ကြို့ပင်ကောက်တွင် ကွာရန်တင်းစင်တာကို ဘုန်းကြီးက မီးနဲ့ရှို့

ကြို့ပင်ကောက်မြို့၊ အ.ထ.က ကွာရန်တင်းစင်တာတွင် စောင့်ကြည့်မှုခံနေသည့်ဘုန်းကြီးတစ်ပါးက ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်း၌ ၎င်းနေထိုင်ရာအဆောင်ကို မီးနဲ့ရှို့ခဲ့ ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ အထက တွင်” ကွာရန်တင်းစင်တာ ၌ ဇန်နဝါရီ ၁၀ ရက် ယနေ့နံနက် ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ကွာရန်တင်း ဝင်ရောက်နေသည့် ဘုန်းကြီးတစ်ပါးမှ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင် မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၆နာရီခွဲခန့်၌ မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် အဆောင်တစ်ခု ပျက်ဆီးခဲ့ကြောင်း မီးသတ်ဦးစီးထံမှ သိရသည်။

တာဝန်ရှိသူများ စစ်ဆေးချက်အရ မီးရှို့ခဲ့သည့် ဘုန်းကြီးမှာ ဇန်နဝါရီ ၉ ရက်နေ့က ရန်ကုန်မှ ပြန်လာပြီး ကြို့ပင်ကောက်ရောက်စဉ် မြို့ဝင်ဂိတ်မှ တာဝန်ရှိသူများမှ ၎င်းခေတ္တ‌ နေထိုင်ရန် ဘုန်းကြီးကျောင်းများထံ လိုက်လံ လျောက်ထားကြပေမဲ့ ကျောင်းများမှ လက်မခံ၍ ကွာရန်တင်းတွင် ခေတ္တထားရှိရာမှ ၎င်းဘုန်းကြီးကိုယ်တိုင် မီးရှို့ခဲ့သည်ကိုဝန်ခံခဲ့ပြီး အဆိုပါ ဘုန်းကြီးမှာ စိတ်ကျန်းမာရေး မူမမှန်သူ ဖြစ်နိုင်ကြောင်း စစ်ဆေးချက်များအရ သိရသည်။

အဆိုပါ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းထားရှိသူ ၅၇ ဦးတို့ရှိပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။ ကွာရန်တင်းစင်တာကို မီးရှို့ခဲ့သည့် ဘုန်းကြီး ဦးသာသနာ သက်တော် ၄၃နှစ်ကို ကြို့ပင်ကောက်မြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မြို့မရဲစခန်းမှ သိရသည်။

ကိုထက်(လက်ပံတန်း) Top Phoenix Media Group

Zawgyi

ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ အ.ထ.က ကြာရန္တင္းစင္တာတြင္ ေစာင့္ၾကည့္မႈခံေနသည့္ဘုန္းႀကီးတစ္ပါးက ဇန္နဝါရီ ၁၀ ရက္ နံနက္ပိုင္း၌ ၎ေနထိုင္ရာအေဆာင္ကို မီးနဲ႔ရႈိ႕ခဲ့ ေၾကာင္း သိရသည္။

ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕ အထက တြင္” ကြာရန္တင္းစင္တာ ၌ ဇန္နဝါရီ ၁၀ ရက္ ယေန႔နံနက္ ၅ နာရီခြဲခန႔္က မီးေလာင္မႈျဖစ္ပြားေၾကာင္း သတင္းအရ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးခဲ့ရာ ကြာရန္တင္း ဝင္ေရာက္ေနသည့္ ဘုန္းႀကီးတစ္ပါးမွ မီးရႈိ႕ခဲ့ျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာမွ သိရသည္။ မီးေလာင္မႈျဖစ္ပြားရာသို႔ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉးႏွင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ျပည္သူမ်ား ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ရာ နံနက္ ၆နာရီခြဲခန႔္၌ မီးၿငိမ္းခဲ့ၿပီး မီးေလာင္မႈေၾကာင့္ အေဆာင္တစ္ခု ပ်က္ဆီးခဲ့ေၾကာင္း မီးသတ္ဦးစီးထံမွ သိရသည္။

တာဝန္ရွိသူမ်ား စစ္ေဆးခ်က္အရ မီးရႈိ႕ခဲ့သည့္ ဘုန္းႀကီးမွာ ဇန္နဝါရီ ၉ ရက္ေန႔က ရန္ကုန္မွ ျပန္လာၿပီး ႀကိဳ႕ပင္ေကာက္ေရာက္စဥ္ ၿမိဳ႕ဝင္ဂိတ္မွ တာဝန္ရွိသူမ်ားမွ ၎ေခတၱ‌ ေနထိုင္ရန္ ဘုန္းႀကီးေက်ာင္းမ်ားထံ လိုက္လံ ေလ်ာက္ထားၾကေပမဲ့ ေက်ာင္းမ်ားမွ လက္မခံ၍ ကြာရန္တင္းတြင္ ေခတၱထားရွိရာမွ ၎ဘုန္းႀကီးကိုယ္တိုင္ မီးရႈိ႕ခဲ့သည္ကိုဝန္ခံခဲ့ၿပီး အဆိုပါ ဘုန္းႀကီးမွာ စိတ္က်န္းမာေရး မူမမွန္သူ ျဖစ္ႏိုင္ေၾကာင္း စစ္ေဆးခ်က္မ်ားအရ သိရသည္။

အဆိုပါ ကြာရန္တင္းစင္တာတြင္ ကြာရန္တင္းထားရွိသူ ၅၇ ဦးတို႔ရွိၿပီး မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာမရရွိခဲ့ေၾကာင္း သိရသည္။ ကြာရန္တင္းစင္တာကို မီးရႈိ႕ခဲ့သည့္ ဘုန္းႀကီး ဦးသာသနာ သက္ေတာ္ ၄၃ႏွစ္ကို ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းမွ (ပ)၁၃/၂၀၂၁၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၃၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ကိုထက္(လက္ပံတန္း) Top Phoenix Media Group