ကိုဗစ်ကာကွယ်ဆေးဈေးနှုန်း

အရင်ဆုံး ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အကြမ်းဖျင်းဈေးနှုန်းကိုပြောမယ်။ ပြီးမှသယ်ယူပို့ဆောင်ရမယ့် အပူချိန်ကိုပြောမယ်။ Moderna ရဲ့ mRNA ကာကွယ်ဆေးက တစ်လုံးကို အမေရိကန်ဒေါ်လာ $37 ကျမယ်။ အကြမ်းဖျင်းမြန်မာငွေ 50000 လောက်ရှိမယ်။ ၂၈ ရက်ခွာပြီးနောက် တစ်လုံးထပ်ထိုးရမယ်ဆိုတော့ နှစ်လုံးကို မြန်မာငွေ ၁ သိန်းလောက်ကျမယ်။ အဲ့ဒါက public sector price (အစိုးရေဈး) အတြက္လား private sector price (ပုဂၢလိကေဈး) အတြက္လားမသိဘူး။

ဘာဖြစ်လို့ဒီလိုထည့်ပြောရသလဲဆိုရင် Merck ရဲ့ HPV ကာကွယ်ဆေးဆိုရင် အမေရိကန်အစိုးရ CDC ကဝယ်ယူတဲ့ဈေး public sector price (အစိုးရဈေး) က အမေရိကန်ဒေါ်လာ ၁၀၀ ရှိတယ်။ အပြင်မှာရောင်းဈေး private sector price က အမေရိကန်ဒေါ်လာ ၁၅၀ ရှိတယ်။ စင်ကာပူမှာနည်းနည်းလေးဈေးပိုတယ်။

ဒါကြောင့် Gardasil 9 ကိုစင်ကာပူမှာ လူတစ်ယောက်အတွက်နှစ်လုံးထိုးတုန်းက စင်ကာပူဒေါ်လာ ၆၀၀ စွန်းစွန်းကျခဲ့တယ်။ နမူနာထပ်ပြောရရင် Pfizer ရဲ့ Meningococcal Group B ကာကွယ်ဆေးက အစိုးရဈေးကဒေါ်လာ ၉၀ လောက်ရှိပြီး ပုဂ္ဂလိကဈေးကဒေါ်လာ ၁၅၀ ရှိတယ်။ သို့သော် Sanofi ရဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကျတော့ အစိုးရဈေးနဲ့အပြင်ကဈေးနဲ့ ၅ ဒေါ်လာလောက်ပဲကွာတယ်။

အဲ့ဒီတော့လောလောဆယ် Moderna ရဲ့ ကိုဗစ်ကာကွယ်ဆေးက သူတို့ပြောထားတဲ့ကုမ္ပဏီဈေးနဲ့ဆို မြန်မာငွေ ၁ သိန်းလောက်ကျမယ်။ ( လူတစ်ယောက် ဆေးနှစ်လုံးစာကို)
Pfizer က အမေရိကန်အစိုးရနဲ့စာချုပ်ချုပ်တုန်းက နှစ်လုံးကို 39 ဒေါ်လာနဲ့ စာချုပ်ချုပ်ခဲ့တယ်။ Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုစားရိတ် (manufacturing cost) က $15 ရှိတယ်လို့ပြောတယ်။ Pfizer ဟာ $40 (လူတစ်ယောက်စာအတွက် ဆေးနှစ်လုံးကို မြန်မာငွေ ၅၀၀၀၀ ကျော်) နဲ့ ရောင်းပေးမယ်လို့ဆိုထားတယ်။

Oxford/AstraZeneca က ဥရောပသမဂ္ဂနဲ့ စာချုပ်ချုပ်တုန်းက တစ်လုံးကိုအများဆုံး $4 နဲ့ရောင်းမယ်လို့ဆိုတယ်။ ဒါဆိုရင်လူတစ်ယောက်စာ ဆေးနှစ်လုံးကို အများဆုံး မြန်မာငွေ ၁၀၀၀၀ လောက်ကျမယ်။ သိပ်မကြာခင်ထွက်လာနိုင်တဲ့ Johnson ရဲ့ကာကွယ်ဆေးက $10 ကျမယ်ပြောတယ်။ သူကတစ်လုံးပဲထိုးဖို့လိုအပ်တာမို့ မြန်မာငွေ ၁၃၀၀၀ လောက်နဲ့ပြီးသွားမယ်။

တရုတ်ပြည်က Sinovac ရဲ့ CoronaVac က နှစ်လုံးကို $60 (မြန်မာငွေ ၈၀၀၀၀) နီးပါးကျမယ်ပြောထားတယ်။ ထပ်ဈေးကျနိုင်တယ်။ အရင်ကတရုတ်ကာကွယ်ဆေးတွေက ၂ သိန်းလောက်ကျမယ်အော်ခဲ့တာ။ ဒီနေရာမှာအရေးကြီးတာက မိုက်ခရိုဆော့သူဌေးကြီး Bill Gates ပဲ။ Mr Gates က ဆင်းရဲတဲ့နိုင်ငံတွေကို ချမ်းသာတဲ့နိုင်ငံတွေက စားရိတ်မျှပေးပြီး ကာကွယ်ဆေးတစ်လုံးကို $3 ထက်မပိုတဲ့ဈေးနဲ့ ရောင်းပေးဖို့ဆော်ဩထားတယ်။

တစ်လုံးကိုမြန်မာငွေ ၄၀၀၀ ထက်မပိုတဲ့ဈေးနဲ့ ရောင်းပေးဖို့များတယ်။ Mr Gates က ဆေးကုမ္ပဏီက CEO တွေကို ဒီအချိန်ဟာလူသားကောင်းကျိုးအတွက်ကြည့်ရမယ့်အလိုအပ်ဆုံးအချိန်ပဲ ( exonomic benefits ထက် human benefits ကိုကြည့်ကြပါလို့) ရှင်းပြပြီး ဆော်ဩခဲ့တာဖြစ်တယ်။ အရေးအကြီးဆုံးက Pfizer တို့ Moderna တို့ဟာ ကာကွယ်ဆေးဈေးကောင်းရအောင် အချိန်ဆွဲရောင်းတယ်ဆိုတဲ့ စကားတွေကိုမယုံကြည်မိကြဖို့ပဲ။

သူတို့သာဈေးကောင်းလိုချင်ရင် ဈေးကွက်ကိုလက်ဝါးကြီးအုပ်ချင်ရင် တရုတ်က ၂ သိန်းအော်နေကတည်းက သူတို့ထုတ်ရောင်းနေပြီ။ တရုတ်က ၂ သိန်းအချိန်မှာ သူတို့ဆေးကို ၃ သိန်းပေးဖို့ ဝန်လေးကြမှာမဟုတ်ဘူး။ အဓိကက လူသားဆန်စွာနဲ့ ကာကွယ်ဆေးတကယ်ဘေးကင်းအောင်ရယ် အာနိသင်ထက်မြက်အောင်ရယ် သိပ္ပံနည်းကျစောင့်ကြည့်မှုတွေ လုပ်နေရလို့ကြာနေတာ။ အဲ့ဒါ Denmark က သားမွေးမြွေပါကိစ္စနဲ့လည်း ဘာမှမဆိုင်ဘူး။ (အဲ့ဒီမြွေပါကိစ္စအကြောင်းကိုရေးပေးပါ့မယ်)

အဓိကက positive event ရလဒ်ကို သေချာအောင်စောင့်ကြည့်ရတာ။ အရင်ရက်တွေကတည်းက သူတို့ဘယ်တော့လောက် ရလဒ်ထုတ်ပြန်မယ်ဆိုတာ သတင်းကြိုထွက်ပြီးသား။ ပြီးတော့သူတို့ရဲ့စမ်းသပ်မှုကို ပြင်ပကလွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးတဲ့အဖွဲ့ကို အပ်ထားရတာ။ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေနဲ့ လူသားကောင်းကျိုးအတွက်ကြိုးပမ်းနေတဲ့ ကာကွယ်ဆေးကုမ္ပဏီကြီးတွေကို မစော်ကားသင့်ဘူး။ သတင်းအမှားတွေကိုလာလာမေးကြလို့ ပြန်ဖြေရှင်းပေးနေရတာလည်းအလုပ်တစ်ခုပဲ။

အဲ့ဒီတော့ COVAX အစီအစဉ်အရ ဈေးသက်သာစွာဝယ်ယူခွင့်ရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာပါတဲ့အတွက် ကျနော်တို့အတွက်အရမ်းဈေးကြီးမှာမဟုတ်ဘူး။ ကိုယ်တတ်နိုင်လို့ အပြင်ကဆေးကုမ္ပဏီကြီးတွေကနေမှာပြီးထိုးတာတော့တစ်မျိုးပေါ့။ ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်လုပ်သူ အိန္ဒိယရဲ့ Serum Institute က Chief Executive ဖြစ်သူ Adar Poonawalla ကပြောပြီးသား သူတို့ကအမြတ်ကိုပါးပါးလေးပဲယူပြီး တစ်လုံးကိုအမေရိကန်ဒေါ်လာ ၃ ဒေါ်လာပဲကျအောင်ထုတ်ရောင်းပါမယ်တဲ့။

အခုကာကွယ်ဆေးသိုလှောင်ရမယ့် အပူချိန်ကိုဆက်ပြောမယ်
Moderna ရဲ့ကာကွယ်ဆေးက – 20 degree Celsius မှာ ၆ လအထိအသိမ်းခံတယ်။ မြန်မာတပြည်လုံးကိုပို့ဖို့ – 20 C သိုလှောင်နိုင်တဲ့ ကားကြီးတွေရှိတဲ့ ကို Ye Min တို့လိုလူတွေကလည်း လိုအပ်ရင်ကူညီဖို့အသင့်ပဲဆိုတာ ကျနော်တို့သိထားတယ်။ Moderna ရဲ့ကာကွယ်ဆေး အောင်မြင်လို့ပျော်ရတာက သူ့ရဲ့ mRNA-1273 ကာကွယ်ဆေးက 2 ကနေ 8 degree Celsius (ပုံမှန်ရေခဲသေတ္တာ) ထဲမှာရက် (၃၀) အထိထားလို့ရတယ်။ အဲ့ဒီလောက်ဆိုရင်ကို ကျနော်တို့အတွက်လုံလောက်နေပါပြီ။ တိုက်နယ်ဆေးရုံတွေအတွက်အဆင်ပြေသွားမှာပါ။

Pfizer ရဲ့ကာကွယ်ဆေးကျတော့ (-70 သို့မဟုတ် -80) degree Celsius မှာ သိုလှောင်သယ်ယူရမယ်။ Thermal shipping box ထဲမှာ (၁၅) ရက်ခံတယ်။ Pfizer က အဲ့လိုခရီဆောင်အိတ်အရွယ် Thermal shipping box တွေပြင်ဆင်ထားတယ်ပြောတယ်။ အခဲကနေအရည်ပျော်ပြီးနောက် ရိုးရိုးရေခဲသေတ္တာထဲမှာ (၅) ရက်အထိခံတယ်ပြောတယ်။ အဲ့ဒါဆိုရင် ရန်ကုန်-မန္တလေးလိုမြို့ကြီးတွေမှာ အဆင်ပြေလောက်တယ်။ နယ်မြို့တွေအတွက်ခက်မယ်။ တိုက်နယ်ဆေးရုံတွေအတွက်မမျှော်လင့်ဘူး။

Oxford /AstraZeneca ရဲ့ကာကွယ်ဆေး AZD1222 က သာမန်ရေခဲသေတ္တာအပူချိန်မှာ သိမ်းဆည်းသိုလှောင်လို့ရတယ်။ အဲ့ဒီတော့ကျနော်တို့အတွက် အရမ်းအဆင်ပြေမယ်။ ရုရှားရဲ့ Sputnik V က – 18 degree C လိုတယ်။ တရုတ် SinoVac ကလည်း သာမန်ရေခဲသေတ္တာအပူချိန်မှာ သိမ်းဆည်းသိုလှောင်လို့ရတယ်။ ရေခဲသေတ္တာကောင်းရင် ၃ နှစ်လောက်အသိမ်းခံတယ်လို့ပြောတယ်။

SinoVac ရဲ့ CoronaVac ဟာ Phase 3 Trial ဒေတာစုံစုလင်လင်ရယ် manufacturing standard ဒေတာစုံစုံလင်လင်ရယ်တင်ပြနိုင်ရင် နိုင်ငံတကာမှာဝယ်သုံးကြမှာ။ ကျနော့်ပြဿနာက တရုတ်ကပစ္စည်းဘယ်လောက်ကောင်းကောင်း manufacturing practice ကိုစိတ်ပူတာပဲ။ ကာကွယ်ဆေးလိုမျိုးမှာ သူတို့ surprise inspection အဝင်ခံနိုင်ဖို့လိုတယ်။

သဘောက FDA ကိုနမူနာ sample တင်တဲ့ဆေးနဲ့ အမြောက်အများထုတ်နေတဲ့ဆေး အရည်အသွေးမကွာရဘူး။ ကျနော်တို့ တရုတ်မှာရှောင်တခင်ဝင်စစ်ရင် failed ဖြစ်တာများလို့မယုံရဲတာ။ မယုံတာမဟုတ်ဘူး။ အရည်အသွေးကောင်းပါတယ်ဆိုတဲ့စက်ရုံ ကျနော်ဝင်စစ်ပြမယ်။ ဒါကကိုယ်လုပ်ခဲ့တာမို့ ကိုယ်ပြောရဲတာ။

အခုလောက်ဆိုရင် ကာကွယ်ဆေးတွေရဲ့ အကြမ်းဖျင်းဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရမယ့်အပူချိန်ကို သိလောက်ပြီလို့ထင်ပါတယ်။ စတော့ရှယ်ယာဈေးဘက်ကပြောရင် Moderna ရဲ့ကာကွယ်ဆေးအောင်မြင်တယ်လည်းဆိုရော Moderna ရဲ့ရှယ်ယာက 8% တက်သွားတယ်၊ ပြီးခဲ့တဲ့တစ်ပတ်လုံးဟော့နေတဲ့ Pfizer ရဲ့ရှယ်ယာက 4.3 % ကျသွားတယ် BioNTech ရဲ့ရှယ်ယာက 16.4 % ကျသွားတယ် Oxford ကာကွယ်ဆေးကိုထုတ်တဲ့ AstraZeneca ရဲ့ရှယ်ယာက 1 % ကျသွားတယ်။

Richard Myo Thant
17-November-2020