ကုလမင်းကြီး ဘက်လိုက်သည်ဟု စစ်ကောင်စီစွပ်စွဲ အပြစ်တင်

မြန်မာနိုင်ငံတွင် ဘေးဒုက္ခများဆက်လက်ဖြစ်ပွားမည့်အခြေအနေရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Ms. Michelle Bachelet က ဇွန်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကတော့ အဆိုပါထုတ်ပြန်ချက်သည် မှန်ကန်ပြည့်စုံမှုမရှိဘဲ ဘက်လိုက်မှုများရှိနေကြောင်း ၎င်းတို့၏ဝါဒဖြန့်သတင်းစာများ၏ ရှေ့မျက်နှာဖုံးတွင်ဖော်ပြအပြစ်တင်ခဲ့သည်။

ကုလမင်းကြီးက မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများ၊စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများအတွင်း တပ်မတော်ကဝင်ရောက်တပ်စွဲခြင်း၊ စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများအတွင်း အဆိုပါနေရာများအားပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့် သတင်းဖြစ်ရပ်သက်သေများကို လက်ခံရရှိထားပြီး အဆိုပါနေရာများကို ကာကွယ်စောင့်ရှောက်ပေးကြရန် ထုတ်ပြန်ချက်တွင်တောင်းဆိုထားသည်။

စစ်ကောင်စီကတော့ ထိုထုတ်ပြန်ချက်သည် ပြည်သူများတပ်မတော်အပေါ် အထင်အမြင်လွဲမှားစေပြီး စာသင်ကျောင်းများတိုက်ခိုက်ခံရမှုတွင် NUG နှင့် CRPH ဦးဆောင်သည့်အဖွဲ့က ကျုးလွန်ခြင်းဖြစ်ကြောင်းစွပ်စွဲပြောဆိုထားသည်။

ကုလမင်းကြီးအနေဖြင့် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဌာန်ကျကျဆောင်ရွက်ရန် စစ်ကောင်စီကထုတ်ပြန်ချက်တွင်ကြေငြာလိုက်ပြီး ယင်းသည် UNICEF ကို ပညာရှင်ပီသရန် အပြစ်တင်ပြီးနောက် ကုလတာဝန်ရှိသူများကို ဒုတိယမ္ပိအပြစ်တင်ဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။

Zawgyi

ျမန္မာႏိုင္ငံတြင္ ေဘးဒုကၡမ်ားဆက္လက္ျဖစ္ပြားမည့္အေျခအေနရွိေၾကာင္း ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး Ms. Michelle Bachelet က ဇြန္လ ၁၁ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

စစ္ေကာင္စီကေတာ့ အဆိုပါထုတ္ျပန္ခ်က္သည္ မွန္ကန္ျပည့္စုံမႈမရွိဘဲ ဘက္လိုက္မႈမ်ားရွိေနေၾကာင္း ၎တို႔၏ဝါဒျဖန႔္သတင္းစာမ်ား၏ ေရွ႕မ်က္ႏွာဖုံးတြင္ေဖာ္ျပအျပစ္တင္ခဲ့သည္။

ကုလမင္းႀကီးက ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ ေဆး႐ုံမ်ား၊စာသင္ေက်ာင္းမ်ားႏွင့္ ဘာသာေရးအေဆာက္အဦးမ်ားအတြင္း တပ္မေတာ္ကဝင္ေရာက္တပ္စြဲျခင္း၊ စစ္ဘက္ဆိုင္ရာလုပ္ေဆာင္မႈမ်ားအတြင္း အဆိုပါေနရာမ်ားအားပစ္ခတ္ျခင္းႏွင့္ ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ခဲ့သည့္ သတင္းျဖစ္ရပ္သက္ေသမ်ားကို လက္ခံရရွိထားၿပီး အဆိုပါေနရာမ်ားကို ကာကြယ္ေစာင့္ေရွာက္ေပးၾကရန္ ထုတ္ျပန္ခ်က္တြင္ေတာင္းဆိုထားသည္။

စစ္ေကာင္စီကေတာ့ ထိုထုတ္ျပန္ခ်က္သည္ ျပည္သူမ်ားတပ္မေတာ္အေပၚ အထင္အျမင္လြဲမွားေစၿပီး စာသင္ေက်ာင္းမ်ားတိုက္ခိုက္ခံရမႈတြင္ NUG ႏွင့္ CRPH ဦးေဆာင္သည့္အဖြဲ႕က က်ဳးလြန္ျခင္းျဖစ္ေၾကာင္းစြပ္စြဲေျပာဆိုထားသည္။

ကုလမင္းႀကီးအေနျဖင့္ ဘက္လိုက္မႈမရွိဘဲ ဓမၼဓိဌာန္က်က်ေဆာင္႐ြက္ရန္ စစ္ေကာင္စီကထုတ္ျပန္ခ်က္တြင္ေၾကျငာလိုက္ၿပီး ယင္းသည္ UNICEF ကို ပညာရွင္ပီသရန္ အျပစ္တင္ၿပီးေနာက္ ကုလတာဝန္ရွိသူမ်ားကို ဒုတိယမၸိအျပစ္တင္ေဝဖန္လိုက္ျခင္းလည္းျဖစ္သည္။