ကားခမတတ်နိုင်လို့ စကိတ်စီးကျောင်းတက်ခဲ့တဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် မလေးရှားနိုင်ငံမှာ ရွှေတံဆိပ် ၄ ဆု ရရှိ

မလေးရှားစကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ယောက်ဟာ မီတာ ၈၀၀ ပြိုင်ပွဲနဲ့ မီတာ ၂၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၄ ခုကို ဆွတ်ခူးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းက ပြောပါတယ်။

“ဒီ Game ဟာ stamina အဓိကပွဲဖြစ်တာကြောင့် ကားခ တနေ့ ၈၀၀ ကျပ် မတတ်နိုင်လို့ နေ့စဉ်စကိတ်စီး ကျောင်းတတ်တဲ့အကျိုးက ဒီပွဲမှာ ခွန်အားအဖြစ်ပြောင်းပေးလိုက်တာပါပဲ။” လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစား အသင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ( Melaka Open Skate Challenge 2022 ) စကိတ်ပြိုင်ပွဲကို မလက္ကာမြို့၊ ထွန်းဘာတီမာ ကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံက ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

အဲ့ဒီပြိုင်ပွဲကို မြန်မာကိုယ်စားပြု လှိုင်သာယာ သူရဲကောင်းလေးများ အသင်းက မောင်နှစ်မနှစ်ယောက်ဖြစ်တဲ့ မောင်အင်အား (၁၃ နှစ်) နဲ့ မမေခွန်အား (၁၂ နှစ်) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးမှာတော့ ရွှေတံဆိပ်ဆု ၄ ခုအထိ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

သူတို့ မောင်နှစ်မနှစ်ယောက်ဟာ မီတာ ၂၀၀ ပြိုင်ပွဲ မှာ ရွှေတံဆိပ်ဆု ၂ ခုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် မီတာ ၄၀၀ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားခဲ့ပေမယ့် ယှဉ်ပြိုင်မဲ့အဖွဲ့ဝင်တွေ မတက်ရောက်နိုင်တာကြောင့် မီတာ ၈၀၀ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒိုင်တွေရဲ့ ပြောဆိုမှုကို လက်ခံပြီး ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ရွှေတံဆိပ် ၂ ခုကို ထပ်မံဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စကိတ်စီးအားကစား အသင်းကလည်း ဖိနပ်ကအစ ငွေကြေးအဆုံးအထိ ထောက်ပံ့ပေးခဲ့တဲ့ ဥက္ကဌကြီးနဲ့ တစ်ကွ သက်ဆိုင်သူအားလုံးအပါအဝင် မောင်အင်အား/ မေခွန်အား တို့ကို ချစ်ခင်တဲ့ သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

Credit ; ဝလုံး

Zawgyi

မေလးရွားစကိတ္ၿပိဳင္ပြဲမွာ အသက္ ၁၅ ႏွစ္ေအာက္ ျမန္မာကစားသမား ၂ ေယာက္ဟာ မီတာ ၈၀၀ ၿပိဳင္ပြဲနဲ႔ မီတာ ၂၀၀ ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆု ၄ ခုကို ဆြတ္ခူးရရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံ စကိတ္စီးအားကစားအသင္းက ေျပာပါတယ္။

“ဒီ Game ဟာ stamina အဓိကပြဲျဖစ္တာေၾကာင့္ ကားခ တေန႔ ၈၀၀ က်ပ္ မတတ္ႏိုင္လို႔ ေန႔စဥ္စကိတ္စီး ေက်ာင္းတတ္တဲ့အက်ိဳးက ဒီပြဲမွာ ခြန္အားအျဖစ္ေျပာင္းေပးလိုက္တာပါပဲ။” လို႔ ျမန္မာႏိုင္ငံ စကိတ္စီးအားကစား အသင္းက ေျပာပါတယ္။

မေလးရွားႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ( Melaka Open Skate Challenge 2022 ) စကိတ္ၿပိဳင္ပြဲကို မလကၠာၿမိဳ႕၊ ထြန္းဘာတီမာ ကြင္းမွာ က်င္းပခဲ့တာျဖစ္ၿပီး ျမန္မာ၊ အိႏၵိယ၊ စကၤာပူ၊ မေလးရွား နဲ႔ အင္ဒိုနီးရွားႏိုင္ငံက ကစားသမားေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရပါတယ္။

အဲ့ဒီၿပိဳင္ပြဲကို ျမန္မာကိုယ္စားျပဳ လႈိင္သာယာ သူရဲေကာင္းေလးမ်ား အသင္းက ေမာင္ႏွစ္မႏွစ္ေယာက္ျဖစ္တဲ့ ေမာင္အင္အား (၁၃ ႏွစ္) နဲ႔ မေမခြန္အား (၁၂ ႏွစ္) တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၿပိဳင္ပြဲအၿပီးမွာေတာ့ ေ႐ႊတံဆိပ္ဆု ၄ ခုအထိ ဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္။

သူတို႔ ေမာင္ႏွစ္မႏွစ္ေယာက္ဟာ မီတာ ၂၀၀ ၿပိဳင္ပြဲ မွာ ေ႐ႊတံဆိပ္ဆု ၂ ခုကို ဆြတ္ခူးရရွိခဲ့ၿပီးေနာက္ မီတာ ၄၀၀ ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ စာရင္းေပးထားခဲ့ေပမယ့္ ယွဥ္ၿပိဳင္မဲ့အဖြဲ႕ဝင္ေတြ မတက္ေရာက္ႏိုင္တာေၾကာင့္ မီတာ ၈၀၀ ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဒိုင္ေတြရဲ႕ ေျပာဆိုမႈကို လက္ခံၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ရာကေန ေ႐ႊတံဆိပ္ ၂ ခုကို ထပ္မံဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ စကိတ္စီးအားကစား အသင္းကလည္း ဖိနပ္ကအစ ေငြေၾကးအဆုံးအထိ ေထာက္ပံ့ေပးခဲ့တဲ့ ဥကၠဌႀကီးနဲ႔ တစ္ကြ သက္ဆိုင္သူအားလုံးအပါအဝင္ ေမာင္အင္အား/ ေမခြန္အား တို႔ကို ခ်စ္ခင္တဲ့ သူ အားလုံးကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Credit ; ဝလုံး