ကိုဗစ်ကြောင့် အထိနာခဲ့ရတဲ့ AirAsia ရဲ့ Founder အိမ်ထုတ်ရောင်း

Tony Fernandes ကတော့ AirAsia လေကြောင်းလိုင်းရဲ့ Founder ပါ။ အသက် ၅၆ နှစ်ရှိနေတဲ့ Tony Fernandes ကတော့ကိုဗစ်ကြောင့်ဒုက္ခရောက်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတွေထဲကတစ်ယောက်ပါ။ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းကအထိဆုံးဖြစ်တာကြောင့် ဒီကပ်ဘေးကိုတောင့်ခံနိုင်ဖို့ Tony Fernandes ကတော့ သူတက်နိုင်သမျှကြိုးစားနေပါတယ်။

အခုဆိုရင်တော့ စကော့တလန်၊ Ayrshire မှာရှိတဲ့သူ့ရဲ့အိမ်ကြီးကို ထုတ်ရောင်းလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ malaymail နဲ့ straitstimes တို့မှာ ဖော်ပြထားတာပါ။ လေကြောင်းလိုင်းတွေ ကမ္ဘာတစ်ဝန်းမှာလုံး၀ရာနှုန်းပြည့်နီးပါးလောက်အထိကို ပိတ်သိမ်းထားရပါတယ်။

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ Tony Fernandes ကတော့သူ့အိမ်ကြီးကို ပေါင် ၂.၅ သန်းနဲ့ထုတ်ရောင်းဖို့လုပ်နေပါတယ်။ အိမ်ကြီးကတော့ ၁၈ ရာစုလောက်တုန်းကအိမ်ကြီးဖြစ်ပြီး Skeldon House လို့လူသိများပါတယ်။ အိမ်ကြီးမှာတော့ Suite နှစ်ခန်းအပါအဝင် အိပ်ခန်းငါးခန်းပါရှိပါတယ်။ ဒါ့အပြင်တင်းနစ်ကစားကွင်း၊ဝိုင်ခန်း၊ရေနွေးငွေ့ ချွေးထုတ် ခန်းတို့ပါပါရှိပါတယ်။ အောက်တိုဘာ ၁ ရက်နေ့တည်းက ရောင်းမယ်ဆိုပြီးကြေညာထားတာပါ။

Mr Fernandes ကတော့အရင်တုန်းက Queens Park Rangers ဘောလုံးအသင်းရဲ့ပိုင်ရှင်ဟောင်းဖြစ်ပြီး Skeldon House မှာ ၇ နှစ်လောက် နေလာခဲ့တဲ့ သူပါ။ ကိုဗစ်ကြောင့်ခရီးသွားကဏ္ဍကအခြေအနေမကောင်းတာကြောင့် မလေးရှားဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်တဲ့ AirAsia ကတော့မတ်လတည်းကစပြီး food delivery စီးပွားရေးကိုစတင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ တုန်းက Fernandes ရဲ့ IG မှာ အစားအသောက်တွေပို့ဖို့အသင့်ဖြစ်နေပြီဆိုတဲ့ Caption နဲ့အတူပုံတင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်းဒီဇင်ဘာ ၁ ရက်နေ့က နေ ၂၅ ရက်နေ့အထိ AirAsia food delivery အဖြစ်အားဖြည့်ပါဝင်ပေးဖို့အစီအစဉ်ရှိပါတယ်။

Zawgyi

Tony Fernandes ကေတာ့ AirAsia ေလေၾကာင္းလိုင္းရဲ႕ Founder ပါ။ အသက္ ၅၆ ႏွစ္ရွိေနတဲ့ Tony Fernandes ကေတာ့ကိုဗစ္ေၾကာင့္ဒုကၡေရာက္ေနရတဲ့ စီးပြားေရးလုပ္ငန္းရွင္သူေဌးႀကီးေတြထဲကတစ္ေယာက္ပါ။ ကပ္ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းကအထိဆုံးျဖစ္တာေၾကာင့္ ဒီကပ္ေဘးကိုေတာင့္ခံႏိုင္ဖို႔ Tony Fernandes ကေတာ့ သူတက္ႏိုင္သမွ်ႀကိဳးစားေနပါတယ္။

အခုဆိုရင္ေတာ့ စေကာ့တလန္၊ Ayrshire မွာရွိတဲ့သူ႔ရဲ႕အိမ္ႀကီးကို ထုတ္ေရာင္းလိုက္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ malaymail နဲ႔ straitstimes တို႔မွာ ေဖာ္ျပထားတာပါ။ ေလေၾကာင္းလိုင္းေတြ ကမာၻတစ္ဝန္းမွာလုံး၀ရာႏႈန္းျပည့္နီးပါးေလာက္အထိကို ပိတ္သိမ္းထားရပါတယ္။ ဒီအခက္အခဲေတြကိုေျဖရွင္းဖို႔ Tony Fernandes ကေတာ့သူ႔အိမ္ႀကီးကို ေပါင္ ၂.၅ သန္းနဲ႔ထုတ္ေရာင္းဖို႔လုပ္ေနပါတယ္။ အိမ္ႀကီးကေတာ့ ၁၈ ရာစုေလာက္တုန္းကအိမ္ႀကီးျဖစ္ၿပီး Skeldon House လို႔လူသိမ်ားပါတယ္။ အိမ္ႀကီးမွာေတာ့ Suite ႏွစ္ခန္းအပါအဝင္ အိပ္ခန္းငါးခန္းပါရွိပါတယ္။ ဒါ့အျပင္တင္းနစ္ကစားကြင္း၊ဝိုင္ခန္း၊ေရေႏြးေငြ႕ ေခြၽးထုတ္ ခန္းတို႔ပါပါရွိပါတယ္။ ေအာက္တိုဘာ ၁ ရက္ေန႔တည္းက ေရာင္းမယ္ဆိုၿပီးေၾကညာထားတာပါ။

Mr Fernandes ကေတာ့အရင္တုန္းက Queens Park Rangers ေဘာလုံးအသင္းရဲ႕ပိုင္ရွင္ေဟာင္းျဖစ္ၿပီး Skeldon House မွာ ၇ ႏွစ္ေလာက္ ေနလာခဲ့တဲ့ သူပါ။ ကိုဗစ္ေၾကာင့္ခရီးသြားက႑ကအေျခအေနမေကာင္းတာေၾကာင့္ မေလးရွားဘတ္ဂ်က္ေလေၾကာင္းလိုင္း ျဖစ္တဲ့ AirAsia ကေတာ့မတ္လတည္းကစၿပီး food delivery စီးပြားေရးကိုစတင္ခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၃ တုန္းက Fernandes ရဲ႕ IG မွာ အစားအေသာက္ေတြပို႔ဖို႔အသင့္ျဖစ္ေနၿပီဆိုတဲ့ Caption နဲ႔အတူပုံတင္ခဲ့ပါတယ္။ သူကိုယ္တိုင္လည္းဒီဇင္ဘာ ၁ ရက္ေန႔က ေန ၂၅ ရက္ေန႔အထိ AirAsia food delivery အျဖစ္အားျဖည့္ပါဝင္ေပးဖို႔အစီအစဥ္ရွိပါတယ္။