ကာကွယ်ဆေးဝယ်ဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျပ်(၁)ဘီလီယံလှူဒါန်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပြည်တွင်း၊ ပြည်ပက စေတနာရှင်တွေ စုပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ဝယ်ဖို့အတွက် တတိယအကြိမ်အဖြစ် စုစုပေါင်း ကျပ်သိန်း(၁)သောင်းကျော်(၁-ဘီလီယံကျော်) လှူဒါန်းလိုက်တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဒီနေ့ ဇန်နဝါရီလ(၂၀)ရက်မှာ ထုတ်ပြန်ပါတယ်။

လှူဒါန်းငွေတွေကတော့ ကျပ်သိန်း(၁)သောင်းတိတိ၊ အမေရိကန်ဒေါ်လာ(၂၅၆၃၃)၊ စင်္ကာပူဒေါ်လာ(၁၂၆၈၀)၊ သြစတြေးလျဒေါ်လာ(၁၅၀၀)၊ ဟောင်ကောင်ဒေါ်လာ(၂၇၂၀)၊ မကာအိုငွေ(၁၂၀)တို့ကို ရန်ကုန်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူဆီ ဒီနေ့ လွှဲပြောင်းလိုက်တာလို့ သိရပါတယ်။

ပြည်တွင်း၊ ပြည်ပက စေတနာရှင် အလှူရှင်တွေရဲ့ ပထမအကြိမ် စုပေါင်းအလှူငွေ ကျပ်သိန်း(၂)ထောင်ကို ဇန်နဝါရီလ(၁၂)ရက်လှူဒါန်းခဲ့ပြီး၊ ဒုတိယအကြိမ် လှူဒါန်းငွေ ကျပ်သိန်း(၃)ထောင်ကို ဇန်နဝါရီလ(၁၅)ရက်နေ့က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံကိုရောက်ရင်တော့ တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်း (၁)သိန်း (၁)သောင်းကျော်ကို အရင်ဆုံး ဆေးထိုးပေးသွားမယ်လို့ သိရပါတယ်။ အဲဒီကာကွယ်ဆေးဟာ လူတစ်ယောက်ကို နှစ်လုံးထိုးနှံပေးရမှာဖြစ်ပါတယ်။

အိန္ဒိယက ဝယ်ယူမယ့် Covid Shield ဆေးအလုံးရေ သန်း(၃၀)ကို ဝယ်ယူဖို့ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်က လက်မှတ်ထိုးထားပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့က ကုန်အမှာစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

Crd

Zawgyi

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ ျပည္တြင္း၊ ျပည္ပက ေစတနာရွင္ေတြ စုေပါင္းၿပီး ကိုဗစ္ကာကြယ္ေဆး ဝယ္ဖို႔အတြက္ တတိယအႀကိမ္အျဖစ္ စုစုေပါင္း က်ပ္သိန္း(၁)ေသာင္းေက်ာ္(၁-ဘီလီယံေက်ာ္) လႉဒါန္းလိုက္တယ္လို႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ဒီေန႔ ဇန္နဝါရီလ(၂၀)ရက္မွာ ထုတ္ျပန္ပါတယ္။

လႉဒါန္းေငြေတြကေတာ့ က်ပ္သိန္း(၁)ေသာင္းတိတိ၊ အေမရိကန္ေဒၚလာ(၂၅၆၃၃)၊ စကၤာပူေဒၚလာ(၁၂၆၈၀)၊ ၾသစေၾတးလ်ေဒၚလာ(၁၅၀၀)၊ ေဟာင္ေကာင္ေဒၚလာ(၂၇၂၀)၊ မကာအိုေငြ(၁၂၀)တို႔ကို ရန္ကုန္ၿမိဳ႕ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္ရဲ႕ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးမင္းသူဆီ ဒီေန႔ လႊဲေျပာင္းလိုက္တာလို႔ သိရပါတယ္။

ျပည္တြင္း၊ ျပည္ပက ေစတနာရွင္ အလႉရွင္ေတြရဲ႕ ပထမအႀကိမ္ စုေပါင္းအလႉေငြ က်ပ္သိန္း(၂)ေထာင္ကို ဇန္နဝါရီလ(၁၂)ရက္လႉဒါန္းခဲ့ၿပီး၊ ဒုတိယအႀကိမ္ လႉဒါန္းေငြ က်ပ္သိန္း(၃)ေထာင္ကို ဇန္နဝါရီလ(၁၅)ရက္ေန႔က လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယကထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆး ျမန္မာႏိုင္ငံကိုေရာက္ရင္ေတာ့ တစ္ႏိုင္ငံလုံးက က်န္းမာေရးဝန္ထမ္း (၁)သိန္း (၁)ေသာင္းေက်ာ္ကို အရင္ဆုံး ေဆးထိုးေပးသြားမယ္လို႔ သိရပါတယ္။ အဲဒီကာကြယ္ေဆးဟာ လူတစ္ေယာက္ကို ႏွစ္လုံးထိုးႏွံေပးရမွာျဖစ္ပါတယ္။

အိႏၵိယက ဝယ္ယူမယ့္ Covid Shield ေဆးအလုံးေရ သန္း(၃၀)ကို ဝယ္ယူဖို႔ အိႏၵိယ-ျမန္မာႏွစ္ႏိုင္ငံၾကား ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ(၂၄)ရက္က လက္မွတ္ထိုးထားၿပီး ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ(၅)ရက္ေန႔က ကုန္အမွာစာ ေပးပို႔ထားတယ္လို႔ သိရပါတယ္။

Crd