ကျောက်ကပ်ပေးပြီး လက်ထပ်ခွင့် တောင်းခဲ့ ပေမဲ့လည်း အဆုံးသတ် မလှခဲ့တဲ့ အမျိုးသားရဲ့အဖြစ်

(သူမ) အသက်ဆက်ရှင်နိုင်ဖို့ လိုအပ်နေတဲ့ ကျောက် ကပ် ပေးပြီး လက်ထပ်ခွင့် တောင်းခဲ့ ပေမဲ့လည်း အဆုံးသတ် မလှခဲ့တဲ့ အမျိုးသားရဲ့အဖြစ် ဝင်သာဖတ်ကြည့်လိုက်တော့ လူတိုင်းက အရမ်းချစ်ရသူနဲ့ ဆုံစည်းခွင့်ရဖို့ မည်သည့်အရာကိုမှ တုန်လှုပ်ကြောက်လန့်ခြင်းမျိုးမရှိတော့ဘဲ ၊ မျက်ကန်းအချစ်လို ဖြစ်နေကြတာပါ ။

ဒီတစ်ခေါက်ဖော်ပြမဲ့ Simon Louis အမည်ရှိတဲ့အမျိုးသားဟာလည်း နှစ်အတော်ကြာ ချစ်မြတ်နိုးခဲ့ရတဲ့ အမျိုးသမီးကို ကျောက်ကပ်ပေးလှူပြီးနောက် လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့လည်း ငြင်းပယ်ခြင်းခံခဲ့ရပါတယ် ။ Simon Louis နဲ့ Mary Emmanuella တို့ဟာ လန်ဒန်မှာရှိတဲ့ ကလပ်တစ်ခုမှာ ပထမဆုံးအကြိမ်ဆုံစည်းခဲ့ကြတာပါ ။

အဆိုပါအချိန်တုန်းက နှစ်ယောက်သား အနမ်းပေးခဲ့ဖူးကြပေမဲ့လည်း ၊ ရှေ့ဆက်ခဲ့ခြင်းမရှိဘဲ သူငယ်ချင်းအနေနဲ့သာ အဆက်အဆံလုပ်ခဲ့ကြတာပါ ။ Simon က Mary ကို တစ်ဖက်သတ်ချစ်နေခဲ့ပြီး ချောကလပ် နဲ့ ပန်းစည်းတွေ ပို့ခဲ့ပေမဲ့ Mary က အဆိုပါလက်ဆောင်တွေကို သူငယ်ချင်းတစ်ယောက်အနေနဲ့သာ လက်ခံပေးခဲ့တာပါ ။ အဆိုပါအချိန်တုန်းက Mary ဟာ သူမရဲ့ 8 နှစ်အရွယ် သားလေးကို ပြုစုပျိုးထောင်ဖို့ ရုန်းကန်နေခဲ့ရပြီး မည်သည့်အရာကိုမှ အချိန်မပေးနိုင်တဲ့သူဖြစ်ခဲ့ပါတယ် ။

သူမရဲ့သားလေး အသက် 21 နှစ်အရွယ်ရောက်လာခဲ့တဲ့တစ်ရက်မှာတော့ Mary ဟာ သူမရဲ့နေအိမ်မှာ မူးမေ့လဲနေခဲ့တာပါ ။ သားဖြစ်သူက ဆေးရုံသို့အလျင် အမြန်ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့ချိန်မှာတော့ သူမရဲ့ကျောက်ကပ်ဟာ လုံးဝပျက်စီးနေပြီး နောက် ဆုံး အခြေအနေဖြစ်နေကာ ၊ ကျောက်ကပ်အစားထိုးမှ အောင်မြင်နိုင်မဲ့အချိန်မျိုးဖြစ်နေခဲ့ပါတယ် ။ သူမရဲ့ သွေးအမျိုးအစားကလည်း B-negative ဖြစ်နေခဲ့လို့ အလှူရှင်ရှာဖို့ အတော်လေးကိုခက်ခဲနေခဲ့တာပါ ။

အဲ့အချိန်မှာပဲ Simon က စစ်ဆေးမှုတွေလက်ခံခဲ့ပြီး နောက်ဆုံး Mary အတွက် ကျောက်ကပ်အစားထိုးပေးဖို့ အံကိုက်ခဲ့သူဖြစ်ခဲ့ပါတယ် ။အောင်မြင်စွာနဲ့ သူ့ရဲ့ ကျောက်ကပ်ကို Mary ထံ လွဲပြောင်းပေးနိုင်ခဲ့ပါတယ် ။

မကြာခင်မှာပဲ Simon က Mary ကိုလက်ထပ်ခွင့်တောင်းပေမဲ့ Mary က သူငယ်ချင်းတစ်ယောက်လိုသာ သတ်မှတ်ထားလို့ဆိုပြီး Simon ကို ငြင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း Simon ကတော့ ကိုယ်ချစ်ရတဲ့သူကို အသက်ရှင်ခွင့်ရနိုင်တဲ့ လက်ဆောင်မျိုးပေးနိုင်ခဲ့လို့ နောင်တမရရှိကြောင်း ပြောဆိုခဲ့ပါတယ် ။ c r d

Zawgyi

(သူမ) အသက္ဆက္ရွင္ႏိုင္ဖို႔ လိုအပ္ေနတဲ့ ေက်ာက္ ကပ္ ေပးၿပီး လက္ထပ္ခြင့္ ေတာင္းခဲ့ ေပမဲ့လည္း အဆုံးသတ္ မလွခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္ ဝင္သာဖတ္ၾကည့္လိုက္ေတာ့ လူတိုင္းက အရမ္းခ်စ္ရသူနဲ႔ ဆုံစည္းခြင့္ရဖို႔ မည္သည့္အရာကိုမွ တုန္လႈပ္ေၾကာက္လန႔္ျခင္းမ်ိဳးမရွိေတာ့ဘဲ ၊ မ်က္ကန္းအခ်စ္လို ျဖစ္ေနၾကတာပါ ။

ဒီတစ္ေခါက္ေဖာ္ျပမဲ့ Simon Louis အမည္ရွိတဲ့အမ်ိဳးသားဟာလည္း ႏွစ္အေတာ္ၾကာ ခ်စ္ျမတ္ႏိုးခဲ့ရတဲ့ အမ်ိဳးသမီးကို ေက်ာက္ကပ္ေပးလႉၿပီးေနာက္ လက္ထပ္ခြင့္ေတာင္းခဲ့ေပမဲ့လည္း ျငင္းပယ္ျခင္းခံခဲ့ရပါတယ္ ။ Simon Louis နဲ႔ Mary Emmanuella တို႔ဟာ လန္ဒန္မွာရွိတဲ့ ကလပ္တစ္ခုမွာ ပထမဆုံးအႀကိမ္ဆုံစည္းခဲ့ၾကတာပါ ။

အဆိုပါအခ်ိန္တုန္းက ႏွစ္ေယာက္သား အနမ္းေပးခဲ့ဖူးၾကေပမဲ့လည္း ၊ ေရွ႕ဆက္ခဲ့ျခင္းမရွိဘဲ သူငယ္ခ်င္းအေနနဲ႔သာ အဆက္အဆံလုပ္ခဲ့ၾကတာပါ ။ Simon က Mary ကို တစ္ဖက္သတ္ခ်စ္ေနခဲ့ၿပီး ေခ်ာကလပ္ နဲ႔ ပန္းစည္းေတြ ပို႔ခဲ့ေပမဲ့ Mary က အဆိုပါလက္ေဆာင္ေတြကို သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔သာ လက္ခံေပးခဲ့တာပါ ။ အဆိုပါအခ်ိန္တုန္းက Mary ဟာ သူမရဲ႕ 8 ႏွစ္အ႐ြယ္ သားေလးကို ျပဳစုပ်ိဳးေထာင္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး မည္သည့္အရာကိုမွ အခ်ိန္မေပးႏိုင္တဲ့သူျဖစ္ခဲ့ပါတယ္ ။

သူမရဲ႕သားေလး အသက္ 21 ႏွစ္အ႐ြယ္ေရာက္လာခဲ့တဲ့တစ္ရက္မွာေတာ့ Mary ဟာ သူမရဲ႕ေနအိမ္မွာ မူးေမ့လဲေနခဲ့တာပါ ။ သားျဖစ္သူက ေဆး႐ုံသို႔အလ်င္ အျမန္ေခၚေဆာင္သြားၿပီး စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူမရဲ႕ေက်ာက္ကပ္ဟာ လုံးဝပ်က္စီးေနၿပီး ေနာက္ ဆုံး အေျခအေနျဖစ္ေနကာ ၊ ေက်ာက္ကပ္အစားထိုးမွ ေအာင္ျမင္ႏိုင္မဲ့အခ်ိန္မ်ိဳးျဖစ္ေနခဲ့ပါတယ္ ။ သူမရဲ႕ ေသြးအမ်ိဳးအစားကလည္း B-negative ျဖစ္ေနခဲ့လို႔ အလႉရွင္ရွာဖို႔ အေတာ္ေလးကိုခက္ခဲေနခဲ့တာပါ ။

အဲ့အခ်ိန္မွာပဲ Simon က စစ္ေဆးမႈေတြလက္ခံခဲ့ၿပီး ေနာက္ဆုံး Mary အတြက္ ေက်ာက္ကပ္အစားထိုးေပးဖို႔ အံကိုက္ခဲ့သူျဖစ္ခဲ့ပါတယ္ ။ေအာင္ျမင္စြာနဲ႔ သူ႔ရဲ႕ ေက်ာက္ကပ္ကို Mary ထံ လြဲေျပာင္းေပးႏိုင္ခဲ့ပါတယ္ ။

မၾကာခင္မွာပဲ Simon က Mary ကိုလက္ထပ္ခြင့္ေတာင္းေပမဲ့ Mary က သူငယ္ခ်င္းတစ္ေယာက္လိုသာ သတ္မွတ္ထားလို႔ဆိုၿပီး Simon ကို ျငင္းခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း Simon ကေတာ့ ကိုယ္ခ်စ္ရတဲ့သူကို အသက္ရွင္ခြင့္ရႏိုင္တဲ့ လက္ေဆာင္မ်ိဳးေပးႏိုင္ခဲ့လို႔ ေနာင္တမရရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ c r d