင္းအႏွီးအျဖစ္ စုးေဆာင္းထားတဲ့ ေဒါင္ ၁ သန္းကိုထုတ္ၿပီး အြန္လိုင္းမွာေရာင္းရန္ သံပုရာ႐ြက္ျဖင့္ ၾကက္ေျခာက္ျပဳလုပ္နည္းကို စဥ္းစားခဲ့ပါတယ္ ။

သူငယ္ခ်င္းမ်ားရဲ႕ အားေပးမႈေၾကာင့္ သူမကထိုသေရစာေရာင္းတာကေန အျခားပစၥည္းမ်ားစြာကို ေရာင္းခ်ရန္ ရဲဝံ့စြာတိုးခ်ဲ႕ခဲ့ပါတယ္ ။ ႀကိဳးႀကိဳးစားစားနဲ႔ စုေဆာင္းၿပီး မၾကာေသးခင္ကမွ အြန္လိုင္းကေန တိုက္႐ိုက္ေရာင္းတာ ၂ ႏွစ္နီးပါး ရရွိထားတဲ့ အရင္းအႏွီးနဲ႔ အထည္ဆိုင္ႀကီးကို ဖြင့္လွစ္ခဲ့ပါတယ္ ။

သူမရဲ႕ လက္ရွိေအာင္ျမင္မႈေတြအေၾကာင္းေျပာရင္း Tram Xiu က “ဒါဟာခက္ခဲပါတယ္ ဒါေပမယ့္ အရမ္းေပ်ာ္ပါတယ္။ ကြၽန္မအိပ္မက္က အၿမဲတမ္း ဖက္ရွင္ဆိုင္တစ္ဆိုင္ဖြင့္ခ်င္ခဲ့တာ။ အခုကြၽန္မလုပ္ႏိုင္ပါၿပီ” လို႔ ဝမ္းသားအားရ မွ်ေဝခဲ့ပါတယ္ ။

လက္ရွိမွာသူမက အြန္လိုင္းအေရာင္း တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုကို ထုတ္လႊင့္တဲ့အခါတိုင္း၊ အျပဳသေဘာေဆာင္ၿပီး စာနာတတ္တဲ့ မွတ္ခ်က္မ်ားအျပင္ Tram Xiu ကလည္း အပ်က္သေဘာေဆာင္ၿပီး နားလည္မႈလြဲတဲ့ မွတ္ခ်က္မ်ားစြာကို လက္ခံရရွိေသာ္လည္း သူမအေနျဖင့္ စိတ္အေႏွာင့္အယွက္မျဖစ္ေတာ့ပါဘူး ။

သူမအရပ္ရွည္ခ်င္သည္ထက္ ယခုသူမသည္ မိသားစုနဲ႔လူအမ်ားရဲ႕ ခ်စ္ျခင္းေမတၱာကို အၿမဲရလိုၿပီး အထူးသျဖင့္ က်န္းမာေရးေကာင္းၿပီး အလုပ္နဲ႔ဝင္ေငြရွာရန္သာ လိုေတာ့ပါတယ္ ။ သူမအတြက္ကေတာ့ ဒါဟာေပ်ာ္႐ႊင္မႈပါပဲ ။